အာဆင်နယ် ကို ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုတဲ့ အော်ဘာမီယန်း ရဲ့ပြောစကားအပေါ် မှတ်ချက်ပေးလိုက်တဲ့ အာတေတာ

ဥရောပ ပြိုင်ပွဲတွေရဲ့ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားချိန်မှာ အမှတ်ပေးလိဂ်တွေရဲ့ အလှည့် ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး Vs အာဆင်နယ် ၊ စပါး Vs လီဗာပူး တို့လို ပွဲကြီးပွဲကောင်းတွေ ရှိနေပါတယ် ။

ချဲလ်ဆီး Vs အာဆင်နယ် ပွဲအတွက် BT Sport ရဲ့ ပွဲကြို promotion video မှာတော့ ဂန်းနားဖြစ်ခဲ့ဖူးတဲ့ လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူး အော်ဘာမီယန်း ဟာ အာဆင်နယ် နဲ့ ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီလို့ သတင်းစကား ပါးသွားခဲ့ပါတယ်

။ အော်ဘာမီယန်း က ” အာဆင်နယ် ၊ ပုဂ္ဂိုလ်ရေးခံစားချက် ဘာမှတော့ မရှိပါဘူး ၊ ငါ ပြန်လာပြီနော် ၊ အပြာရောင်တပ်သား အဖြစ်နဲ့ပေါ့ ၊ အဆင်သင့်ပါပဲ ။ ” လို့ ပြောကြား ခဲ့တာပါ ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အော်ဘာမီယန်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ဘာစီလိုနာ အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့သူပါ ။ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး အော်ဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀.၃ သန်း ပေးချေ ခဲ့ရပါတယ် ။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကမှ အာဆင်နယ် အသင်းကနေ အော်ဘာမီယန်း ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ စာချုပ်ချုပ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ အော်ဘာမီယန်း ဟာ အာဆင်နယ် အသင်းမှာ လေးနှစ်ကြာ ကစားခဲ့ပြီး ၁၆၃ ပွဲ ကစားကာ သွင်းဂိုး ၉၂ ဂိုး အထိ သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ် ။

အော်ဘာမီယန်း ဟာ အာဆင်နယ် က မထွက်ခင် အချိန်မှာ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံရပြီး ပွဲထွက်လူစာရင်း ကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် နဲ့ အော်ဘာမီယန်း တို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး ဂါဘွန်သားကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

အော်ဘာမီယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ ။ ဒီတစ်ပတ်မှာတော့ အော်ဘာမီယန်း ဟာ အသင်းဟောင်း အာဆင်နယ် နဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ကတော့ ဇူးရစ်ချ် နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အော်ဘာမီယန်း ရဲ့ ပြောစကား အပေါ် “ကစားသမားတွေ အဲ့ဒီလို ပြောဖို့ ခင်ဗျားတို့ ကိုယ်တိုင်လည်း မျှော်လင့် နေကြတာမလား ၊ ကျွန်တော်တို့ အသင်းက ကစားသမားတွေကိုလည်း ခုဒီမှာ ကစားနေရတဲ့ အပေါ် ဘယ်လို ခံစားနေရလဲ မေးကြည့်ရင် သူတို့လည်း အော်ဘာ ပြောသလိုမျိုးပဲ ဖြေကြပါလိမ့်မယ် ။

” အော်ဘာမီယန်း က ပြိုင်ဘက်တွေ အတွက် သိပ်ကို အန္တရယ် ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ ၊ သူ့မှာ ပြိုင်ဘက် ဂိုးပေါက်ထဲ ဂိုးဝင်အောင် ဘယ်လို သွင်းရမလဲ သိတဲ့ အရည်အသွေး ရှိပါတယ် ၊ ဘောလုံး ကစားသမား ဘဝ ကနေ အနားမယူခင်အထိ ဂိုးတွေ သွင်းနေဦးမယ့် ကစားသမားပါ ။” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM