ရော်နယ်ဒို အပေါ် တန်ဟတ် ရဲ့ ဆက်ဆံပုံက မျှတမှု ရှိမရှိ ပြောပြလိုက်တဲ့ အီဗရာ

 

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်ခံစစ် ကစား သမားဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာက လက်ရှိ နည်းပြ အဲရစ် တန်ဟတ် မှ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အပေါ် ဆက်ဆံနေပုံကို ထင်မြင်ချက် ပေးသွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို 2 – 0 ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ် ပြီးဆုံးခါနီး မိနစ်ပိုင်း အလိုမှာ နည်းပြ အဲရစ် တန်ဟတ် က လူစားဝင် ကစားစေလိုခဲ့ပေမဲ့ ငြင်းဆန်ခဲ့ပြီး အဝတ်လဲဲခန်းဆီ ထွက်သွားခဲ့ပါတယ် ။

အဲ့ဒီနောက် အဲရစ် တန်ဟတ်က သူ့ကို တစ်ဦးထဲ လေ့ကျင့်စေခဲ့ပြီး ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာလည်း ပွဲထွက်ကစားသမား စာရင်းမှာရော အရံခုံမှာပါ ခေါ်မလာတဲ့အထိ ဆုံးဖြတ်ချက် ပြတ်သားခဲ့တဲ့ အတွက် ပရိသတ်တွေ အံ့သြခဲ့ရပါသေးတယ် ။

အဲ့ဒီနောက် ရှရိဖ်နဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ သူဟာ ယူနိုက်တက် အတွက် ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ စိတ််သက်သာရာ ရရှိသွားပြီ ဖြစ်ကြောင်း ပေါ်လွင်စေတဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ဝက်စ်ဟမ်း နဲ့ ရင်ဆိုင်ခဲ့ကြတဲ့ ပွဲစဥ်မှာလည်း သူဟာ ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့ပြန်ပြီး ပုံစံကောင်းအချို့ ပြသနိုင်ခဲ့တဲ့အတွက် ယူနိုက်တက်တို့ရဲ့ ယူရို ပါလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ပါဝင် ကစားခွင့် ရရှိနိုင်မယ်လို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်ခဲ့ဖူးတဲ့ ပတ်ထရစ် အီဗရာက ရော်နယ်ဒို အပေါ် အဲရစ် တန််ဟတ် ရဲ့ ဆက်ဆံပုံက မျှတခဲ့တယ်လို့ ထင်နေမိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပြီး သူ့ရဲ့ အတွေးကို ဖွင့်ဟခဲ့လိုက်ပါတယ် ။

” တန်ဟတ်က တကယ်ပဲ မျှတခဲ့တယ်လို့ ကျွန်တော်ထင််မိပါတယ် ။ ဒီ မန်နေဂျာ ဟာ ‘ ငါ မရှုံးနိမ့်စေရဘူး ‘ ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ နည်းပြပဲလို့ ကျွန်တော် ခံစားရပါတယ် ။ သူဟာ အရှုံးကို ငြင်းဆန်လိုသူ တစ်ဦးပါပဲ ။ သူဟာ ညဖက်တွေ အိပ်ရော အိပ်ရဲ့လားတောင် ကျွန်တော် မပြောတတ်ပါဘူး ။ သူ အရမ်းကို ကြိုးစားမယ့်သူ ပါပဲ ”

” တန်ဟတ်နဲ့ ရော်နယ်ဒိုတို့ရဲ့ ကိစ္စမှာတော့ လူတွေက ဒီအကြောင်းမေးကြရင် အဖြေပေးမနေနဲ့လို့ ကျွန်တော် သူ့ကို ပြောခဲ့ဖူးပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကွယ််မှာ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲဆိုတာကို အဲ့လူတွေ ဘာမှ မသိကြဘူးလေ ”

” ဘာလဲ? ဆိုတဲ့ ခေါင်းစဥ်တစ်ခုကို ထင်ကြေးပေးရာမှာ လူတွေက အရမ်း မြန်ကြတယ်လေ ။ သူ ဒီလို လုပ်တယ် ၊ ဒီအတွက် အပြစ်ဒဏ်ပေးရမယ် ဆိုတာမျိုးပေါ့ ။ ခရစ္စတီယာနိုဟာ လူသားတစ်ဦးပဲ ဆိုတာကို လူတွေ မေ့လျော့နေကြပုံပါပဲ ။ ကျွန်တော်ကတော့ သူ့ကို lion လို့ပဲ ခေါ်ဆိုမှာပါ ”

” သူဟာ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းပြခဲ့တယ်လေ ။ ဒါပေမဲ့ သူ့မှာလည်း ခံစားချက်တွေ ၊ ခံပြင််းမှုတွေ ရှိတာပါပဲ ။ လူတွေက မှားတဲ့ စိတ်ဓါတ်မျိုးပဲလို့ ပြောကြတဲ့ ကိစ္စမျိုးကို ကျွန်တော် အလွယ် မှတ်ချက် မပေးတတ်ပါဘူး ။ အခြားသောသူတွေလည်း ဒီလိုပဲ ဖြစ်နေသင့်ပါတယ် ”

” သူ ဒီလို လုပ်တယ် ၊ အပြစ်ပေးရမယ် ဆိုတာထက် သူဘာလို့ ဒီလို လုပ်တာလဲ ဆိုတာကို သိမြင်ဖို့ လိုအပ်တယ်လေ ။ ကျွန်တော်ကတော့ ခရစ္စတီယာနို ဆိုတာ ကမ္ဘာ့ အကောင််းဆုံး ကစားသမား တစ်ဦး ၊ ပြီးတော့ အဲရစ် တန်ဟတ် ဆိုတာ အသင်းအတွက် အနိုင် ရလဒ်ပဲ ရယူလိုချင်သူ တစ်ဦးပဲလို့ မြင်မိပါတယ် ”

” သူတို့ နှစ်ဦးလုံးမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိပါတယ် ။ ဒီအတွက် အဖြေ တစ်ခု ထုတ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ် ။ အဲ့တာက အတူတူ အလုပ်တွဲလုပ်တာ ဒါမှမဟုတ် တစ်ယောက် ထွက်သွားတာ ဖြစ်ဖို့ပဲ ရှိပါတော့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက် အတွက် အရေးကြီးတာက ယူနိုက်တက်ပါ ၊ ရော်နယ်ဒို နဲ့ တန်ဟတ် မဟုတ်ပါဘူး ” လို့ အီဗရာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar