ယူရို ပါလိဂ် play-off ကစားရတာက အသင်း အတွက် ဘယ်လို အကူအညီဖြစ်စေမလဲဆိုတာ ပြောပြလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် နောက်ဆုံး ပွဲစဥ်မှာ ရီးယဲ ဆိုစီဒတ် အသင်းကို တစ်ဂိုးနဲ့သာ အနိုင်ရရှိခဲ့တာကြောင့် နောက််တစ်ဆင့် မတက်ခင် ဖေဖော်ဝါရီလမှာ play-off ပွဲစဥ် နှစ်ပွဲ ကစားရဖို့ အကြောင်းဖန်လာခဲ့ပါပြီ ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ရှရိဖ် အသင်းနဲ့ ကစားခဲ့ရတဲ့ အုပ််စု ဒုတိယအကျော့ ပွဲစဥ်မတိုင်မီတုန်းက သူတို့ရဲ့ လက်ရှိ ရည်မှန်းချက်ဟာ အုပ်စုဗိုလ် ဖြစ်နိုင်ရေးပဲလို့ ပြောခဲ့ပြီး လက်ကျန်ပွဲတွေ နိုင်မှ ဖြစ်မယ်လို့ ​ပြောခဲ့ပါသေးတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ယူရို ပါလိဂ် ပွဲစဥ်တိုင်းကို အနိုင်ရအောင် ကစားပြနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ရီးယဲ ဆိုစီဒတ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိဖို့ လိုအပ်ခဲ့တဲ့ အချိန်မှာ ယူနိုက်တက်တို့ဟာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အတွက် အုပ်စု ဒုတိယပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဖေဖော်ဝါရီမှာ ကစားရမယ့် Play-off မှာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ပြုတ်လာတဲ့ အသင််း တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။ ဒါဟာ ရလဒ်ကောင်းရဖို့ ရုန်းကန်ရမယ့်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ဒီပွဲကြောင့် ကစားသမားတွေလည်း ပိုပြီး ပွဲပမ်းပါလိမ့်မယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ အခုလို ပွဲတွေ ဆက်တိုက်ကစားရတာနဲ့ ယူရိုပါလိဂ် play off နှစ်ကျော့ ကစားရတာက ကစားသမားတွေ ဆက်လက််တိုးတက်ဖို့ အခွင့်အရေးတွေ ရရှိစေနိုင်လိမ့်မယ်လို့ ထင််မိကြောင်း အကောင်းမြင်လိုက်ပါတယ် ။

” ဒီခက်ခဲတဲ့ ဘောလုံးရာသီကို ကာဗာလုပ်နိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ နောက်ထပ် ပွဲစဥ် နှစ်ပွဲ သေချာပေါက်ပဲ ကစားရပါလိမ့်ဦးမယ် ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ပွဲစဥ်တွေ အများကြီး ကစားရဦးမှာပါ ။ ဒါဟာ ရှင်းလင်းလှပါတယ် ”

” ဒါပေမဲ့ အဲ့တာကပဲ ဒီအသင်းကို ဆက်လက် တိုးတက် စေနိုင်ဖို့ အတွက် ၊ process တစ်ခု ဖြစ်စေနိုင်ဖို့ အတွက် အခွင့်အရေးတွေ ရရှိစေပါလိမ့်မယ် ။ ကစားသမားတွေဆိုတာက ပွဲစဥ်တွေကို ကစားရတာ နှစ်သက်ကြတယ်လေ ”

” သူတို့တွေဟာ လေ့ကျင့်ရုံပဲ လေ့ကျင့်ချင်ကြတာ မဟုတ််ဘူးလေ ။ အဲ့တာက အဓိက အကြောင်းအရာ တစ်ခုပါပဲ ။ ဒါဟာ ကျွန်တော်တို့ အတွက်တော့ အကျိုးကျေးဇူးတွေ ဖြစ်စေမှာပါပဲ ” လို့ တန်ဟတ် က အကောင်းမြင်သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar