အာဆင်နယ် အသင်း ကစားတာ လုံးဝ ကြောက်စရာကြီး လို့ ဝန်ခံ ပြောကြားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် နောက်ခံလူ

လီဗာပူး အသင်း ကို အနိုင် ယူခဲ့ပြီးနောက် နော်တင်ဟမ် ဖောရက်စ် အသင်းသားတွေဟာ အာဆင်နယ် နဲ့ ပွဲမှာ တစ်ခုခု ထပ်လုပ်ပြ နိုင်ဖို့ အားခဲ ထားခဲ့ကြပါတယ် ။ နော်တင်ဟမ် ဖောရက်စ် ကပ္ပတိန် ရိုင်ယနိရိတ်စ် ဆို အာဆင်နယ် နဲ့ ကစားဖို့ မစောင့်နိုင်တော့အောင် ဖြစ်နေပြီ ဖြစ်ကြောင်း ဖွင့်ပြော ခဲ့တဲ့ အထိပါပဲ ။

လီဗာပူး ကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ရိတ်စ် ဟာ ” ကျွန်တော်တို့ အားလုံး အာဆင်နယ် နဲ့ ကစားရမယ့်ပွဲကို အမြန်ဆုံး ရောက်ချင်နေကြပါပြီ ။ တနင်္ဂနွေနေ့အမ်းမရိတ်မှာ ကစားရမယ့်ပွဲမှာလည်း ကျွန်တော်တို့ အသင်းက underdog အသင်း အဖြစ် ဆက်ရှိနေမယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာ ကျွန်တော်တို့က အလွယ်တကူ အနိုင်ယူလို့ မရတဲ့ အသင်း တစ်သင်းဆိုတာ ပြသနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

ဒါပေမယ့်လည်း တကယ့်ပွဲနေ့မှာတော့ ဖောရက်စ် အသင်းသားတွေ မျှော်မှန်းထားသလို ​ဖြစ်မလာခဲ့ပါဘူး ။ အာဆင်နယ် အသင်းဟာ ပွဲစစချင်းမှာပဲ မာတင်နယ်လီ ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပြီး လူစားဝင် ကစားသမား နယ်လ်ဆင် ရဲ့ အစွမ်းပြမှု နဲ့ အတူ ငါးဂိုးပြတ် အနိုင် ယူသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက် ဒီရာသီ ဂိုးအပြတ်ဆုံး နိုင်ပွဲ ဖြစ်ခဲ့သလို နော်တင်ဟမ်ဖောရက်စ် အသင်းအတွက်လည်း မန်စီးတီး ကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲပြီးနောက် ဒီရာသီ ဒုတိယမြောက် ဂိုးအပြတ်ဆုံး ရှုံးပွဲ ဖြစ်သွား ခဲ့ရပါတယ် ။

ပွဲအပြီးမှာ ဖောရက်စ် အသင်း နောက်ခံလူ တစ်ဦးဟာ အာဆင်နယ် အသင်း ကစားတာ လုံးဝ ကြောက်စရာကြီး ဖြစ်ကြောင်း သူ့ကို ဝန်ခံ ပြောကြားခဲ့တယ်လို့ ဂန်းနား ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီးမန်း က ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ဒေးဗစ်ဆီးမန်း ​က ” အဲ့ဒီနေ့က ပွဲပြီးတော့ နော်တင်ဟမ် ဖောရက်စ် အသင်း နောက်ခံလူ တစ်ဦး နဲ့ လိုင်းပေါ် ကနေ စကားပြော​ဖြစ် ခဲ့ပါတယ် ။ သူ့နာမည် ကိုတော့ တပ်မပြောတော့ပါဘူးဗျာ ၊ သူက အာဆင်နယ် အသင်း ရဲ့ ပေးပို့မှုတွေ ဘယ်လောက် အထိ အထင်ကြီးစရာကောင်းကြောင်း ၊ သူတို့ရဲ့ မြန်နှုန်းက ဘယ်လိုတောင် ကြောက်ဖို့ကောင်းကြောင်း ပြောခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ ဒီကြားရက်မှာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ဇူးရစ် အသင်း နဲ့ ကစားရမှာ ဖြစ်ပြီး ၊ အဲ့ဒီ ပွဲပြီးရင်တော့ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်း နဲ့ ပွဲကြီး ပွဲကောင်း ကစားရပါမယ် ။

SM