ချဲလ်ဆီး အသင်းကို အနိုင်ယူခဲ့တဲ့ ပွဲအပြီး အာဆင်နယ် ကစားသမား ၄ ဦး ကို ချီးကျူး ပြောဆိုလိုက်တဲ့ အာတေတာ

စတန်းဖိုဒ့်ဘရစ်ချ် မှာ ချဲလ်ဆီး အသင်းကို အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်း နိုင်ခဲ့တဲ့ ပွဲက အာဆင်နယ် ကစားသမား ၄ ဦးရဲ့ စွမ်းဆောင်ရည် ကို နည်းပြ အာတေတာ က ချီးကျူး ပြောဆို သွားခဲ့ပါတယ် ။

စနေ့နေ့မှာ တစ်ယောက်လျော့ မန်ချက်စတာစီးတီး အသင်းဟာ ဟာလန်း ရဲ့ နောက်ကျ ပင်နယ်တီဂိုးနဲ့ ဖူလ်ဟမ် အသင်းကို အနိုင်ရပြီး အမှတ်ပေး ဇယား ကို ယာယီ တက်လှမ်း နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီး အသင်းကို အနိုင်ယူပြီး အဆင့် ၁ နေရာကို ပြန်လည် ရယူသွား ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးလ်စ် ရဲ့ သွင်းဂိုး နဲ့ ချဲလ်ဆီး အသင်းကို အနိုင် ရခဲ့တာ ဖြစ်ပြီး စတန်းဖိုဒ့်ဘရစ်ချ် မှာ သုံးနှစ်ဆက်တိုက် နိုင်ပွဲ ရယူ နိုင်ခဲ့တာပါ ။ ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတေတာ ဟာ ဂန်းနား လေးဦးကို ချီးကျူး စကားဆို သွားခဲ့ပါတယ် ။

အာတေတာ ချီးကျူးခဲ့တဲ့ လေးဦးကတော့ ဂျေးဇု ၊ ဘန်ဝှိုက် ၊ ဆလီဘာ နဲ့ ဂါဘရီယဲလ် တို့ပဲ ဖြစ်ပါတယ် ။ ” ဂျေးဇု အသင်း အတွက် ဆောင်ယူလာပေးတဲ့ စွမ်းအား ၊ ယုံကြည်မှုတွေက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ ။ ဒါတွေက သူ့ရဲ့ အကြီးမားဆုံးသော အရည်အသွေးတွေပါပဲ ၊ သူ့ရဲ့ ဘက်စုံ ကစားနိုင်စွမ်းကလည်း လုံးဝ အံ့ဖွယ်ပါပဲဗျာ ။ ”

” သူ့ရဲ့ယှဉ်ပြိုင်လိုစိတ် ၊ ဘောလုံးကိုင်ကစား နိုင်စွမ်း ၊ လှုပ်ရှားပုံ နဲ့ ပြိုင်ဘက် ဂိုးဧရိယာအတွင်း စိတ်ဒုက္ခ ပေးနိုင်စွမ်းတွေက ကျွန်တော်တို့ အသင်းကို နောက်တစ်ဆင့် ရောက်သွား စေပါတယ် ။ ဒီနေ့လည်း သူ အဲ့ဒီလို လုပ်နိုင်ခဲ့ပါတယ် ၊ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကစားသွားတာက တကယ့်ကို ထူးချွန် ပြောင်မြောက် ခဲ့ပါတယ် ။ ”

” ဘန်ဝှိုက် နဲ့ ပတ်သက်ပြီးလည်း ပျော်ရွှင်မိပါတယ် ၊ သူက နေရာစုံမှာ ကစားနေရတာပါ ၊ နောက်ခံအစွန်လူ နေရာမှာ သူ ကောင်းကောင်း ကစားနိုင်စွမ်း ရှိကြောင်း ပြသထားပါတယ် ၊ အသင်းဖော်တွေ နဲ့ နားလည်မှု ရှိရှိ ကစားနိုင်စွမ်းက တကယ့် ထိပ်တန်းပါပဲ ၊ ကျွန်တော် သူ့ကို တကယ် သဘောကျပါတယ် ။ သူက ပွဲထွက်လူစာရင်းမှာ အမြဲ ပါချင်ပီး နေ့တိုင်း လေ့ကျင့်ခန်း သေချာ ဆင်းပါတယ် ၊ ဘယ်အခြေအနေမျိုးမှာမဆို အသင်းအတွက် ကစားချင်သူပါ ၊ ကျွန်တော် ဒီကောင်လေးကို ချစ်ပါတယ် ။ ”

” ဂါဘရီယဲလ်ရော ဆာလီဘာ ရောက ရင့်ကျက် လာပြီး တကယ် ကောင်းအောင် ကစားပြနေကြပါတယ် ။

ချဲလ်ဆီး အသင်း ရဲ့ အိမ်ကွင်း မှာ ကစားရတဲ့ အခါ နေရာလွတ်တွေကို ကာကွယ် ရတာ ခက်ခဲ ပါတယ် ၊ ဒါပေမယ့် သူတို့ ကောင်းကောင်း လုပ်ပြ နိုင်ခဲ့ပါတယ် ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

SM