ကစားသမား 8 ဦးအထိ ရောင်းချပြီး ပေါင် သန်း 90 လောက် ရှာဖွေကာ တန်ဟတ်အတွက် ငွေရှာပေးခွင့် ရှိနေတဲ့ ယူနိုက်တက်

ဒီရာသီ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ အကြီိးမားဆုံး အောင်မြင်မှုကို ပြောရမယ်ဆိုရင် သူခေါ်ယူခဲ့တဲ့ ကစားသမားတွေ အကောင်းဆုံး အံဝင်နိုင်ခဲ့တာလို့ပဲ ပြောဖို့ ရှိနေပါသေးတယ် ။ အဲရစ် တန်ဟတ်ဟာ နွေတုန်းက သူလိုချင်ခဲ့တဲ့ ကစားသမားတွေ ရရှိနိုင်ဖို့ စံချိန်တင် ငွေသုံးစွဲခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဲရစ် တန်ဟတ် မရောက်ခင်အထိ အပြောင်းအရွှေ့စျေးကွက် တစ်ခုအတွင််းမှာ အများဆုံး ပေါင်သန်း 150 အထိပဲ သုံးစွဲထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ တန်ဟတ် လက်အောက်မှာတော့ ယူနိုက်တက်တို့ ကစားသမား 5 ဦး ခေါ်ယူဖို့ ပေါင် 225.4 သန်း အထိ သုံးစွဲထားခဲ့ကြပါတယ် ။

ဒါပေမဲ့ စျေးကွက်ထဲမှာ အထွက် ကစားသမားတွေဟာ အလွတ် ၊ အငှားချည်း ဖြစ်နေခဲ့တာကြောင့် ဝင်ငွေဟာမရှိသလောက် ဖြစ်ခဲ့ရပါတယ် ။ အခြားတဖက်မှာတော့ သူ့ကို လာမယ့် ရာသီမှာ အသင်းဖက်က ငွေတွေ အများကြီး ထုတ်ပေးဖို့ မရှိဘူးဆိုတဲ့ လေသံတွေလည်း ထွက်ပေါ်နေခဲ့ပါသေးတယ် ။

ဒါပေမဲ့ တန်တဟ် ဖက်ကတော့ အဲ့တာကို သဘောတူဖို့ ရှိမနေပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းကို ပြန်လည်် တည်ဆောက်လိုနေတဲ့ အဲရစ် တန်ဟတ် ဟာ နောက်ထပ်် ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ ရှိနေသေးလို့ပါပဲ ။ ဒီလို လုပ်ရခြင်းရဲ့ အကြောင်းအရင်းက အသင်းမှာ ပွဲထွက်စာရင််းအပြင် အရန်လူစာရင်းပါ တောင့်တင်းဖို့ လိုလို့ပါပဲ ။

ဒီအတွက် ငွေတွေ ရရှိဖို့ အကောင်းဆုံးသော နည်းလမ်းက လက်ရှိ အသင်းမှာ အံမဝင်နိုင် ဖြစ်နေကြတဲ့ အသင််းသား အချို့ကို ရောင်းထုတ်ရေးပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာ ယူနိုက်တက်ကနေ ရောင်းထုတ်လို့ ပေါင် သန်း 90 လောက် ရနိုင်တဲ့ ကစားသမား တစ်စု ရှိနေခဲ့ပါတယ် ။

အဲ့ဒီထဲမှာ ရေပန်းအစားဆုံး ၊ စျေးအကြီးဆုံးက နော်တင််ဟမ် ဖောရက်စ် အသင်းမှာ ကစားနေတဲ့ ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် ပဲ ဖြစ်ပါတယ် ။ လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် လက်အောက်မှာ ပွဲထွက်ခွင့် မရရင် အရင်ဆုံး ထွက်ခွားသွားနိုင်တာပဲ သူပဲ ဖြစ်ပြီး သူ့အတွက်် ယူနိုက်တက်တို့ ပေါင်သန်း 30 အထိရနိုင်ပါတယ် ။

ယူနိုက်တက်တို့ဟာ ညာနောက်ခံလူ တစ်ဦး လိုချင်နေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒီအတွက် အရောင်းခံရဖို့ ရေပန်းအစားဆုံးက အာရွန် ဝမ် ဘစ်ဆာကာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တစ််ခု ရောက်မလာသေးပါဘူး ။ ဒီအချိန် သူ့ကို ရောင်းရင်တော့ ပေါင် 15 သန်း လောက်ပဲ ရဖို့ ရှိနေပါတယ် ။

နောက်ထပ် ပေါင် 15 သန်း ရနိုင်ခြေရှိတဲ့ ကစားသမား ကတော့ ခြေစွမ်းမပြနိုင်သေးတဲ့ ဒွန်နီ ဗန်ဒီ ဘိခ်ပဲ ဖြစ်ပါတယ် ။ အဲရစ် တန်ဟတ်ဟာ ဒဏ်ရာမှ သက်သာလာခဲ့တဲ့ တပည့်ဟောင်းကို ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ကစားခွင့် ရရှိစေနိုင်ဖို့ အခွင့်အရေး ဖွင့်ပေးခဲ့ပေမဲ့ နယ်သာလန်သားက အခုထိ ခြေစွမ်းညံ့နေဆဲ ဖြစ်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ နောက်ခံလူ အဲရစ် ဘိုင်လီကို ပေါင် 5 သန်းနဲ့ ရောင်းထုတ်ဖို့ မာဆေးလ် အသင်းနဲ့ ကြိိုတင်သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သိခဲ့ရပါတယ် ။ ဒါ့အပြင် ဆီဗီလာ အသင်းမှာ သွားရောက်ပြီး ကစားနေခဲ့တဲ့ အဲလက်စ် တဲလက်စ် အတွက် ပေါင် သန်း 10 လောက် ရဖို့ ရှိနေပါတယ် ။

ဒါ့အပြင် အသင်းမှာ နေရာရနိုင်ဖို့ မရှိတဲ့ ဘရန်ဒန် ဝီလီယံ ကိုလည်း ပေါင် သန်း 10 နဲ့ ရောင်းလို့ ရနိုင်ပါတယ် ။ ယူနိုက်တက်တို့ဟာ လာမယ့် ရာသီမှာ နောက်ခံံလူ ဖီးလ် ဂျုံးစ် နဲ့ အဲလက်စ် တဲလက်စ် တို့ကို အလွတ် ဆုံးရှုံးသွားဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်ဖက်မှ သူတို့ကို တစ်နှစ် စာချုပ် သက်တမ်း တိုးမြှင့်လို့ ရနိုင်ပါသေးတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့သာ အဆိုပါ ကစားသမား 8 ဦးကို ရောင်းထုတ်နိုင်ခဲ့ရင် ပေါင်သန်း 90 လောက် ရနိုင်မှာ အသေအချာပါပဲ ။ ဒီလိုသာဆိုရင် အသင်းဖက်ကပါ ငွေတွေ အများကြီး ထုတ်မပေးရပဲ နည်းပြ တန်ဟတ် ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar