အာဆင်နယ် နဲ့ မတူတဲ့ ရီးရဲ ၊ မျက်ရည်ကျရတဲ့ အန်တိုနီ ၊ ဒဏ်ရာသက်သာ လာသူတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ရီးရဲမက်ဒရစ် ကတော့ အာဆင်နယ် နောက်ကို မလိုက်နိုင်တော့ပါဘူး ။ အာဆင်နယ် နဲ့ ရီးရဲ တို့ဟာ မန်စီးတီး နဲ့ ဘာစီလိုနာ က စနေပွဲတွေမှာ အနိုင် ကစားပြီး အဆင့် ၁ တက်သွားတိုင်း နောက်နေ့မှာ အနိုင် ရလဒ် နဲ့ အဆင့် ပြန်ယူနေခဲ့တာ ရက်သတ္တပတ် မနည်း ရှိခဲ့ ပါပြီ ။ ဒီတပတ် မှာလည်း အာဆင်နယ် ဟာ တနင်္ဂနွေတုန်းက ချဲလ်ဆီး ကို အနိုင် ကစားပြီး အဆင့် ၁ နေရာကို မန်စီးတီး ဆီကနေ ပြန်ယူခဲ့ ပါတယ် ။

 

ဒါပေမယ့် ရီးရဲ ကတော့ ဒီတပတ် မှာ အာဆင်နယ်လို မလုပ်နိုင်တော့ပါဘူး ။ ဗယ်လက်ကာနိုအသင်းရဲ့ ကွင်းမှာ ကစားခဲ့တဲ့ မနေ့ညက လာလီဂါ ပွဲမှာတော့ ရီးရဲ ဟာ အိမ်ရှင် ကို ၃-၂ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ ဒါဟာ ရီးရဲ ကို အခု ရာသီ ပြည်တွင်းမှာ ပထမဆုံး ရှုံးနိမ့် စေခဲ့တာ ဖြစ်သလို အဆင့် ၁ နေရာကိုလည်း ဘာစီလိုနာ ဆီ ပေးအပ် လိုက်ရ ပါတယ် ။

ဘာစီလိုနာ ဆေးအဖွဲ့ရဲ့ ခွင့်ပြုချက် နဲ့ ယူရဂွိုင်း လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရရှိခဲ့တဲ့ ခံစစ်စတားလေး ရော်နယ် အာရူဟို ဟာ ကမ္ဘာ့ဖလား အုပ်စု အဆင့် ပွဲတွေကိုတော့ ဝင်ရောက် ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနေဦးမှာ မဟုတ်ဘူးလို့ သိရပါတယ် ။ ဒါကြောင့် အာရူဟို အနေနဲ့ ယူရဂွိုင်း အသင်း ရှုံးထွက် အဆင့် တက်ရောက်မှသာ ကစားပေးနိုင်ချေ ရှိနေပါတယ် ။

ချဲလ်ဆီး နဲ့ ပွဲမှာ ဒဏ်ရာ ရပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်မကစား ပေးနိုင်သေးတဲ့ ခံစစ်မှူး ရာဖေး ဗာရန်း ဟာ ကမ္ဘာ့ဖလား မတိုင်ခင် ပြန်လည် ကြံ့ခိုင်လာ နိုင်တာကြောင့် ပြင်သစ် အသင်းနဲ့ လိုက်ပါ နိုင်မယ်လို့ သိရှိရ ပါတယ် ။

လီဗာပူး အသင်းကို FSG က ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ သတင်း ထွက်ပေါ်လာ အပြီးမှာ အမေရိက အခြေစိုက် စီးပွားရေး လုပ်ငန်းပိုင်ရှင်တွေ ဖြစ်တဲ့ Ricketts Family ဟာ လီဗာပူး အသင်းကို ဝယ်ယူဖို့ စိတ်ကူး လာတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။ အဆိုပါ ရစ်ကတ် မိသားစု ဟာ အမေရိက က ချီကာဂို ကလပ်တွေ ရဲ့ ပိုင်ရှင်တွေလည်း ဖြစ်ကြတယ်လို့ သိရပါတယ် ။

ဘရာဇီး လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမား ၂၆ ယောက် စာရင်းကို ယမန်နေ့ က ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။ ဒီလို ထုတ်ပြန်ရာမှာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမားလေး အန်တိုနီ ပါဝင်လာခဲ့ပြီး လီဗာပူး တိုက်စစ်မှူး ရောဘတ်တို ဖာမီနို ကတော့ ကျန်ရစ် ခဲ့ရပါတယ် ။

အန်တိုနီ ဟာ ဒီသတင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေခဲ့ပြီး ပါဝင်ခွင့် ရရှိကြောင်း သိရချိန်မှာ မျက်ရက်ကျ ငိုကြွေးတဲ့ အထိ ဝမ်းမြောက်ခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

ဟာသာဘာလင် နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ဘိုင်ယန်မြုးနစ် နောက်ခံလူ အယ်လ်ဖွန်ဆို ဒေဗီးစ် ရဲ့ ဒဏ်ရာ အခြေအနေ ဟာ ဆိုးရွားခြင်း မရှိဘဲ ကနေဒါ လက်ရွေးစင် အသင်း ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင် ပူးပေါင်း နိုင်မယ်လို့ သိရပါတယ် ။ ဒါပေမယ့် ဒဏ်ရာ ထပ်မရစေဖို့ ၊ ကြံ့ခိုင်မှု ပြည့်၀ နေစေဖို့ အတွက် ဒေဗီးစ် ဟာ ဘိုင်ယန် ရဲ့ လက်ကျန် ( ကမ္ဘာ့ဖလား မတိုင်ခင် ) ပွဲတွေကို မကစားတော့ဘူးလို့ သိရှိရ ပါတယ် ။

ရိုးမား အသင်း နည်းပြကြီး မော်ရင်ဟို ကတော့ သူတို့ လူစာရင်းဟာ သူ စိတ်ကျေနပ်လောက်တဲ့ အနေအထား မှာ ရှိနေပြီး လူငယ် ကစားသမားတွေ ရဲ့ တိုးတက် လာမှုဟာ ဇန်နဝါရီမှာ လူသစ် ခေါ်ယူဖို့ မလိုအပ်တဲ့ အခြေအနေ ကို ပေးစွမ်း နိုင်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အက်စတွန် ဗီလာ နဲ့ နယူးကာဆယ် တို့ကတော့ ရီးရဲ မှာ နေရာမရ ဖြစ်နေတဲ့ အီဒင် ဟာဇက် ကို လာမယ့် ဇန်နဝါရီ နဲ့ နွေရာသီ အပြောင်းအရွှေ့တွေမှာ ကမ်းလှမ်းဖို့ ပြင်ဆင် နေကြတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR