နွေတုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ အကျိုးသက််ရောက်မှုကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ တန်ဟတ်

 

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ နွေတုန်းက ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေရဲ့ အကျိုးသက်ရောက််မှု ၊ အသင်းထဲ ယူဆောင်လာခဲ့တဲ့ စိတ်ဓါတ် ခံယူချက်တွေ အပေါ် အမွှမ်းတင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်ဖွယ် ရက်စွဲတွေ ကြုံတွေ့ခဲ့ရတဲ့နောက် ပြီခဲ့တဲ့ နွေအတွင်း ကစားသမား 6 ဦး ခေါ်ယူခဲ့ပြီး သူတို့တွေ အတွက် ပေါင် 225.4 သန်း သုံးစွဲခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ဟာ မာတီနက်ဇ် ၊ အန်တိုနီ ၊ ကာဆီမီရို တို့ အတွက် ငွေတွေ အများကြီး သုံးစွဲခဲ့ရပါတယ် ။ ဒါပေမဲ့ အကျိုးဆက် အဖြစ် သူတို့ သုံးဦးလုံးဟာ အသင်းသစ်မှာ အမြန်ဆုံး အံဝင်နိုင်ခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက်ဆီ စရောက်ကတည်းက ပုံစံကောင်း ပြသထားနိုင်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ အခုတော့ အသင်းရဲ့ ခံစစ်ကို ပိုမို တောင့်တင်းစေနိုင်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ကာဆီမီရို ကလည်း အသင်းရဲ့ ကွင်းလယ်ကို ပိုမို တောင့်တင်းစေနိုင်ခဲ့ပြီး မာကျောတဲ့ ကစားဟန်နဲ့ ဟန်ချက်် တစ်ခုကို ရရှိစေနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် အန်တိုနီ ဟာလည်း လှပတဲ့ကစားဟန်နဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က မှန်ကန််တဲ့ ကစားသမား ခေါ်ယူမှုနဲ့ မှန်ကန်တဲ့ ကစားသမား ရှိနေမှုတို့ရဲ့ ပေါင်းစပ်မှုက အသင်းကောင်း တစ်သင်း နဲ့ စိတ်ဓါတ်ကောင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” ခေါ်ယူခဲ့တဲ့ ကစားသမားတွေနဲ့ ရှိနေတဲ့ ကစားသမားတွေ အပြန်အလှန် ကျေးဇူးတင်သင့်တယ်လို့ ထင်မိပါတယ် ။ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု ၊ မှန်ကန်တဲ့ ကစားသမား ရှိနှင့်နေမှုတို့ရဲ့ ပေါင်းစပ်ခြင်းက အသင်း တစ်သင်းကို ဖြစ်စေခဲ့ပြီး စိတ်ဓါတ်ပိုင်းလည်း တိုးတက် ကောင်းမွန်စေနိုင်ခဲ့ပါတယ် ”

” ကျွန်တော်တို့ ဒါကို ဆက်လက်တိုးတက်စေဖို့ ၊ ဒီအတိုင််း ဆက်လက် တည်ဆောက်ဖို့ လိုအပ်ပါတယ် ။ ဒီလို စိတ််ဓါတ် ခံယူချက်နဲ့ ပြင်းထန်မှုတွေကို ဆက်လက် တိုးတက််စေဖို့ လုပ်ဆောင်ရပါ့မယ် ။ အဲ့တာမှ ကျွန်တော်တို့ လိုချင််တဲ့ အောင်မြင်မှု ရမယ်လေ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar