ရာသီကုန်တွင် အာဆင်နယ် ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် ၊ လီဗာပူး တို့ အဆင့် ဘယ်လောက်မှာ ရပ်တည်မလဲ ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီးလ်

 

ဂယ်ရီနဗီးလ် က Daily Mirror မှာ ” မန်ချက်စတာ စီးတီး အသင်းကတော့ ကျိန်းသေပေါက် Top 4 ဝင်မယ့် အသင်းပါ ၊ တော့တင်ဟမ် အသင်းလည်း ဝင်မယ်လို့ ကျွန်တော် ထင်ပါတယ် ၊ အာဆင်နယ် အသင်းကိုလည်း ထည့်ပြောချင်ပါတယ် ၊ သူတို့ ဝင်လိမ့်မယ်လို့လည်း ထင်ပါတယ် ။ ”

” ဒီရာသီ က နှစ်ပိုင်းခွဲပြီး ကြည့်ရမယ့် ဘောလုံး ရာသီ တစ်ခုပါ ၊ အသင်းတွေရဲ့ အရှိန်အဟုန် ပြောင်းလဲ သွားတာ အဆင့် ရပ်တည်မှုတွေ လုံးဝ ပြောင်းလဲ သွားတာကို မြင်တွေ့ ရလိမ့်မယ်လို့ ထင်ပါတယ် ၊ မန်စီးတီး ကတော့ ထိပ်ဆုံး ကနေ ပြေးနေမယ့် အသင်းပါပဲ ။ ”

” လီဗာပူး အသင်း ပြန်လာ နိုင်လိမ့်မယ်လို့တော့ ထင်ပါတယ် ၊ ချဲလ်ဆီး အသင်း ဘာလုပ်မှာလဲ ဆိုတာ ခုထက်ထိ ကျွန်တော်တို့ မမြင်ရသေးပါဘူး ၊

ရာသီကုန် အထိ သူတို့ အခု နေရာမှာ ဆက်ရှိ နိုင်မှာလား ၊ အာဆင်နယ် ရော ခုနေရာမှာ ဆက်ရှိ နိုင်မှာလား ၊ တော့တင်ဟမ် အသင်း အဆင့်ကျသွားမယ်လို့တော့ မထင်ပါဘူး ။ ”

” သေချာပေါက် ပြောနိုင်တာ တစ်ခုကတော့ အခု အမှတ်ပေးဇယား အဆင့် ရပ်တည်မှု နဲ့ ရာသီကုန် အဆင့် ရပ်တည်မှု က လုံးဝ ကွဲပြား ခြားနားနေမယ် ဆိုတာပါပဲ ။ ကျွန်တော်ကတော့ မန်စီးတီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် ၊ မန်ယူနိုက်တက် တို့ Top 4 ဝင်ပြီး လီဗာပူး နဲ့ ချဲလ်ဆီး Top 4 လွဲမယ် လို့ ထင်ပါတယ် ။ ”

” ဒါပေမယ့် အရိုးသားဆုံး ပြောရရင် အာဆင်နယ် အသင်း Top 4 သေချာပေါက် ဝင်မယ်လို့ ပြောနေကြတာကို ကျွန်တော် တစ်ဦးတည်း အမြင်အရတော့ သဘောမတူပါဘူး ။ အာဆင်နယ် အသင်း အနေနဲ့ Top 4 နဲ့ ထိုက်တန်ကြောင်း ရာသီကုန် အထိ သက်သေ ပြဖို့ လိုအပ်ပါတယ် ။ ”

” ဒါပေမယ့်လည်း အခု လက်ရှိ အချိန်မှာ အာဆင်နယ် အသင်း ကစားတာကို ကြည့်ရတာ သဘောကျ နှစ်ခြိုက်ပါတယ် ၊ သူတို့ တကယ့်ကို မယုံနိုင်လောက် ကောင်းနေကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂယ်ရီနဗီးလ် ရဲ့ ရာသီကုန် Top 6 ခန့်မှန်းချက်

၁ ။ မန်စီးတီး
၂ ။ အာဆင်နယ်
၃ ။ တော့တင်ဟမ်
၄ ။ မန်ယူနိုက်တက်
၅ ။ ချဲလ်ဆီး
၆ ။ လီဗာပူး

SM