ယူနိုက်တက် ကြယ်ပွင့်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်ခံစစ် ကစား သမားဟောင်း တစ်ဦးဖြစ်သူ ပတ်ထရစ် အီဗရာက လက်ရှိိ အသင်းမှ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစား သမားဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ​နေ့တုန်းက ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက် ကစားသမား ဘဝ သွင်းဂိုး 100 ပြည့်မြောက်ခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ သူဟာ အသင်းအတွက် အဖိုးတန် အနိုင် သုံးမှတ် ရယူပေးနိုင်ခဲ့သလို ယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး 100 ပြည့်မြောက်တဲ့ 22 ယောက်မြောက် ကစားသမားလည်း အဖြစ်လည်း မှတ်တမ််းကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

တကယ်တော့ ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာတွေ အကြား ရုန်းကန်ခဲ့ရစဥ် တစ်ရာသီလုံး အသင်းအတွက် 5 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ အခုတော့ သူဟာ အဆိုပါ မှတ်တမ်းဆိုးကို ဒီရာသီ 6 ပွဲလောက် ကစားပေးပြီးနောက် ကျော်ဖြတ်နိုင်ခဲ့ပါပြီ ။

ဒါ့အပြင် ရပ်ရှ်ဖို့ဟာ 2021 ဇန်နဝါရီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် နှစ်ပွဲဆက် ဂိုးသွင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေဟာ ပြီးခဲ့တဲ့ ရာသီတုန်းကထက် တိုးတက််လာခဲ့တာ ထင်ရှားနေပါပြီ ။

ဒီအတွက် ဝက်စ်ဟမ်း နဲ့ နိုင်ပွဲ အပြီး ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ကို ချီးကျူးခဲ့ပါသေးတယ် ။ အခုတော့ ယူနိုက်တက် နောက်ခံလူဟောင်း ပတ်ထရစ် အီဗရာ ကလည်း ရပ်ရှ်ဖို့ ဟာ သူ့ရဲ့ ကစားသမား ဘဝကို ပြန်လည် ပျော်ရွှင်ခံစားနေပြီ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ လူတွေဟာ ရပ်ရှ်ဖို့ ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်ခဲ့ပါလိမ့်မယ် ။ သူနဲ့ ပတ်သက်လို့ ကွင်းအတွင်းထက် ကွင်းပြင််ပက အကြောင်းအရာတွေဟာ ပိုပြီး သတင်းကောင်း ဖြစ််ခဲ့ရတယ်လေ ။ သူဟာ ကွင်းပြင်ပမှာ ခမ်းနားတဲ့ အရာ အချို့ကို လုပ်ပြနိုင်ခဲ့ပါတယ် ”

” ဒါပေမဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက ပျောက််ဆုံးနေခဲ့ရပါတယ် ။ အဲ့တာကို သူကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့အတွက် ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ် ။ အခုတော့ သူဟာ ခြားနားတဲ့ mindset တစ်ခုကို ပိုင်ဆိုင်နေပါပြီ ။ သူဟာ သူ့ရဲ့ ပြသနာကို ဖြေရှင်းပြီး အဲ့ရစ် တန်ဟတ်ရဲ့ လက်အောက်မှာ ပျော်နေပြီလို့ ထင်မိပါတယ် ”

” ရပ်ရှ်ဖို့ ဆီမှာ ခမ်းနားတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်မယ့် အလားအလာကောင်းတွေ တကယ်ကို ရှိနေခဲ့တာပါ ။ ကစားသမားတိုင်းက သူ့လို လျင်မြန်မှု ၊ အရည်အသွေး နဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ရှိချင်ကြမှာပါ ။ သူ့ဆီမှာ အရာရာတိုင်း ရှိနေပါတယ် ။ ဒါပေမဲ့ သူ ပိုပြီး ရင့်ကျက်ဖို့ လိုအပ်သလို ဘောလုံးအပေါ် ပိုပြီးအာရုံစိုက်ဖို့ လိုပါသေးတယ် ”

” သူသာ အဲ့တာတွေကို လုပ်ပြနိုင်ရင် ခမ်းနားတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ် ။ သူ သွင်းဂိုး 100 ပြည့်ခဲ့တဲ့ အတွက် ကျွန်တော် မအံ့သြမိပါဘူး ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နိုင်မယ့်သူပါ ။ ဒါသေချာပါတယ် ။ ဒီအတွက် သူ့ကို အချိန်တော့ ပေးရပါလိမ့်မယ် ”

” သူနဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့သူတွေ အများကြီး ရှိခဲ့ကြဖူးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူ ဘာတွေ လုပ်နိုင်သလဲဆိုတာ အားလုံး သိနေခဲ့ကြလို့ပါပဲ ။ အခု သူ ပျော်ရွှင်နေပါပြီ ။ ဂိုးသွင်းတဲ့ အခါတိုင်း ပြုံးရွှင််မှုတွေနဲ့ အော်ဟစ် ပေါက်ကွဲတာမျိုးတွေ လုပ်ပြနိုင်ပါပြီ ” လို့ အီဗရာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar