မန်ချက်စတာ ယူနိုက်တက်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ရော်နယ်ဒို ကို အကြံကောင်းပေးလိုက်တဲ့ ရော်ဘီ ဖောင်လာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့ မရေမရာ ဖြစ်နေခဲ့ရပါတယ် ။ ပေါ်တူဂီသား ကိုယ််တိုင် နွေတုန်းက အသင်းမှ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိိုထားခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အဲ့ဒီထဲက သူ့ရဲ့ သတင်းတွေ မကြာခန ကျယ်လောင်ခဲ့ပေမဲ့ သူဟာ မန်ချက်စတာမှာပဲ ဆက်လက်ရှိနေခဲ့ရပါတယ် ။ သူဟာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံံးဖို့လည်း နီးစပ် နေပြီပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ကို ယူနိုက်တက်တို့ ဆောင်းရာသီမှာ ရောင်းနိုင်တယ်လို့ သတင််းထွက်နေခဲ့ပါသေးတယ် ။

အခုတော့ လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင််း တစ်ဦးဖြစ်တဲ့ ရော်ဘီ ဖောင်လာ က ယူနိုက်တက် တိုက််စစ်မှူး အနေနဲ့ ကစားသမားဘဝ နေဝင်ချိန် မရောက်ခင် အခုထက် ပိုပြီး ပွဲထွက် ကစားခွင့်တွေ ရရှိနိုင်မယ့် အသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း အကြံပေး သွားခဲ့လိုက်ပါတယ် ။

” ယူနိုက်တက် တို့ဟာ သူတို့ ဘယ်လို ကစားသမားတွေကို ခေါ်ယူထားခဲ့ကြသလဲဆိုတာကို ကောင်းကောင်း သိကြပါတယ် ။ အခုက ခြားနားတဲ့ မန်နေဂျာ တစ်ယောက် ဒီအသင်းဆီ ရောက်နေတယ်ဆိုတာကို ကျွန်တော်တို့ သိကြပါတယ် ”

” ဒါဟာ ပြီးခဲ့တဲ့ ရာသီကတည်းက သူ ကြုံတွေ့နေခဲ့ရတဲ့ ပြသနာ တစ်ခုပါပဲ ။ အဲ့ဒီကတည်းက သူဟာ ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်စွမ်း နည်းပါးလာခဲ့တဲ့ အတွက် ကစားခွင့်တွေ နည်းပါးလာခဲ့ရပါတယ် ။ သူ့ကို ခေါ်ယူခဲ့တာက အဲ့တာတွေ လုပ်ဖို့ မဟုတ်ဘူးလေ ”

” လူတိုင်းက အကောင်းဆုံး ပုံစံပြ မကစားနိုင်ကြပါဘူး ။ ယူနိုက်တက်ဟာ ဂိုးတွေ သွင်းစေချင်လို့ သူ့ကို ခေါ်ယူခဲ့ပါတယ် ။ သူလည်း ဂိုးတွေ သွင်းပေးခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ ခြားနားတဲ့ နည်းပြ တစ်ဦး ရောက်လာခဲ့ပါပြီ ။ သူဟာ မတူညီတဲ့ ကစားဟန် ၊ ရည်ရွယ်ချက် တစ်ခုနဲ့ ကစားစေချင်တာလေ ”

” အဲ့ဒီ ကစားကွက်မှာ ရော်နယ်ဒို အံမဝင်တာက ထင်ရှားလှပါတယ် ။ ဒီအချိန် အားလုံးအတွက် အကောင်းဆုံး က သူ အသင်းမှ ထွက်ခွာခြင်းပါပဲ ။ သူဟာ ခမ်းနားလွန်းတဲ့ ကစားသမား တစ်ဦးပါ ။ သူ့အနေနဲ့ မိနစ် 90 အပြည့် ပွဲထွက် ကစားချင်မယ်ဆိုရင် အသင်းပြောင်းတာ အကောင််းဆုံး ပါပဲ ”

” သူဟာ ပွဲတွေ ကစားနိုင်ပါသေးတယ် ။ သူ့ကိုယ်သူ ကြည့်ရှု စောင့်ရှောက်တဲ့ ပုံစံက အကောင်းဆုံး ကစားသမားတွေ လုပ်နေကြအရာတစ်ခုပါပဲ ။ သူ့ကို ခေါ်မယ်ဆိုရင်လည်း စျေးသက်သာတော့မှာပါ ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အသင််းတိုင်းက သူ့ကို လိုချင်ကြမှာ အသေအချာပါပဲ ”

” အကယ်လို့ သူ့အနေနဲ့ ကောင်းမွန်တဲ့ အဆင့်အတန်း တစ်ခုမှာ ကစားချင်သေးတယ်ဆိုရင် ကံအကောင်းစွာပဲ လစာတော့ အဖြတ်ခံရမှာပါ ။ သူ့အနေနဲ့ အဲ့တာကိုလည်း သိထားသင့်ပါတယ် ” လို့ ရော်ဘီ ဖောင်လာက ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar