ဒီရာသီကုန်မှာ မန်စီးတီး အာဆင်နယ် တို့နဲ့အတူ top 4 ၀င်ခွင့်ရသွားမယ့် အသင်းတွေကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူးဟာ ဒီရာသီမှာ တာထွက် ဆိုးရွားနေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် တို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်၀င်ခွင့် ရရှိသွားမှာ ဖြစ်တယ်လို့ ယူဆနေပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီက title race ရဲ့ နောက်ဆုံးရက်မှာ မန်စီးတီးကို တစ်မှတ်တည်းနဲ့ အရေးနိမ့်ခဲ့တဲ့ အပြင် ချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပြည်တွင်းရှုံးထွက်ဖလား ၂ လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်း ဖြစ်တာကြောင့် လူတော်တော်များများက ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲ၀င်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း the Reds တို့ဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၄ ပွဲနဲ့အတူ အမှတ်ပေးဖလားရဲ့ အဆင့် ၉ နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်၀င်ခွင့်နဲ့လည်း ၈ မှတ်အကွာကို ရောက်နေခဲ့ပါတယ်။ လီဗာပူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ ရုန်းကန်နေရတဲ့ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ဆက်တိုက် ရှုံးထားခဲ့တဲ့ အသင်း ဖြစ်ပြီး လူအများစု ကတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ top 4 ၀င်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

ဒါပေမယ့်လည်း ကာရေဂါက လီဗာပူးဟာ ဆိုးရွားတဲ့ ရာသီကို ရှောင်ရှားနိုင်ကာ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ကို ကျော်ပြီး top 4 ၀င်သွားလိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ကာရေဂါက မန်စီးတီးဟာ အမှတ်ပေးဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ဒီရာသီမှာ သူကြည့်ရတာ နှစ်သက်တဲ့ အာဆင်နယ် ကလည်း ဒုတိယနေရာ ရသွားမယ်လို့ ဆိုသွားပါတယ်။

လီဗာပူး ဂန္တ၀င်က “ကျွန်တော် ကတော့ မြောက်လန်ဒန် ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ဟာ ရာသီကုန်မှာ top 4 ၀င်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီလို တကယ် ယုံကြည်ထားပါတယ်။ ကျွန်တော် ဒီရာသီ အာဆင်နယ်ရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်ပါတယ်။ သူဟာ ဒီရာသီ ကျွန်တော် စောင့်ကြည့်ရတာ အနှစ်သက်ဆုံး အသင်းတောင် ဖြစ်နိုင်ပါတယ်။

လီဗာပူး ကတော့ ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ကို ကျော်ကာ top 4 ၀င်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီနောက် မန်စီးတီး နဲ့ အတူ မြောက်လန်ဒန် ကလပ် နှစ်သင်းကလည်း top 4 ကို ရနိုင်ပါလိမ့်မယ်။

ဒါပေမယ့် top 4 ၀င်ခွင့် အတွက် နောက်ဆုံးပွဲစဉ် အထိ တိုက်ပွဲ၀င်သွားရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လီဗာပူး ပရိတ်သတ် တစ်ဦး အနေနဲ့ ဒီအချိန်မှာ ကိုယ့်ကို အဆင့် ၄ နေရာ ပေးမယ် ဆိုရင် ကျေကျေနပ်နပ် လက်ခံသွားမှာပါ။ ကျွန်တော်ကတော့ လီဗာပူးဟာ ဒီနေရာ အတွက် ကောင်းကောင်း တိုက်ပွဲ၀င်ရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ လွယ်လွယ်ကူကူပဲ အဆင့် ၆ နေရာ ရသွားနိုင်ပါတယ်။ ဒါပေမယ့် ဒုတိယ ရာသီ၀က်မှာတော့ ကျွန်တော်တို့ဟာ အရင်က လီဗာပူးကို ပြန်လည် မြင်တွေ့နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားပါတယ်။

လီဗာပူးတို့ ဒီလို ပုံစံနဲ့ ပြန်လာနိုင်မယ် ဆိုရင် သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ အခြား အသင်းတွေ အတွက် တအားကို ကောင်းလွန်းနေမှာပါ။ မန်စီးတီးက လွဲပြီးပေါ့။ ဒါပေမယ့် ဒုတိယရာသီ၀က်မှာလည်း သူတို့ ခြေစွမ်း မတည်မငြိမ် ဖြစ်နေအုံးမယ် ဆိုရင် ဒါဟာ သူတို့ အတွက် ခက်ခဲသွားပါလိမ့်မယ်။” လို့ ဆိုသွားပါတယ်။

SM