ချဲလ်ဆီး vs အာဆင်နယ် ၊ စပါး vs လီဗာပူး?? ပက်ထရစ်အီဗရာရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြည့်ရှုရဖို့ တစ်ဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း ကာတာမှာ ကျင်းပမယ့် ပြိုင်ပွဲ မတိုင်မီ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲက ကစားဖို့ ကျန်နေပါသေးတယ်။ ဒီတစ်ပတ်မှာ ပွဲကြီးပွဲကောင်း ၂ ပွဲ ရှိနေပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အူဘာမီယန်းဟာ သူ့ရဲ့ အသင်းဟောင်း နဲ့ လက်ရှိ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်ကို တစ်စုံတစ်ရာ သက်သေပြသွားဖို့ ကြိုးစားသွားမှာပါ။

အခြား ပွဲစဉ်မှာလည်း လီဗာပူးဟာ top 4 အတွက် နောက်ထပ် အမှားခံလို့ မရတော့တဲ့ အနေအထားကို ရောက်နေပြီး ဒါဟာ ယာဂန်ကလော့ရဲ့ အသင်း အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ မန်ယူနိုက်တက်ဟာ ဗီလာ နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ဒါဟာ နည်းပြသစ် အူနိုင်းအမ်မရီရဲ့ ပထမဦးဆုံး ပွဲစဉ် ဖြစ်လာမှာပါ။

၁~မန်စီးတီး vs ဖူဟမ်
ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ စီးတီးဟာ လက်စတာကို ၁-၀ နဲ့ နိုင်ခဲ့ပေမယ့် ရုန်းကန်ခဲ့ရလို့ပါ။ ဖူဟမ် နဲ့ မီထရိုဗစ် တို့ဟာ စီးတီးကို ပြသနာတွေ ပေးနိုင်မှာ ဖြစ်ပြီး ၎င်းဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ ဟာလန်းဟာ ဒီပွဲမှာလည်း မပါနိုင်ပါဘူး။ ဒါဟာ ကြီးမားတဲ့ factor ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ဟာလန်း ပါခဲ့မယ်ဆိုရင်တော့ စီးတီးတို့ ဒီပွဲကို သေချာပေါက် နိုင်မှာပါ။

ခန့်မှန်းချက် : ၃-၁

၂~ချဲလ်ဆီး vs အာဆင်နယ်
ချဲလ်ဆီးတို့ ဘာဖြစ်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ တိုးတက်မှုတွေ ပြသနေကာ မန်နေဂျာကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့ဟာ ပေါ်တာရဲ့ philosophy နဲ့ အသားတကျ ဖြစ်နိုင်ဖို့အတွက် အချိန် လိုအပ်နေဆဲပါ။ ဒါပေမယ့် သူတို့ ပိ်ုင်ဆိုင်ထားတဲ့ ကစားသမား အင်အားအရ ဒီထက် ပိုကောင်းအောင်တော့ လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါဟာ လန်ဒန်ဒါဘီပါ။ အာဆင်နယ်ဟာ နိုင်ပွဲတွေ ဆက်တိုက်နေရကာ ဂိုးတွေလည်း အများကြီး သွင်းနေပါတယ်။ အာဆင်နယ်ဟာ ဒီပွဲစဉ်အတွက် ချဲလ်ဆီးထက် ပြင်ဆင်မှု ပိုကောင်းနေမှာပါ။ ကျွန်တော် ကတော့ အာဆင်နယ်ရဲ့ ကောင်းမွန်တဲ့ run ဟာ ဆက်လက် တည်ရှိနေမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၁-၃

၃~အက်စတွန်ဗီလာ vs မန်ယူနိုက်တက်
ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ အက်ရ်ှလေယန်းဟာ သူ့ရဲ့ အသင်းဟောင်း မန်ယူနိုက်တက်နဲ့ ပြန်လည် ရင်ဆိုင်ရနိုင်ပါတယ်။ ဗီလာဟာ မန်နေဂျာသစ်ကို ခန့်အပ်ထားခဲ့ပြီး သူတို့ဟာ အိမ်ကွင်းမှာ ကစားရမှာပါ။ သူတို့ဟာ ဒီပွဲမှာ အစွမ်းကုန် ကစားသွားမှာပါ။ ယူနိုက်တက် ကတော့ ပုံစံကောင်းမှာ ရှိနေပါတယ်။ ဒါဟာ သူတို့ အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပေမယ့် ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : ၀-၂

၄~စပါး vs လီဗာပူး
အကယ်၍ လီဗာပူးတို့ ရှုံးခဲ့မယ်ဆိုရင် သူတို့ရဲ့ ရာသီက ပြီးဆုံးသွားပြီ။ အကယ်၍ သူတို့ အနိုင်ရခဲ့မယ်ဆိုရင် လမ်းကြောင်းပေါ်ကို ပြန်ရောက်လာမယ် ဆိုပြီး တောက်လျှောက် ပြောနေရပါတယ်။ သူတို့ရဲ့ ခံစစ်က အားနည်းနေပါတယ်။ ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ တော့တင်ဟမ်ဟာ ကြားရက်က ပွဲစဉ်မှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ စပါးရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေ အနေနဲ့ သူတို့ရဲ့ အရင်က အခြေအနေကို ပြန်လည် သတိရသင့်ပါတယ်။

ကျွန်တော်ကတော့ ဒီပွဲစဉ်မှာ စပါး နဲ့ ကွန်တီ ဘက်မှာ နေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ လီဗာပူးကို ယုံကြည်လို့ မရလို့ပါ။ ဒါဟာ တအားကို ထူးဆန်းပါတယ်။ ပုံမှန်အားဖြင့် ကလော့ရဲ့ အသင်းဟာ အမြဲတမ်း ယုံကြည်ထားလို့ ရပါတယ်။ အားလုံးဟာ လီဗာပူးရဲ့ အခြေအနေအပေါ် အံ့အားသင့််နေကြပါတယ်။

ခန့်မှန်းချက် : ၂-၁

အခြား ပွဲစဉ်များ
နော့တင်ဟမ်ဖောရက်စ် ၁-၀ ဘရန့်ဖို့ဒ်
ဝုဖ် ၀-၂ ဘရိုက်တန်
လိဒ် ၂-၁ ဘုန်းမောက်
အဲဗာတန် ၁-၂ လက်စတာ
ဆောက်သမ်တန် ၀-၃ နယူးကာဆယ်
၀က်ဟမ်း ၁-၁ ခရစ်စတယ်ပဲလေ့စ်

Patrice Evra’s Premier League predictions including Chelsea vs Arsenal