သူတို့ရဲ့ အသင်းကို ယူနိုက်တက်တို့ ဘာကြောင့် ရှုံးနိမ့်ခဲ့ကြတာလဲဆိုတာ ရှင်းပြလိုက်တဲ့ အူနိုင်း အမ်မရီ

အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အူနိုင် အမ်မရီဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လည် ရောက်ရောက်ချင်းမှာပဲ ပြိုင်ဖက်ကောင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ အက်စတွန် ဗီလာ အသင်းဟာ ပွဲစစချင်းမှာပဲ ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲချိန် 11 မိနစ် အတွင်းမှာပဲ ယူနိုက်တက်ဖက်ကို 2 ဂိုးထိ သွင်းယူသွားနိုင််ခဲ့ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်တို့ ကစားရခက်ခဲသွားခဲ့ရပါတယ် ။

ဒါပေမဲ့ ပွဲချိန် 45 မိနစ်မှာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က ဂိုးဧရိယာ ပြင်ပမှာ ဂိုးပေါက် ကန်သွင်းလိုက်ရာ အက်စတွန် ဗီလာ အသင်းရဲ့ ညာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျာကော့ ရမ်ဆေး နဲ့ ထိပြီး Own Goal ရရှိသွားခဲ့ပါတယ် ။

ဒါ့ကြောင့် ပထမပိုင်းမှာ 2-1 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ရပြီး ယူနိုက်တက်တို့ ပြန်လာနိုင်ခွင့် ပိုင်ဆိုင်ခဲ့ကြပါတယ်် ။ ဒါပေမဲ့ ဒုတိယပိုင်း စတင်ပြီးနောက် 4 မိနစ် အကြာမှာပဲ own goal ရှင် ရမ်ဆေး က 3-1 ဖြစ်စေမဲ့ ဂိုးကို သွင်းယူပြသွားနိုင်ခဲ့ပြီး ဗီလာတို့ ပွဲစဥ်ကို အပြတ်အသတ် ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ အဆိုပါ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ် ။ အခုတော့ ဗီလာ နည်းပြ အူနိုင်း အမ်မရီက ဒီပွဲမှာ ယူနိုက်တက်တို့ ဘာကြောင့် ရှုံးနိမ့် သွားခဲ့ကြတာလဲ ဆိုတာကို ပြောဆို ရှင်းပြသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ကစားသမားတွေဟာ ဆာလောင်မှု အပြည့် ရှိကြတယ်ဆိုတာကို ပြသနိုင်ခဲ့တယ်လို့ထင်မိပါတယ် ။ သူတို့တွေဟာ ခံစားချက်တွေ ကောင်းမွန်နေခဲ့ကြပြီး ဒီပွဲအကြောင်းပဲ စဥ်းစားနေခဲ့ကြပါတယ် ။ ပြီးတော့ သူတို့ဟာ အလုပ်ကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြပါတယ် ”

” သူတို့ကို ကစားချင်တဲ့ နေရာမှာ ကစားခွင့် ပေးခဲ့ရပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာ ၊ စကေးတွေ ပေါ်လွင်အောင် သူတို့ ကစားတတ်တဲ့ ပုံစံအတိုင်း ကစားခွင့် ပေးခဲ့ရပါတယ်် ။ ကျွန်တော့်အတွက် Shape က အရေးမကြီးခဲ့ပါဘူး ။ကျွန်တော်တို့ဟာ ယူနိုက်တက်တို့ ခွင့်ပြုခဲ့တဲ့ နေရာလွတ်တွေကို အသုံးချပြီး ကစားဖို့ အဓိကထားခဲ့ကြပါတယ် ”

” အိမ်ကွင်းမှာတော့ ပရိသတ်တွေဟာ ကစားသမားတွေကို အများကြီး အထောက်အကူ ပေးနိုင်ခဲ့ကြပြီး သူတို့ရဲ့ စွမ်းအင်တွေကလည်း အံ့ချီးဖွယ် ဖြစ်ခဲ့ရပါတယ် ။ သူတို့ရဲ့ အားပေးမှုတွေက ကျွန်တော်တို့ထဲ စီးဆင်းနေခဲ့ပြီး တုန့်ပြန်မှု အနေနဲ့ နေရာလွတ်တွေမှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ကြပါတယ် ”

” ဒီပွဲမှာ ကျွန်တော်တို့ စည်းချက် ကောင်းမွန်ခဲ့ကြတယ် ။ အိမ်ကွင်းမှာ ကစားသမားတွေဟာ ခံစားချက် ကောင််းမွန်ခဲ့ကြပါတယ် ။ ဒီပွဲရဲ့ရလဒ်ကို အဟုန် တစ်ခု ရရှိစေဖို့ ကျွန်တော်တို့ ဆက်လက် အသုံးချ သွားမှာပါ ” လို့ အူနိုင်း အမ်မရီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar