ဒရာမာဆန်တဲ့ နိုင်ပွဲဟာ သူ့ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံတွေထဲက တခုလို့ ဂွာဒီယိုလာ ထုတ်ဖော်ပြောဆို

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မနေ့ညက ဖူလ်ဟမ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲကို သူ့ဘ၀ ရဲ့ အကောင်းဆုံးသော အတွေ့ အကြုံ ၊ အခိုက်အတန့်တွေ ထဲက တခု ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆို လာခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဖူလ်ဟမ် ကို အိမ်ကွင်း အစ်တီဟတ် မှာ ၂-၁ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပြီး ဒီကနေ့ည ပွဲတွေ မကစား ခင်မှာ အဆင့် ၁ နေရာကို တက်လှမ်း သွား နိုင်ခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဒဏ်ရာ သက်သာကာစ တိုက်စစ်မှူး အာလင်း ဟာလန်း ကို ပွဲမထုတ်ဘဲ အရန် စာရင်းကနေ စတင် စေခဲ့ပါတယ် ။ ဟာလန်း အစား ပွဲထွက်ခွင့် ရခဲ့တဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်စ် ဟာ သူ့ရဲ့ အခွင့်အရေး ကို ထိုက်တန်စွာ အသုံးချ ခဲ့ပြီး အဖွင့်ဂိုး ကို သွင်းပေးခဲ့ ပါတယ် ။

ဒါပေမယ့် စီးတီး ဂိုးဧရိယာ ထဲမှာ ပြစ်ဒဏ် ကျူးလွန် မိရာကနေ ကန်ဆယ်လို အထုတ်ခံ ခဲ့ရပြီး ဖူလ်ဟမ် အသင်းက ပင်နယ်တီ ကနေ ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့ ပါတယ် ။

ဒုတိယပိုင်းမှာ ဟာလန်း ကို ထည့် ကစားပြီး တိုက်စစ်မြှင့် ခဲ့ပေမယ့် စီးတီး တို့ ဂိုးထပ်မသွင်း နိုင်ခဲ့ ပါဘူး ။

နာကျင်အချိန်ပို ၅ မိနစ် အရောက်မှာတော့ စီးတီး တို့ ပင်နယ်တီ ရရှိခဲ့ပြီး ဟာလန်း က ဂိုးအဖြစ် ပြောင်းလဲကာ အဖိုးတန် ၃ မှတ်ကို ရယူပေးသွားခဲ့ ပါတယ် ။

ဟာလန်း ဂိုးသွင်း အပြီးမှာ ဂွာဒီယိုလာ ဟာ စိတ်လွတ် ကိုယ်လွတ် ပျော်ရွှင်အောင်ပွဲ ခံသွားခဲ့ပြီး အင်တာဗျူး မှာလည်း သူ့ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“၁၀ ယောက် ၁၁ ယောက် ဖြစ်သွားပြီး နောက်ပိုင်း ကျွန်တော်တို့ရဲ့ ကစားပုံက တကယ့်ကို အံ့မခန်း ပါပဲ ။ ၆၅ မိနစ် စာလောက်က တကယ့်ကို ကောင်းမွန် ခဲ့တာပါ ။ ပွဲကိုလည်း ပိုပြီး ထိန်းချုပ် နိုင်ခဲ့ ပါတယ် ။ ပြောပြလို့ မရ ၊ ရေတွက်လို့ မရတဲ့ စိတ်ပျက်စရာပေါင်း များစွာက ကစားသမားတွေကို အချိန်ကိုက် တွန်းအားပေး လိုက်သလိုပါပဲ”

“ဒီပွဲက တကယ့် တကယ့်ကို ထူးခြားပါတယ် ။ ကျွန်တော့ ဘ၀ ရဲ့ အကောင်းဆုံး အတွေ့အကြုံတွေ ထဲက တခုပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ဂွာဒီ ဟာ ပွဲအပြီးမှာ ကွင်းထဲ ခုန်ပေါက် ကခုန် ခဲ့ပြီး စပိန်သားကြီး ရဲ့ ပရိသတ်တွေ အတွက်တော့ ဒီလို မြင်ကွင်းမျိုး ဟာ အထူးအဆန်း ဖြစ်ခဲ့ပါတယ် ။ သတင်းတွေကတော့ ဂွာဒီယိုလာ ဟာ ဂျာဂင်ကလော့ ၊ ဂျိုဆေး မော်ရင်ညို ုတိ့ုရဲ့ အခိုက်အတန့်တွေ ကို ခေတ္တပိုင်ဆိုင် ခဲ့တယ်လို့ ဖော်ပြခဲ့ ကြပါတယ် ။

ဒီနိုင်ပွဲကြောင့် စီးတီး တို့ အဆင့် ၁ နေရာကို တက်လှမ်း နိုင်ခဲ့ပြီး ဒီနေ့ညမှာသာ အာဆင်နယ် က ချဲလ်ဆီး ကို အနိုင် မရခဲ့ဘူး ဆိုရင် အဆင့် ၁ အဖြစ် ဆက်လက် ရပ်တည် နိုင်မှာပဲ ဖြစ်ပါတယ် ။

စီးတီး ဟာ ကမ္ဘာ့ဖလား မတိုင်ခင် မှာ ၂ ပွဲ သာ ကစားဖို့ ရှိတော့ပြီး လာမယ့် ကြားရက်မှာ လိဂ်ဖလား ပွဲစဉ် အဖြစ် ချဲလ်ဆီး အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR