ကာဆီမီရို အသင်းဆီ ဘာတွေ ယူဆောင်လာသလဲ ၊ သူ့ကို တိုးတက်အောင် တန်ဟတ် ဘယ်လို ကူညီပေးခဲ့သလဲ ဆိုတာကို ရှင်းပြလိုက်တဲ့ ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းလိုခဲ့ပြီး ဘာစီလိုနာ အသင်းမှ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ဦးစားပေး ခေါ်ယူလိုခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ကာဆီမီရို ကို ရရှိခဲ့ပါတယ် ။

အဆိုပါအချိန်တုန်းက အသက် 30 အရွယ် ကစားသမား အတွက် ယူနိုက်တက်တို့ ပေါင် သန်း 60 အထိ အသုံးပြုခဲ့တဲ့ အတွက် ဝေဖန်ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ အစပိုင်းတုန်းက ယူနိုက်တက် အတွက် ပွဲထွက် မရခဲ့တဲ့ ဘရာဇီးသားဟာ ပွဲထွက်ခွင့် ရတာနဲ့ ဆက်တိုက် ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာ နောက်ခံလူ ဒီယိုဂို ဒါးလော့ ကတော့ အသင်းဖော် ကွင်းလယ်လူ ကာဆီမီရို ကို ချီးကျူး သွားခဲ့လိုက်ပြီး သူဟာ ဒီရာသီ အသင််းကို ထူးထူးကဲကဲ ကူညီပေးနိုင်ခဲ့တယ်လို့ အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

” ကာဆီမီရို က ဘာလဲ ဆိုတာကို ကမ္ဘာ့ကြီးကို ပြောပြဖို့ လိုတောင် လိုအပ်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ သူက ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ ။ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ယောက်ပေါ့ဗျာ ။ ကျွန်တော်တို့ဖက်က ကစားသမား ဘဝ ဆုဖလားတွေ အများကြီး ရယူထားနိုင်ခဲ့တဲ့ ဒီလို ကစားသမားနဲ့ အတူရှိနေရတာ ပျော်ရွှင်ကြပါတယ် ”

” ဒါက အသင်းကို ခမ်းနားတဲ့ အင်အားဖြည့်တင်းမှု တစ်ခုဖြစ်ခဲ့ရပါတယ် ။ သူဟာ ဒီရာသီ အသင်းကို အများကြီး ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ် ” လို့ ဒါးလော့ က ပြောခဲ့လိုက်ပြီး နည်းပြသစ် အဲရစ် တန်ဟတ် ဟာ သူ့ကို ပိုကောင်းအောင် ဘယ်လို ကူညီိပေးနိုင်ခဲ့သလဲဆိုတာပါ ဆက်လက် ပြောခဲ့ပါတယ် ။

” ခံစစ်ပိုင်း ပိုပြီး တိုးတက်လာဖို့ဆိုတာ ကျွန်တော် နေ့စဥ်နေ့တိုင်း လေ့ကျင့်နေခဲ့တဲ့ အရာ တစ်ခုပါပဲ ။ ခံစစ်တင် မဟုတ််ပါဘူး ၊ တိုက်စစ်လည်း ပါတာပေါ့ ။ ကျွန်တော်တို့ ကွင်းထဲမှာ အသင်းအတွက် ဖြည့်စွက် ကစားပေးနိုင်တဲ့ အရာတွေ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တယ်လေ ”

” ထင်ရှားတာ တစ်ခုက ဒီနည်းပြ ကျွန်တော့်ကို အကူအညီိတွေပေးတာ ၊ ကျွန်တော့် အပေါ် ယုံကြည်မှုတွေ ထားပေးတာတွေက အပါတ်စဥ် အပါတ်တိုင်း နေ့စဥ်နေ့တိုင်း ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား တစ်ဦး ၊ ပိုကောင််းတဲ့ လူသား တစ်ဦး ဖြစ်စေနိုင်ခဲ့ပါတယ် ”

” သူ့ကျွန်တော့်အပေါ် အခုလို ယုံကြည်မှုတွေပေးဆောင်လို့ အရမ်းပဲ ပျော်ရွှင်မိ ပါတယ် ။ အဲ့တာရဲ့ အပြန်အလှန် အနေနဲ့ ကျွန်တော့်ဖက်ကလည်း ဝက်စ်ဟမ်း နဲ့ ပွဲတုန်းက ကစားသလို ကစားနိုင်ဖို့ ကြိုးစားရပါ့မယ် ။ ဒီနည်းအတိုင််း ကျွန်တော့်ကိုကျွန်တော် ပိုတိုးတက်အောင် လုပ်ရပါ့မယ် ” လို့ ဒါးလော့ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar