လက်ရှိ အသင်းမှ သူ့ရဲ့ စံပြ ကစားသမား 4 ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် ကြယ်ပွင့် ဇီဒန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသက် 19 နှစ် အရွယ် လူငယ်ကြယ်ပွင့် ကစားသမားလေးဖြစ်သူ ဇီဒန်း အစ်ခ်ဘယ် က လက်ရှိ အသင်းမှ စီနီယာ ကစားသမား 4 ဦး ဖြစ်တဲ့ ကာဆီမီရို ၊ အဲရစ်ဆင် ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ မာတီနက်ဇ် တို့က သူ့ရဲ့ စံပြ ကစားသမားတွေ ဖြစ်ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

အသက် 19 နှစ် အရွယ်သာ ရှိသေးတဲ့ ယူနိုက်တက် ကြယ််ပွင့်လေး ဇီဒန်းဟာ အကယ်ဒမီထွက် ကစားသမားတွေအနက် ထွန်းတောက်လာလိမ့်မယ်လို့ ထင်ကြေပေးခံနေရသူ ဖြစ်ပြီး အဲရစ် တန်ဟတ် ရဲ့ လက်အောက် ရာသီကြို ပွဲစဥ်တွေမှာ လိုက်ပါခွင့် ရရှိသူ ဖြစ်ခဲ့ရပါတယ် ။ ဒါ့အပြင် 4 ပွဲထိ ကစားခွင့် ရရှိခဲ့ပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် လက်အောက် ယန်းဘွိုင်းစ် အသင်းနဲ့ ရင််ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ စီနီယာ အသင်းကြီးနဲ့ ပွဲထွက်ခွင့် ရရှိခဲ့ပါသေးတယ် ။ ဒီနှစ်လည်း သူဟာ စီနီယာ အသင်းရဲ့ ကစားသမား စာရင်းမှာ အမြဲလို ပါဝင်ခွင့် ရရှိခဲ့ပါတယ် ။

သူ့အတွက် လက်ရှိအချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုက စီနီယာ အသင်းထဲ ပါဝင်ကစားခွင့် ရရှိရေးပါပဲ ။ လက်ရှိ အနေအထားအရတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ကို အပါတ်စဥ် စီနီယာ အသင်းနဲ့ လေ့ကျင့်ခွင့်တွေ ပေးဆောင်နေခဲ့ပြီပဲ ဖြစ်ပါတယ် ။

အဲ့ဒီထဲမှာတော့ လူငယ်လေးက အတူလေ့ကျင့်ခွင့် ရရှိခဲ့တဲ့ စီနီယာ ကစားသမား 4 ဦးကို စံပြ ကစားသမားတွေအဖြစ်် သတ်မှတ်ထားကြောင်း ၊ သူတို့ဆီကနေ လေ့လာသင််ယူမှုတွေ လုပ်ဆောင်နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ နေ့စဥ် လေ့လာသင်ယူမှုတွေ လုပ်ဆောင််နေခဲ့ရပါတယ် ။ ဒါက ကစားသမားတွေဆီကတင် မဟုတ််ပါဘူး ၊ ဝန်ထမ်းတွေ ၊ အားကစားသိပ္ပံ ပညာရှင်တွေ နဲ့ အာဟာရဗေဒ ပညာရှင်တွေဆီကရော လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေခဲ့ရတာပါ ”

” ကျွန်တော်ဟာ ကစားသမား တစ်ဦး တစ်ယောက်ဆီကပဲ လေ့လာသင်ယူနေတာမျိုး မဟုတ်ရပါဘူး ။ ကာစီမီရို ၊ ခရစ္စတီယံ အဲရစ်ဆင် ၊ ဘရူနို ဖာနန်ဒက်စ် တို့ အားလုံးဆီက လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေခဲ့ရတာပါ။ သူတို့ ဘယ်လို ကစားသလဲဆိုတာကို လေ့လာမိပါတယ် ”

” ကျွန်တော်ဟာ ထိပ်တန်း ကစားသမား အများကြီး နဲ့ အတူ လေ့ကျင့်ခွင့် ရရှိနေခဲ့တာကို အရမ်းပဲ ပျော်ရွှင်မိပါတယ် ။ လေ့ကျင့်ရေးကွင်းမှာဆို ကျွန်တော်တို့ ဂိမ်းလေးတွေ ကစားဖြစ်ပြီး အာလုံးပဲ အလေးအနက်ထား ကစားလေ့ ရှိတတ်ကြပါတယ် ။ အားလုံးက အနိုင်ရဖို့ချည်းပဲ ကြိုးစားနေခဲ့ကြတာပါ ”

” အဲ့တာက standard တစ်ခု ရှိစေတယ်လေ ။ လီချာက ( လီဆန်ဒရို မာတီနက်ဇ် ) ဆိုရင် ပွဲစဥ်တိုင်းကို နောက်ဆုံးပွဲလို သဘောထားပြီး ကစားတတ်သူပါပဲ ။ သူ့ဆီက ပွဲစဥ်တိုင်း 100 % အပြည့် ဘယ်လို ပေးဆပ် ကစားရမလဲ ၊ စိတ််ဓါတ် ခံယူချက် ဘယ်လို ထားရှိရမလဲဆိုတာ သင်ယူမိပါတယ် ”

” ကျွန်တော် အသက်ငယ်သေးပြီး ရှေ့ဆက်ရမယ့် ခရီးရှည်ကြီး ရှိနေပါသေးတယ် ။ ကျွန်တော့်အတွက် အခုချိန် လုပ်သင့်တာက အလုပ်တွေ ကြိုးစားရေးပါပဲ ။ အဲ့တာကို လုပ်ရင်း အနားမှာ ရှိတဲ့သူတွေအတွက် စံပြ ကစားသမား ဖြစ်အောင် ကြိုးစားသွားမှာပါ ” လို့ ဇီဒန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar