ကာရာဘောင် ဖလားပွဲမှာ အက်စတွန် ဗီလာ အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့နောက် အသင်းဖော်တစ်ဦးရဲ့ အရည််အသွေးတွေကို ချီးကျူးလိုက်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ Round 3 မှာ အက်စတွန် ဗီလာ အသင်းကို 4 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့နောက် အသင်းဖော် အဲရစ်ဆင် ကို ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ကာရာဘောင်ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ် မြေမှာ အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင််း သွင်းဂိုးတွေနဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ဦးဆောင်ခွင့်တွေကို အက်စတွန် ဗီလာ အသင်းကပဲ ရယူသွားနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်း စတင််ပြီး မကြာမီမှာ အက်စတွန် ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် က အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မိနစ်ပိုင်း အကြာမှာပဲ မာရှယ် က ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ဘိုင်လီ ရဲ့ ခေါင်းတိုက်ချက်က ဒါးလော့ နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာကြောင့် ယူနိုက်တက်တို့ နောက်က ပြန်လိုက် ကစားခဲ့ရပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့ က မကြာမီမှာပဲ ပြန်လည် ချေပသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် လူစားဝင် ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ဘရူနို နဲ့ တော်မီနေးတို့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချို က ဒုတိယပိုင်း လူစားဝင် ကစားပေးခဲ့ပြီး အနိုင်ဂိုး နှစ်ဂိုးလုံးကို ဖန်တီးပေးခဲ့တာက လူပြောများခဲ့ပြီး ချီးကျူးမှုတွေကို ရရှိစေနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့ကတော့ ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ အဲရစ်ဆင်ကို အမွှမ်းတင် သွားခဲ့လိုက်ပါတယ် ။

” ပထမပိုင်းမှာတော့ ကျွန်တော်တို့ ဘောလုံးကိုင် ကစားပုံ မကောင်းခဲ့ဘူးလို့ ထင်မိပါတယ် ။ ကျွန်တော်တို့ သူတို့တွေကို အခွင့်အရေး အများကြီး ပေးခဲ့ကြရပါတယ် ။ ဒါဟာ အရင်တုန်းက ပွဲလို ဖြစ်ခဲ့ရပြန်ပါတယ် ။ ဒုတိယပိုင်းကတော့ ပိုပြီး ကောင်းမွန်ခဲ့ပါတယ် ”

” ကျွန်တော်တို့ဟာ ယုံကြည်မှုအပြည့်နဲ့ ကစားရင်း အခွင့်အရေးကောင်းတွေ ဖန်တီးထားနိုင်ခဲ့ပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ကြပါတယ် ။ သူတို့တွေဖက်ကလည်း ဖိအားပေး ကစားခဲ့ကြတဲ့ အတွက် ကျွန်တော်တို့ဖက်ကလည်း စုပေါင်း ခုခံခဲ့ကြရပါတယ် ”

” ကျွန်တော်တို့ ပေးဂိုးပေးခဲ့ရတဲ့ နှစ်ကြိမ်လုံးမှာ အမြန်ဆုံး ပြန်လည် တုန့်ပြန်နိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ဒီအတွက် ခွန်အားအပြည့်နဲ့ ကစားခဲ့ကြရပါတယ် ။ ကျွန်တော််တို့ နောက်ကနေ လိုက်ကစားရတာက ခက်ခဲတယ်လေ ။ ဒါပေမဲ့ အမြန်ဆုံး တုန့်ပြန်နိုင်တာက ယုံကြည်မှုတွေပေးပါတယ် ”

” ကျွန်တော့်ရဲ့ သွင်းဂိုးမှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ် ။ အဲ့ဒီမှာ တည်ငြိမ်မှုတွေ ပါဝင််နေခဲ့ရပါတယ် ။ ကွင်းထဲမှာ အမြန်ပြေးတဲ့ ကစားသမား အတွက် ဘောလုံးကိုင် ကစားပြီး အဲ့ဒီအချိန်ကို လျော့ချပေးရင်း ဘောလုံး အရောက်ပေးပို့နိုင်သူ ရှိနေဖို့ လိုအပ်လှပါတယ် ”

” ကျွန်တော်တို့ အသင်း ဘောလုံးကိုင် ကစားတိုင်း သူတို့အတွက် ရွေးချယ်ခွင့်တွေ ရှိနေဖို့ အရေးကြီးလှပါတယ် ။ ကျွန်တော်တို့ လှုပ်ရှားလေလေ ၊ သူ့အတွက် ပေးပို့မှု လုပ်ရတာ လွယ်လေလေပါပဲ ။ သူက ထိပ်တန်း ကစားသမား တစ်ဦးပါပဲ ။ ကျွန်တော်ဟာ ပွဲမတိုင်မီ အင်္ဂလန် အသင်းရဲ့ ခေါ်ယူမှုကို ရရှိခဲ့ပါတယ် ”

” ဒါပေမဲ့ ကျွန်တော့်ရဲ့ အာရုံတွေက မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ်မှာပဲ ရှိနေခဲ့ပါတယ် ။ ကျွန်တော် ဒီအသင်းအတွက် ခြေစွမ်းပြနိုင်မှ အင်္ဂလန် အသင်းက ခေါ်မှာလေ ။ အခုလို အသင်းအတွက် ပြန်လည် ကစားခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar