အဲရစ် တန်ဟတ်ရဲ့ ခေါ်ယူမှုတွေကို ချီးကျူးလိုက်ပြီး အသင််းအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုကို ထုတ်ပြောလိုက်တဲ့ အန်သိုနီ မာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ် ကတော့ နည်းပြသစ် အဲရစ် တန်ဟတ်် နွေစျေးကွက်တုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ အကျိုး သက်ရောက်မှုတွေကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက တိုင်ရယ် မာလာစီယာ ၊ ခရစ္စတီယံ အဲရစ်ဆင် ၊ လီဆန်ဒရို မာတီနက်ဇ် ၊ ကာဆီမီရို ၊ မာတင် ဒူဘရက်ကာ နဲ့ အန်တိုနီ တို့ကို ခေါ်ယူနိုင်ရေး အတွက် ပေါင် သန်း 220 ကျော် သုံးစွဲခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် ဂိုးသမားသစ် ဖြစ်တဲ့ ဒူဘရက်ကာ တစ်ဦးထဲ ပွဲထွက် ကစားခွင့် မရရှိခဲ့သေးတာဖြစ််ပြီး ကျန်တဲ့ ကစားသမားတွေကတော့ အလျင်းသင့်သလိို အသင်းအတွက် ပွဲထွက် ကစားပေးရင်း ပုံစံကောင်းတွေ ကိုယ်စီ ပြသထားနိုင်ခဲ့ကြပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ အဲရစ် တန်ဟတ် က နောက််ထပ် တိုက်စစ်ကစားသမား (ကော်ဒီ ဂတ်ပို) ကို ခေါ်ယူလိုချင်နေပေမဲ့ မားကပ်စ် ရပ်ရှ်ဖို့ အပါအဝင် အသင်း ရဲ့ တိုက်စစ် ကစားသမားတွေ တစ်စထက် တစ်စ တိုးတက် လာခဲ့ကြတာက အဟန့်အတား ဖြစ်လာနိုင်ပါတယ် ။

အခုတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 5 ပွဲ ကစားပြီး 3 ဂိုးသွင်း ၊ 2 ဂိုး ဖန်တီးထားနိုင်ခဲ့တဲ့ အန်သိုနီ မာရှယ်က ကစားသမားသစ်တွေကို ချီးကျူးရင်း ပွဲထွက် ကစားခွင့်အတွက် တိုက်ပွဲဝင်ရမယ့်သူတွေ ရှိနေတာက အသင်းကို ကောင်းစေလိမ့်မယ်လို့ ပြောခဲ့လိုက််ပါတယ် ။

” ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ကျွန်တော်တို့ဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှု အချို့ကို လုပ်ဆောင်ထားနိုင်ခဲ့ကြ ပါတယ် ။ သူတို့ဟာ အသင်းထဲ ကောင်းကောင်း အံဝင်နိုင်ခဲ့ကြပြီး သူတို့တွေကို ပိုင်ဆိုင်ထားရတဲ့ အတွက် ပျော်ရွှင်နေကြပါတယ် ”

” အသင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိနေရင် ခင်ဗျားဟာလည်း နေရာ တစ်ခု မြဲနိုင်ဖို့ အတွက် ခမ်းနားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ကြိုးစား အားထုတ်ရမှာပါပဲ ။ အဲ့တာက အသင်းအတွက် တကယ့်ကို ကောင်းမွန်လှပါတယ် ” လို့ မာရှယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ အဲရစ်ဆင် ၊ မာတီနက်ဇ် ၊ ကာဆီမီရို နဲ့ အန်တိုနီ တို့ဟာ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဦးစားပေး ပွဲထွက်ခွင့် ရရှိတဲ့ ကစားသမားတွေ ဖြစ်နေခဲ့ရပါတယ် ။ ဒါပေမဲ့ တိုင််ရယ် မာလာစီယာ ကတော့ လုခ်ရှော ကြောင့် အခက်တွေ့နေခဲ့ရပါတယ် ။

#Sports_Myanmar