အာတေတာ ရဲ့ ရှင်းထုတ်ခြင်းကို ခံခဲ့ရပေမယ့် အာဆင်နယ် နဲ့ အာတေတာ ရဲ့ ဒီရာသီ စွမ်းဆောင်ရည်အပေါ် ချီးကျူး ပြောဆိုလိုက်တဲ့ ဘယ်လာရင်

ဂန်းနား နောက်ခံလူဟောင်း ဘယ်လာရင် က အာဆင်နယ် အသင်းဟာ နည်းပြ အာတေတာ အပေါ် ယုံကြည်မှု ပေးခဲ့တဲ့ အကျိုးကျေးဇူး ရလဒ်တွေကို ခံစား နေရ​ပြီ ဖြစ်တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

စပိန် နောက်ခံလူ ဟက်တာ ဘယ်လာရင် ဟာ အသက် ၁၆ နှစ် အရွယ်မှာပဲ ဘာစီလိုနာ အသင်း ရဲ့ လာမာစီယာ အကယ်ဒမီ ကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာသူ ဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အမ်းမရိတ်မှာပဲ ဖြတ်သန်း ခဲ့သူပါ ။

ဘယ်လာရင် ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အာဆင်နယ် အသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်လာခဲ့သူ ဖြစ်ပြီး အာဆင်ဝင်းဂါး လက်ထက်မှာ လက်ရှိ နည်းပြ အာတီတာ နဲ့ အတူ အက်ဖ်အေဖလား နှစ်လုံး ကိုင်မြှောက် နိုင်ခဲ့သူ ဖြစ်ပါတယ် ။

ဒါပေမယ့် ဘယ်လာရင် ဟာ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ပြန်ကစားနိုင်ချိန်မှာလည်း အရင်ကလို ခြေစွမ်းကောင်း ပြသ နိုင်ခြင်း မရှိတော့ပါဘူး ။ ဒါကြောင့်အာတီတာ ဟာ ဘယ်လာရင်ကို ပွဲထွက် လူစာရင်းကနေ ဖယ်ထုတ် ခဲ့ပါတယ် ။

အဲ့ဒီနောက် ဘယ်လာရင် ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ် ။ ဒီနွေရာသီမှာတော့ ဘယ်လာရင် ဟာ သူ့ရဲ့ငယ်ဘဝ ကလပ် ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဘယ်လာရင် က ဘာစီလိုနာ အသင်း ရဲ့ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ မတိုင်မှီ အင်တာဗျူးမှာ ” ဘောလုံးလောကမှာ စိတ်ရှည် သည်းခံမှု က နည်းသထက် နည်းလာပါပြီ ။ လုပ်ငန်းစဉ် တစ်ခုက ဘယ်လောက် အထိ အရေးပါ သလဲဆိုတာ ပြသနေတဲ့ ရှင်းလင်းတဲ့ သက်သေတွေ အများကြီး ရှိပါတယ် ။ ”

” အဲ့ဒီ သက်သေကို ပက်ဂွာဒီယိုလာ ၊ ဂျာဂျင်ကလောပ့် ၊ အာတေတာ တို့ရဲ့ အသင်းတွေမှာ တွေ့နိုင်ပါတယ် ။ project တွေကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပြီး ပြင်ဆင် လုပ်ဆောင် ရတာပါ ၊ လုပ်ငန်းစဉ် အကောင်အထည် ပေါ်လာဖို့ အချိန်လည်း ယူရပါတယ် ၊ ယုံကြည်မှု နဲ့ စဉ်ဆက်မပြတ် တိုးတက်နေမှုကလည်း အရေးပါပါတယ် ၊ ရောမမြို့ကို တစ်ရက်ထဲနဲ့ တည်ဆောက်ခဲ့တာမှ မဟုတ်တာဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM