သရဲနီတို့ အနိုင်ရခဲ့ပေမဲ့ မပျော်ခဲ့ရတဲ့ ဆိုစီဒတ် 0-1 ယူနိုက်တက် ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ….

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရိုပါလိဂ် အုပ်စု အဆင့် နောက်ဆုံး ပွဲစဥ်အဖြစ် စပိန်မြေမှာ ရီးယဲ ဆိုစီဒတ် အသင်းကို သွားရောက် ရင််ဆိုင်ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရလဒ် ရယူ သွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီရလဒ်ဟာ ယူနိုက်တက်တို့ကို အုပ်စု ဒုတိယ အဖြစ်သာ ဆက်လက် ရှိစေခဲ့တဲ့ အတွက် ပျော်ရွှင်မှု မပေးနိုင်တဲ့ နိုင်ပွဲမျိုးသာ ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှာလဲ ယူနိုက်တက်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အရင်လို ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများကြီး မလုပ်ပြနိုင်ခဲ့ပါဘူး ။

ဒီပွဲမှာတော့ ရီးယဲ ဆိုစီဒတ် အသင်းဖက်ကတောင် ပိုပြီး ဂိုးပေါက် ခြိမ်းခြောက်ပြနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီဂီိယာ ထပ်မံ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက်် ပရိသတ်တွေ မျှော်လင့်ချက် ထားနေခဲ့ကြတဲ့ လူငယ်လေး ဂါနာချိုက အနိုင်ဂိုး သွင်းခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီဂိုးကိုတော့ ဂါနာချို ဟာ ပွဲချိန် 17 မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး ဒါက သူ့ရဲ့ ယူနိုက်တက် စီနီယာကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ဖြစ်သွားခဲ့ရပါတယ် ။ အထူးသဖြင့် ဒီဂိုးကို ရော်နယ်ဒို ဖန်တီးပေးခဲ့တာက လူငယ်လေး အတွက် တစ်သက်တာ အမှတ်တရတစ်ခု ဖြစ်သွားစေမှာ အသေအချာပါပဲ ။

ဘယ်လိုပဲဖြစ်ပါစေ ၊ ယူနိုက်တက်တို့ အုပ်စုဒုတိယသာ ရရှိခဲ့ကြတဲ့အတွက် နောက်တစ်ဆင့်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲဲမှ ထွက်ခွာလာသူတွေနဲ့ တွေ့ဆုံရပါတော့မယ် ။ ဒီပွဲစဥ်မှ ယူနိုက်တက် အတွက် ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ပထမပိုင်းပြီးခါနီးမှာ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု 2 ကြိမ်ဆက် လုပ်ပြနိုင်ခဲ့သလို သတိရှိရှိ ကစားပေးနိုင်ခဲ့ပါတယ် ။ ဘောလုံး ပေးပို့မှုတွေ တိုးတက်လာခဲ့ပါပြီ ။

ဒါးလော့ (7)

ယူနိုက်တက် အတွက် 25 ပွဲဆက်တိုက် ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး ခံစစ်ပိုင်း စွမ်းဆောင်ရည် ထူးကဲခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်းကစားပုံက သိပ်ပြီး အားရစရာ မဖြစ်ခဲ့ရပါဘူး ။

လင်ဒီလော့ဖ် (7)

ပြန်လည် ပွဲထွက်ခွင့် ရရှိခဲ့ပြီး တည်ငြိမ်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ပြန်ပါတယ် ။ မာတီနက်ဇ် နဲ့ တွဲဖက် ကစားပုံ ပိုကောင်းလာခဲ့ပါပြီ ။

မာတီနက်ဇ် (8)

ဂိုးဧရိယာထဲမှာ ဘောလုံးလုယူပုံတွေ ထူးကဲကောင်းမွန်ခဲ့ပါတယ် ။ အသင်းဖော်တွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်စွက် ကစားပေးနိုင်ခဲ့ပါတယ် ။

ရှော (7)

တိုက်စစ်ပိုင်း မကြာခန လိုက်ပါခဲ့ပြီး လူထပ် ကစားပုံလည်း ​ကောင်းမွန်ခဲ့ပါတယ် ။ ဒီပွဲမှာ သူ့ရဲ့ ခံစစ် ကစားဟန်လည်း ကောင်းမွန်ခဲ့ပါတယ် ။

ကာစီမီရို (7)

ဒီနေ့တော့ ခံစစ်ပိုင်း ပိုမို ဖြည့်စွက် ကစားပေးခဲ့ရပြီး လိုအပ််တဲ့ အချိန်မှာ လိုအပ်တဲ့ နေရာကို ရောက်ရှိနေတတ်ခဲ့ပါတယ် ။ စွမ်းဆောင်ရည် ကောင်းခဲ့ပြန်ပါတယ် ။

အဲရစ်ဆင် (6)

အဝေးဘော ပေးပို့မှုတွေ ကောင်းလွန်းခဲ့ပါတယ် ။ ဒါပေမဲဲ့ 3-3-3-1 ကစားကွက်မှာ အကောင်းမွန်ဆုံး အံဝင်အောင် မကစားနိုင်ခဲ့ပဲ အခက်တွေ့ခဲ့ရပါတယ် ။

ဗန်ဒီ ဘိခ် (3)

နယ်သာလန် အတွက် ကမ္ဘာ့ ဖလား ကစားပေးချင်နေခဲ့တဲ့ ကွင်းလယ်လူဟာ သူကစားချင်တဲ့ တိုက်စစ်ပိုင်းမှာ နေရာယူ ကစားခွင့် ရရှိခဲ့ပေမဲ့ ဘာမှ ထူးကဲမပြနိုင်ခဲ့ပြန်ပါဘူး ။

ဘရူနို (6)

ညာတောင်ပံမှာ ကစားခဲ့ရပေမဲ့ ဒီပွဲမှာ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပါတယ် ။ အဖွင့်ဂိုး ရရှိရေးမှာလည်း ပါဝင််ပတ်သက်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အကောင်းဆုံး ခြေစွမ််းတော့ မပြနိုင်သေးပြန်ပါဘူး ။

ဂါနာချို (7)

စီနီယာ ကစားသမား ဘဝရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ် ။ ကစားပုံ အားရစရာ ဖြစ်ခဲ့ပြီး နောက်ထပ်် အခွင့်အရေး ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး ။

ရော်နယ်ဒို (6)

ဂါနာချို အတွက် ဂိုးဖန်တီး ပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ စွမ်းသမျှအကြိုးစားလိုခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

ရပ်ရှ်ဖို့ (5)
တော်မီနေး (5)
ဖရက်ဒ် (5)
မက်ဂွားယား (5)

#Sports_Myanmar