ဘာစီလိုနာနဲ့ ကစားရမယ့် play off ပွဲအကြောင်းကို မေ့ထားလိုက်ဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်တဲ့ ကာဆီမီရို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားဖြစ်သူ ကာဆီမီရို က ဖေဖော်ဝါရီလမှာ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ယူရို ပါလိဂ် play off ပွဲစဥ် 2 ပွဲ အကြောင်းကို ခေါင်းထဲက ထုတ်လိုက်ဖို့ အသင််းဖော်တွေကို တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ ပွဲစဥ် 6 ပွဲ ကစားပြီးတဲ့နောက် အဆင့် 2 နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ချန်ပီယံလိဂ်မှ ဆင်းလာတဲ့ အသင်းနဲ့ play off ကစားရမှာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ဘာစီလိုနာ အသင်းဟာလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှ ပြုတ်လာခဲ့တဲ့နောက် ယူရို ပါလိဂ် ပြိုင်ပွဲမှ အဆင့် 2 ဖြစ်ခဲ့တဲ့ အသင်းနဲ့ play off ကစားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အခုတော့ မဲခွဲရလဒ် အရ ယူနိုက်တက် နဲ့ ဘာကာ တို့ ရင်ဆိုင်ရပါတော့မယ် ။

ဒါဟာ လာလီဂါ ပြိုင်ပွဲကြီးမှာ ရီးယဲ မက်ဒရစ် အသင်းအတွက် နှစ်တွေ အကြာကြီး ကစားပေးခဲ့တဲ့ ကာဆီမီရို အတွက်တော့ အဓိက ပြိုင်ဘက်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာ အသင်းနဲ့ ပြန်လည် ရင်ဆိုင်် ကစားရမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပွဲစဥ် နှစ်ကျော့ကို ဖေဖော်ဝါရီလမှာ ကစားရမှာ ဖြစ်တာကြောင့် ယူနိုက်တက် ကွင်းလယ်လူ ကာဆီမီရိုက အဆိုပါ ပွဲစဥ်အကြောင်း တွေးတောမနေပဲ လာမယ့် ပွဲစဥ် အကြောင်းကိုသာ ခေါင်းထဲ ထည့်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဘာစီလိုနာ အသင်းကို ကောင်းကောင်းသိပါတယ် ။ သူတို့ဟာ အသင်းကြီး တစ်သင်း ဖြစ်ကြောင်းလည်း သိပါတယ် ။ ဒါပေမဲ့ ပွဲစဥ် ကစားရဖို့ အဝေးကြီး လိုပါသေးတယ် ။ ကျွန်တော်တို့ ဒီပွဲအကြောင်း တွေးနေဖို့ မလိုပါဘူး ။ လာမယ့် ပွဲအပေါ်ပဲ အာရုံစိုက်ရမှာပါ ”

” အဲ့ဒီပွဲမတိုင်ခင် အရှေ့မှာ ကျွန်တော်တို့ ကစားကြရမယ့် ပွဲစဥ်တွေ အများကြီး ရှိနေပါသေးတယ် ။ ပြီးရင် ဒီကြားထဲ အသင်းတွေ ဘယ်လို ကစားကြသလဲဆိုတာကို ကျွန်တော်တို့ လေ့လာရဦးမှာပါ ။ ပြိုင်ဖက်ကောင်းနဲ့ ရင််ဆိုင်ရတာက ကျွန်တော်တို့ လိုချင်တဲ့ အရာပဲလေ ”

” ဒါက တကယ့်ကို ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားမယ်ဆိုတာကို ကျွန်တော်တို့ သိကြပါတယ် ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ ပွဲစဥ်အကြောင််းကို အချိန်ပေးပြီး အများကြီး တွေးတောမနေသင့်ဖူးလို့ ထင်မိပါတယ် ” လို့ ကာဆီမီရို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar