သူပါဝင်ခွင့် မရရှိတုန်း ယူနိုက်တက် အသင်းမှာ တိုးတက်လာခဲ့တဲ့ အရာတွေကို ထုတ်ပြောလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ ဟယ်ရီ မက်ဂွားယားက အသင်းမှာ ယုံကြည်မှုတွေ မြင့်တက်လာခြင်းက ပရိသတ်တွေကို မိမိတို့ရဲ့ အနောက်မှာ ဆက်လက် ရပ်တည်ပေးဖို့ အကြောင်းဖြစ်စေခဲ့တယ်လို့ ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို 6 – 3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်် ယုံကြည်မှုတွေ မြင့်တက်လာခဲ့ပြီး ကစားခဲ့ရတဲ့ ပွဲစဥ် 9 ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားပြသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ရဲ့ ခံစစ််ပိုင်း ကစားပုံဟာ ပိုမို တိုးတက်လာခဲ့ပြီး open play မှတဆင့် တစ်ဂိုးသာ ပေးခဲ့ရပါတယ် ။ ဒီအတွက် ချီးကျူး စရာ ဖြစ်ခဲ့ရတာကတော့ ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ် နဲ့ ကွင်းလယ်လူ ကာဆီမီရို တို့ ပါပဲ ။

အထူးသဖြင့် ယူနိုက်တက်တို့ ချဲလ်ဆီး အသင်းကို ကာဆီမီရို ရဲ့ သွင်းဂိုး နဲ့ သရေ ရလဒ် ရယူနိုင်ခဲ့တဲ့ ပွဲစဥ်ဟာ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ် ။ အဲ့ဒီပွဲမှာ ပြန်လည် ပါဝင်ခွင့် ရရှိခဲ့တဲ့ မက်ဂွားယား ကတော့ အသင််းဟာ ဘယ်နေရာတွေမှာ တိုးတက်လာခဲ့သလဲ ဆိုတာကို ပြောပြသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ အတူတကွ ရှိနေကြမယ် ၊ အသင်းရဲ့ စိတ်ဓါတ် ပိုကောင်းလာတယ် ဆိုတဲ့ အကြောင်းတွေ ပြောခဲ့ပြီးပြီလို့ ထင်ပါတယ် ။ အဲ့တာတွေက လက်ရှိ အခိုက်အတန့်မှာ ကွင်းထဲ ကျွန်တော်တို့ ပြသထားနိုင်ခဲ့ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ် ”

” အဲ့တာက တကယ့်ကို ကောင်းတဲ့ အရာပါ ။ အဲ့တာကပဲ ပရိသတ်တွေကို ကျွန်တော်တို့ရဲ့ အနောက်မှာ ဆက်လက် ရှိနေစေခဲ့ပါတယ် ။ အဲ့တာက ကျွန်တော်တို့ အတွက် အရမ််းကို အဓိပ္ပါယ် ရှိလှပါတယ် ။ ကျွန်တော်တို့ဟာ ကောင်းမွန််တဲ့ ခံယူချက်တွေနဲ့ အတူတကွ ခုခံနိုင်ခဲ့ကြပါတယ် ”

” ဒါကို ခံစစ်မှူးတွေ ၊ ဂိုးသမားတွေကချည်းပဲ လုပ်ခဲ့ကြတာ မဟုတ်ပါဘူး ။ တစ်သင်းလုံးက စုပေါင်း ကြိုးစားခဲ့ကြတာပါ ။ တိုက်စစ် ကစားသမားတွေလည်း အလုပ်တွေ ကြိုးစားခဲ့ကြပြီး အဲ့တာတွေကပဲ ကျွန်တော်တို့ကို Clean Sheet ရရှိစေခဲ့တယ်လို့ ခံစားရပါတယ် ”

” အသင်းအတွက် ပြန်လည် ကစားပေးခွင့် ရရှိတဲ့ ခံစားချက်က ကောင်းမွန်လွန်းလှပါတယ် ။ ကစားသမားတွေ အတွက်တော့ ဒဏ်ရာဆိုတာ ပွဲစဥ်တွေရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ ။ ကျွန်တော် အသင်းအတွက် စတင် ကစားခဲ့တဲ့နောက် 4 ပါတ်အထိ ရုန်းကန်ခဲ့ရပါတယ် ”

” ဒါ့ကြောင့် အခုလို ပြန်လာခွင့် ရရှိခဲ့ခြင်း ၊ clean sheet နဲ့ အတူ 1-0 နဲ့ အနိုင်ရခဲ့တာကို ပျော်ရွှင်မိ ပါတယ် ။ ဒါက အသင်းအတွက် ပြန်လည် ပါဝင်ဖို့ အကောင်းဆုံး နည်းလမ််းပဲလေ ။ အသင်းအတွက် ပြန်လာပြီး ဒီလို ရလဒ်ရရှိအောင် ပါဝင်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိပါတယ် ” လို့ မက်ဂွားယား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar