ဘာစီလိုနာ အသင်းနဲ့ play-off အဆင့်မှာ တွေ့ဆုံရတာက ဘယ်လို အကျိုးကျေးဇူးဖြစ်စေမလဲဆိုတာ ပြောပြလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် ကတော့ ယူရို ပါလိဂ် play off ဒုတိယ အကျော့ကို အိုးလ် ထရပ်ဖို့ဒ် မှာ ကစားရမယ် ဆိုတာက သူတို့တွေ အတွက််တော့ ကြီးမားတဲ့ အကျိုးကျေးဇူး ဖြစ်ထွန်းစေလိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပွဲစဥ် 6 ပွဲ ကစားပြီးတဲ့နောက် အဆင့် 2 နေရာ နဲ့ ဇာတ်သိမ်းခဲ့ရတဲ့ အတွက် ချန်ပီယံလိဂ်မှ ဆင်းလာတဲ့ အသင်းနဲ့ play off ကစားရဖို့ အကြောင်းဖန်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ချန်ပီယံလိဂ်မှ ဆင်းခဲ့တဲ့ အသင််းတွေ အနက် အသင်းကြီးတွေ အများကြီး ပါဝင်နေခဲ့တာကြောင့် နောက်တစ်ဆင့်ဟာ ယူနိုက်တက်တို့အတွက် လွယ်ကူစေမှာ မဟုတ်ဘူးလို့ အများစုက တွေးတောထားခဲဲ့ကြပါတယ် ။

တကယ်တမ်း play off အတွက် မဲခွဲခဲ့ရာမှာလည်း ယူနိုက်တက်တို့ အတွက် အခြေမနေ သိပ်မကောင်းခဲ့ရပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်မှာ ယူနိုက်တက်တို့ ဆုံတွေ့ရမှာပါ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့တဲ့ အသင်းတွေအနက်် အင်အား အကြီးဆုံးဖြစ်တဲ့ ဘာစီလိုနာ ဖြစ်နေလို့ပါပဲ ။

ယူနိုက်တက်တို့ဟာ လာမယ့် ဖေဖော်ဝါရီလ 17 ရက်​နေ့မှာ နူးကမ့် ကွင်းထဲ ဘာစီလိုနာ အသင်းနဲ့ ပထမအကျော့ ကစားရမှာ ဖြစ်ပြီး ဖေဖော်ဝါရီ 24 မှာတော့ အိုးလ် ထရပ်ဖို့ဒ် မှာ ဘာစီလိုနာ အသင်းကို ဒုတိယ အကျော့ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အဆုံးအဖြတ်ပွဲဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ရင််ဆိုင်ရမှာ ဖြစ်တဲ့ အတွက် ယူနိုက်တက်တို့ဟာ ပရိသတ်အားနဲ့ ပြိုင်ဖက်ကို ရင်ဆိုင်ခွင့်ရပါလိမ့်မယ် ။ အဲ့တာကပဲ အသင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး တစ်ခုပဲလို့ ဖရက်ဒ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဘာစီလိုနာ ဆိုတာ ခမ်းနားတဲ့ အသင်း တစ်သင်း ဖြစ်မှန်း ကျွန်တော်တို့ သိနှင့်ပြီးသားပါ ။ ဒီပွဲက လွယ်ကူသွားမှာ မဟုတ်ပါဘူး ။ ပြီးတော့ ဒီ ယူရို ပါလိဂ် ပြိုင်ပွဲကြီးမှာ လွယ်ကူတဲ့ ပွဲစဥ်ဆိုတာလည်း မရှိဘူးလေ ။ ကျွန်တော်တို့ ဘာစီလိုနာ နဲ့ ကစားရဖို့ မဲကျခဲ့ပါတယ် ”

” ဒီပွဲက ခမ်းနားတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားမှာပါ ။ အဲ့ဒီ ပွဲအတွက် ကျွန်တော်တို့ အသင့်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ် ။ ကစားသမားတွေဆိုတာက ဒီလို ကြီးကျယ်တဲ့ ပွဲစဥ်တွေ ကစားရတာ နှစ်သက်ကြတယ်လေ ။ ဒီပွဲအတွက်် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားကြမှာပါ ”

” ကောင်းမွန်တဲ့ စိတ်ဓါတ် ခံယူချက်နဲ့အတူ နောက်တစ်ဆင့် တက်နိုင်ဖို့ ကြိုးစားကြမှာပါ ။ ကျွန်တော်တို့ကွင်းက အနောက်မှာ အားပေးနေကြတဲ့ ပရိသတ်တွေကြောင့် တကယ့်ကို ခမ််းနားတဲ့ အငွေ့အသက်ရှိ ရှိနေခဲ့တာပါ ။ ပြီးခဲ့တဲ့ ရာသီ အနည်းငယ်က ကျွန်တော်တို့ အကောင်းဆုံးပုံစံ မပြနိုင်ခဲ့ကြဘူးလေ ”

” ဒါပေမဲ့ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အနောက်မှာ အမြဲဲတမ်း မားမားမတ်မတ် ရှိနေခဲ့ကြပါတယ် ။ ဘာစီလိုနာ နဲ့ ပွဲစဥ်မှာလည်း သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အနားမှာ အားပေးဖို့ အသင့်ရှိနေကြမယ်လို့ ကျွန်တော် ယုံကြည်နေမိပါတယ် ”

” သူတို့ဟာ ကျွန်တော်တို့ကို နိုင်ပွဲရရှိအောင် ခွန်အားတွေ ပေးဆောင်နိုင်လိမ့်မယ်လို့ ထင်မိပါတယ် ။ ဒါ့ကြောင့် ပရိိသတ်တွေ ရှေ့မှောက်မှာ အဆုံးအဖြတ်ပွဲကစားပြီး ရလဒ်ကောင်း ရှာဖွေနိုင်ရေးက တကယ့်ကို အရေးကြီးပါတယ် ” လို့ ဖရက်ဒ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar