ကစားသမား နှစ်ဦးသာ ဒဏ်ရာ ရသွားရင် အာဆင်နယ် အသင်း ကျဆင်းသွားလိမ့်မယ်လို ဆိုတဲ့ ဖာဒီနန်

 

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဂျေးဇု နဲ့ ဆာလီဘာ တို့ နှစ်ဦးသာ ဒဏ်ရာ ရသွားရင် အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက် ဟာ အပြီးသတ် သွားမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

မီခေးလ် အာတေတာ ရဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာ ဟာ စွမ်းဆောင်ရည်ကောင်း​တွေ ပြသ နိုင်ခဲ့ပြီး Man of the Match ရရှိ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ဟာလည်း ကိုးပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့ပေမယ့် အသင်း တိုက်စစ် ကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင် ခဲ့ပြီး လန်ဒန် ဒါဘီ နိုင်ပွဲ မှာ အဓိက ကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ် ။

ဖာဒီနန် က အာဆင်နယ် အသင်း ရဲ့ အဓိက အကျဆုံး ကစားသမားဟာ ကွင်းလယ်လူ ပါတေး လား ဆိုတဲ့ မေးခွန်းကို ” ပါတေး က အာဆင်နယ် အသင်းအတွက် အရေးပါဆုံး ကစားသမားလို့ ပြောတာကို ကျွန်တော် လုံးဝ သဘောမတူပါဘူး ။ အာဆင်နယ် အသင်းရဲ့ အရေးပါဆုံး ကစားသမားက ဂျေးဇု နဲ့ ဆာလီဘာပါ ။ ”

” သူတို့ နှစ်ဦးသာ အသင်း အတွက် မကစားနိုင်ရင် အာဆင်နယ် အသင်း ရဲ့level က ကျဆင်း သွားပါလိမ့်မယ် ။ ကြီးကြီးမားမားကို ကျဆင်း သွားမှာပါ ၊ ပါတေး မကစား နိုင်ရင် သူ့နေရာ ရှာကာ ကစား နိုင်ပါတယ် ၊ အာဆင်နယ် အတွက် ပြဿနာ ရှိမယ် မထင်ပါဘူး ။ ”

” ဒါပေမယ့် ဂျေးဇု နဲ့ ဆာလီဘာ သာ မကစားနိုင်ရင် သူတို့ နေရာ အစားဝင် ကစားမယ့် အန်ကီတီးယား နဲ့ ဟိုးလ်ဒင်း တို့က သူတို့ နှစ်ဦးလောက် အသင်း အပေါ် အကျိုးပြု နိုင်မှာ မဟုတ်ပါဘူး ။ ဆာလီဘာကစားတာ အတော်လေး ကောင်းနေပါတယ် ။ ”

” ပါတေး ကလည်း ကွင်းလယ်မှာ အာဆင်နယ် အသင်း အလွယ်တကူ စိုးမိုး ကစားနိုင်အောင် လုပ်ပေးခဲ့သူပါ ။ ဂျေးဇု ကလည်း ဂိုးပိုက်ထဲ ဘောလုံးဝင်အောင် မသွင်း နိုင်ခဲ့တာကလွဲလို့ အရာအားလုံး လုပ်ဆောင် နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM