ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်ပြီး ဒီရာသီ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကြုံးဝါးမှုတစ်ခု ပြုလုပ်လိုက်တဲ့ ရပ်ရှ်ဖို့

 

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ခက်ခဲတဲ့ ဘောလုံံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့နောက် ခြေစွမ်းကောင်း ပြန်လည် ပြသနိုင်ဖို့ အတွက် အရာရာကို ပြောင်းလဲပစ်ခဲ့ရကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ပွဲထွက် ကစားပေးခဲ့ကတည်းက နှစ်စဥ်နှစ်တိုင်းလိုလို ပုံစံကောင်း ပြသထားနိုင်ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ဟာ 2021 – 22 ဘောလုံး ရာသီမှာတော့ ဒဏ်ရာ ပြသနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး 5 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ရပ်ရှ်ဖို့ ရဲ့ အနာဂတ် မန်ချက်စတာမှာ ဆက်ရှိမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူဟာ ဒီမှာပဲ ဆက်ရှိနေခဲ့ပြီး ရာသီသစ်မှာ အသင်းအတွက် ပြိုင်ပွဲစုံ 17 ပွဲ ကစားပေးထားခဲ့ပြီး ကိုယ်တိုင် 7 ဂိုးသွင်း ၊ 3 ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါပြီ ။

အခုတော့ ရပ်ရှ်ဖို့ဟာ အရင်နီးပါးကောင်းတဲ့ ပုံစံကောင်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပါပြီ ။ အခုတော့ ယူနိုက်တက် တရားဝင် ဝက်ဘ်ဆိုက်မှာ ဒန်နီ ဝက်ဘာ နဲ့ အမေးအဖြေ လုပ်ခဲ့ရာမှာတော့ ရပ်ရှ်ဖို့ က ပုံစံကောင်း ပြန်လည် ပြသနိုင်ခြင်းရဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပြီး ပွဲစဥ်တိုင််းကို အစွမ်းကုန် ကစားနိုင်ရင် ဘယ်အသင်းကိုမှ စိုးရိမ်စရာ မလိုဘူးလို့ ကြုံးဝါးခဲ့လိုက်ပါတယ် ။

” အဓိက လိုအပ်နေခဲ့တာက အချိန်လို့ပဲ ထင်မိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အနားယူလို လိုအပ်ခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော် ရုပ်ပိုင်းဆိုင်ရာ အရ အနားယူဖို့ လိုအပ်ခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာကတော့ 2 ပါတ်လောက် အနားယူတာ၊ ဒါမှမဟုတ် အရာရာပြောင်းလဲလိုက်တာမျိုး လုပ်ခဲ့ရပါတယ် ”

” အဲ့တာကို ကျွန်တော် အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေက အမြဲတမ်း အလုပ်များသူတွေ ဖြစ်ခဲ့ရပြီး တစ်ခုမဟုတ် တစ်ခုလုပ်ဖို့ အမြဲတမ်း ရှေးရှုနေခဲ့ကြရလို့လေ ။ ကျွန်တော််တို့ တစ်ခုမဟုတ် တစ်ခု လုပ်နေခဲ့ရတာချည်းပါပဲ ”

” ကျွန်တော် အဲ့တာတွေ လုပ်ဖို့ လိုအပ်ခဲ့လား ဆိုတာကို တကယ်ပဲ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အားလပ်ရက်တွေ ကုန်ဆုံးလို့ အသင်းဆီ ပြန်လာတဲ့အခါမှာတော့ ကျွန််တော့် ဦးနှောက်ထဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့ရပါတယ် ။ ဒါကို အရိုးသားဆုံး ဝန်ခံတာပါ ။ အခုလို ဖြစ်လာနိုင်ဖို့ အရာရာ ပြောင်းလဲခဲ့ရပါတယ် ”

” ကျွန်တော်က ဆုဖလား အကြီးကြီးတွေကို ဆွတ်ခူးချင်ပါတယ် ။ ကျွန်တော်ဟာ အသင်း အတွက် ဖိုင်နယ်ပွဲတွေမှာ ကစားပေးခွင့် ရရှိခဲ့တဲ့အတွက် ၊ ဆုဖလားတွေ ဆွတ််ခူးပေးနိုင်ခွင့် ရရှိခဲ့တဲ့အတွက် အရမ်းကို ကံကောင်းတယ်လို့ ခံစားရပါတယ် ”

” ကျွန်တော် ဖလားအနည်းငယ် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့တာထက် ပိုပြီး ကြီးကျယ်တဲ့ ဆုဖလားတွေကိုလည်း ဆွတ်ခူးချင်ပါသေးတယ် ။ ကျွန်တော် ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးချင်ပါတယ် ။ ဒါပေမဲ့ ဒီတိုင်း ရုတ်ချည်း အဲ့တာတွေကို ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်လို့လဲ မရနိုင်ပါဘူး ”

” ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ယှဥ်ပြိုင် ကစားနိုင်စွမ်း ရှိတယ်ဆိုတာကို ပြသထားနိုင်ခဲ့ကြပါတယ် ။ ဒီအတွက် ခြွေကစားလို့ မရဘူးဆိုတာလည်း သိထားကြပါတယ် ။ အဲ့ဒီအတွက် ဟန်ချက််ညီတဲ့ အသင်းကို ပိုင်ဆိုင်ဖို့ စွမ်းဆောင်ရည် တည်ငြိမ််ဖို့ လိုအပ်ပါသေးတယ် ”

” ကျွန်တော်ကတော့ အသင်းဖော်တွေ ဝန်ထမ်းတွေနဲ့ မန််နေဂျာတို့အပေါ် ယုံကြည်မှုအပြည့်ရှိပါတယ် ။ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိသလောက် ကွင်းထဲမှာ လုပ်ပြနိုင်မယ်ဆိုရင် ဘယ်အသင်းကိုမှ စိုးရိမ်စရာ လိုနေမှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ တွေးတောထားပါတယ် ”

” ကျွန်တော်တို့ အစွမ်းကုန် ကစားနိုင်မယ်ဆိုရင် သရေ ၊ အရှုံး ရလဒ်တွေ ထွက်ပေါ်ခဲ့တာထက် ပိုပြီး နိုင်ပွဲတွေကို ရယူနိုင်ပါလိမ့်မယ် ။ အခုတော့ ကျွန်တော်ဟာ နိုင်ပွဲတွေ ရဖို့ပဲ အာရုံစိုက််နေပါတယ် ” လို့ ရပ်ရှ်ဖို့ က ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar