အာဆင်နယ် အသင်း ဟာ ချဲလ်ဆီး B အသင်းကို အနိုင် ရခဲ့တာ ဖြစ်ကြောင်း ဝေဖန် ထောက်ပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ဒီတစ်ပတ် လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်း အနိုင်ရခဲ့တာဟာ ချဲလ်ဆီး အသင်း ရဲ့ ဒုတိယအသင်းကိုသာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အာဆင်နယ် နဲ့ ပွဲမှာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ဂိုးသမား နေရာမှာ မန်ဒီ ၊ နောက်တန်း မှာ အက်ဇ်ပလီကွီတာ ၊ ချာလိုဘာ ၊ သီယာဂို ဆေးလ်ဗား ၊ ကူကူရယ်လာ ၊ အလယ်တန်းမှာ လော့ဖ်တက်ချိခ် ၊ ဂျော်ဂျင်ဟို တို့နဲ့ ပွဲထွက် လာခဲ့တာပါ ။

တိုက်စစ်မှာတော့ မေဆင်မောင့် ၊ စတာလင် ၊ ဟားဗက်ဇ် တို့ကို အသုံးပြုခဲ့ပြီး အထောင်တိုက်စစ်မှူး အဖြစ် အော်ဘာမီယန်း က ဦးဆောင် လာခဲ့ပါတယ် ။ ဖာဒီနန် ကတော့ အာဆင်နယ် နဲ့ ပွဲက ချဲလ်ဆီး အသင်း လူစာရင်း ဟာ အဓိက ကစားသမားတွေ မပါတဲ့ ဒုတိယ အသင်းသာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း ကစားတာ အထင်ကြီးစရာ ကောင်းလွန်းတယ် ဆိုတာ ကျွန်တော် မငြင်းလိုပါဘူး ။ အာဆင်နယ် က တကယ် အလေးအနက် ကစားနေတဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ၊ ဒါပေမယ့် အာဆင်နယ် အသင်း ကစားခဲ့ရတဲ့ ပြိုင်ဘက် အသင်း ချဲလ်ဆီး ကို ကြည့်ကြည့်ပါ ။ ”

” ဟုတ်ပါတယ် အာဆင်နယ် ကစားတာ အတော် ကောင်းတယ် ဆိုတာ လက်ခံပါတယ် ၊ ဒါပေမယ့် ချဲလ်ဆီး က သူတို့ရဲ့ ပထမ အသင်း မဟုတ်သေးပါဘူး ၊ ကီပါ က သူတို့ရဲ့ နံပါတ်တစ် ဂိုးသမားပါ ၊ ဂျိမ်းစ် ၊ ကူလီဘာလေ ၊ ဖိိိုဖာနာ ၊ ကန်တေ ၊ ချေဝဲလ် ကစားသမား ၆ ဦးက ပွဲထွက် နေကြ ကစားသမားတွေ ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီး ရဲ့ ဒုတိယ အသင်းပါ ၊ B အသင်းပါ ၊ ပွဲထွက်နေကြ ကစားသမား ၆ ယောက်တောင် မပါလာတဲ့ အသင်းပါ ။ မနေ့ကပွဲမှာ ကောင်းခဲ့တဲ့သူကို ပြောပါဆို ဆာလီဘာ ပါ ၊ သူ ကစားတာ အတော်လေး ကောင်းပါတယ် ၊ ပါတေး ကလည်း ကွင်းလယ်မှာ အာဆင်နယ် အသင်း အလွယ်တကူ စိုးမိုး ကစားနိုင်အောင် လုပ်ပေးခဲ့သူပါ ။ ”

” ဂျေးဇု ကလည်း ဂိုးပိုက်ထဲ ဘောလုံးဝင်အောင် မသွင်း နိုင်ခဲ့တာကလွဲလို့ အရာအားလုံး လုပ်ဆောင် ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM