ချဲလ်ဆီး မန်ယူနိုက်တက် ဘရိုက်တန်တို့ အမှတ်လျော့ခဲ့ကြပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က လီဗာပူး နဲ့ တော့တင်ဟမ် တို့ဟာ ဒီရာသီမှာ top 4 ၀င်နိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး ကတော့ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်မယ့် အန္တရာယ် ရှိနေတယ်လို့ သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် နဲ့ မန်စီးတီး တို့ဟာ ထိပ်ဆုံးနေရာ အတွက် ဆက်လက် ယှဉ်ပြိုင်နေကြပြီး အဆင့် ၃ နေရာက နယူးကာဆယ် နဲ့ အဆင့် ၁၀ နေရာက ခရစ်စတယ်ပဲလေ့စ် တို့ကြား ရမှတ် ကွာဟမှုကတော့ ၈ မှတ်ပဲ ရှိနေပါတယ်။

စပါးဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် နောက်ဆုံး ၄ ပွဲမှာ လီဗာပူးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် ၃ ပွဲထိ ရှုံးထားခဲ့ကာ စပါးရဲ့ top 4 ၀င်ခွင့်နဲ့ ပက်သက်ပြီး သံသယတွေ များလာခဲ့ပါတယ်။ မန်ယူနိုက်တက်သာ ဗီလာကို နိုင်ခဲ့မယ် ဆိုရင် Top 4 ထဲ ၀င်သွားမှာ ဖြစ်ပေမယ့် သရဲနီ တို့ဟာ အူနိုင်းအမ်မရီရဲ့ အသင်းကို ၃-၁ နဲ့ ရှုံးသွားခဲ့ပါတယ်။

ချဲလ်ဆီး ကလည်း ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် ဘရိုက်တန် နဲ့ အာဆင်နယ် တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် တဖြည်းဖြည်း လျှောကျလာခဲ့ပြီး လက်ရှိ အဆင့် ၇ နေရာကို ရောက်နေပါတယ်။

လီဗာပူးကတော့ ပြီးခဲ့တဲ့ weekend က စပါးကို နိုင်ခဲ့တာကြောင့် top 4 မျှော်လင့်ချက်က ပြန်လည် အားကောင်းလာခဲ့ပါတယ်။ လီဗာပူးတို့ ဒီရာသီမှာ ခြေစွမ်း မတည်ငြိမ်မှုတွေ ရှိထားခဲ့ပေမယ့်လည်း ဆူးနက်က သူ့ရဲ့ အသင်းဟောင်းဟာ စပါး အာဆင်နယ် မန်စီးတီး တို့နဲ့ အတူ top 4 ၀င်ခွင့် ရသွားမှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဆူးနက်က “ကျွန်တော်ကတော့ လီဗာပူးကော တော့တင်ဟမ်ပါ top 4 ၀င်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်ဖို့ အန္တရာယ် ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ သူတို့ ဘယ်လို လုပ်သွားမလဲ ဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါ့ကြောင့် ဒါဟာ ကျွန်တော့်ရဲ့ Top 4 ခန့်မှန်းချက် ဖြစ်လာမှာပါ။ တော့တင်ဟမ်ဟာ သူတို့ရဲ့ ခံစစ် အသားပေး တန်ပြန်တိုက်စစ် ကစားပုံနဲ့ နိုင်ပွဲတွေ ဆက်လက် ရယူနိုင်မှာပါ။ အန်တိုနီယိုကွန်တီဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ top 4 ၀င်အောင် အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ပါတယ်။

သူဟာ အရမ်းကို အတွေ့အကြုံ များပြားတဲ့ နည်းပြ ဖြစ်ပြီး ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ကိုယ်သိပါတယ်။ အကယ်၍ သူဟာ လက်တွေ့ကျတဲ့ လမ်းကြောင်းကို ရွေးချယ်မယ် ဆိုရင်လည်း သူ့ကို ယုံကြည်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ စပါး ပရိတ်သတ်တွေကို ပေးခဲ့တဲ့ မက်ခ်ျကောင်း ဖြစ်လာနိုင်ပါတယ်။ စပါးဟာ ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ကိုယ်သိတဲ့ နည်းပြကို ပိ်ုင်ဆိုင်ထားပါတယ်။ ကျွန်တော် ကတော့ သူဟာ ဒီအလုပ် အတွက် အမှန်ကန်ဆုံး နည်းပြလို့ ကျွန်တော် ထင်ပါတယ်။ သူ စပါးမှာ ကောင်းကောင်း လုပ်နိုင်ပါတယ်။” လို ဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမည့် ကမ္ဘာဖလား ပြိုင်ပွဲမတိုင်မီ နောက်ထပ် round of fixture တစ်ခုကို ကစားသွားရမှာ ဖြစ်ပါတယ်။

SM