“ပြုတ်” တဲ့သူတွေ ၊ “တက်” တဲ့သူတွေ ၊ “နာ” တဲ့သူတွေ ၊ “အံ့သြ” ရတဲ့သူတွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်ရဲ့ ပထမ နေ့အပြီးမှာတော့ အုပ်စု ဒီ လည်း အဖြေ ထွက်သွားခဲ့ ပါပြီ ။

တော့တင်ဟမ် ဟော့စပါး ဟာ အဝေးကွင်း ပြင်သစ်မြေပေါ်မှာ မာဆေး အသင်းကို နောက်က လိုက် ကစားပြီး ၂-၁ နဲ့ အနိုင် ရရှိ ခဲ့တာကြောင့် အုပ်စု ပထမ အဖြစ် နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

ဖရန့်ဖတ် ကလည်း အဝေးကွင်းမှာ စပို့တင်း လစ္စဘွန်းကို အနိုင် ကစားကာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ခဲံ ပါတယ် ။ ဒါဟာ သူတို့ ကလပ် သမိုင်းမှာ ပထမဆုံးအကြိမ် အုပ်စုအဆင့်ကို လွန်မြောက် ခဲ့တာပါ ။

လီဗာပူး ကတော့ အုပ်စု ပထမ မရပေမယ့် နာပိုလီ ကို အိမ်ကွင်းမှာ အနိုင် ကစားပြီး ဒီရာသီမှာ ရှုံးပွဲ မတွေ့ သေးတဲ့ နေပယ် ကလပ် ကို အရှုံးအရသာ မြည်းစမ်း စေခဲ့ ပါတယ် ။

အိုင်ယက်စ် ကတော့ ရိန်းဂျားစ် ကို စကော့ မြေပေါ်မှာပါ ထပ် အနိုင်ယူပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့ ပါတယ် ။

ရိန်းဂျားစ် ကတော့ အုပ်စု ၆ ပွဲစလုံးကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် ရဲ့ အဆိုးရွားဆုံး အသင်းတွေ စာရင်းထဲကို ဝင်ရောက် သွားခဲ့ရ ပါတယ် ။

အုပ်စု စီ မှာ ဘိုင်ယန် ရော ဘာစီလိုနာ ပါ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ ကြပါတယ် ။ အုပ်စု ဘီ မှာတော့ အက်သလက်တီကိ ုမက်ဒရစ် ဟာ ပေါ်တို ကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ပြီး အုပ်စု အောက်ဆုံးကို ရောက်သွား ခဲ့တာကြောင့် ချန်ပီယံလိဂ် ကိုသာမက ယူရိုပါလိဂ် ကိုပါ နှုတ်ဆက် သွားခဲ့ရ ပါတယ် ။

ကလပ် ဘရုဂျ် ကို သရေ ကစားခဲ့တဲ့ လေဗာကူဆင် ကတော့ အုပ်စု တတိယ အဖြစ် နဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိ သွားခဲ့ ပါတယ် ။

အက်စတွန် ဗီလာ ကို ပြောင်းရွှေ့ လာတဲ့ နည်းပြသစ် အူနိုင်း အမ်မရီ ဟာ ဒီကနေ့ မှာ အသင်းသစ် ကို စတင် ကိုင်တွယ် နိုင်ဖို့ မျှော်လင့်ထားတယ် လို့ သိရပါတယ် ။

နယ်သာလန် ကလပ် အေဇက် အယ်ခမာ အသင်း မှာ ကစားနေတဲ့ ဘယ်နောက်ခံလူ မီလို့ ခါခက်ဇ် ကို အက်သလက်တီကို မက်ဒရစ် နဲ့ ဆီဗီးလား တို့က အပြိုင် စောင့်ကြည့်နေကြတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ လူငယ်လေးဟာ ဇန်နဝါရီ ကမှ အေစီမီလန် ကနေ အယ်ခမာ အသင်းထံ ယူရို ၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ် ။

အင်တာမီလန် ဟာ လူကာကူ ရဲ့ ဒဏ်ရာ အခြေအနေ ကို အခု ရက်သတ္တပတ် အကုန်မှာ စစ်ဆေး သွားမှာ ဖြစ်ပြီး ဘယ်အချိန် ပြန်ကစား နိုင်မလဲဆိုတာ ကိုတော့ မသိရသေးပါဘူး ။

ရီးရဲ မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမား ဟာ ဒီအပတ်ထဲမှာ အကန့်အသတ် နဲ့သာ လေ့ကျင့် နိုင်သေး တာကြောင့် ဒီည ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ပါဝင် နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာလည်း ဒဏ်ရာ မသက်သာ သေးတာကြောင့် အခုည ကစားမယ့် ဆီဗီးလား နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို မပါဝင်ဘူး လို့ နည်းပြ ပက် ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဟာလန်း ရဲ့ အခြေအနေက အဆိုးကြီး မဟုတ်ဘဲ စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ် နဲ့ ပွဲမတိုင်ခင် ပြန်လည် သက်သာလာနိုင်ချေ ရှိတယ်လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာလည်း လက်စွမ်းပြ နေတဲ့ ဂိုးသမား ကီပါ ဒဏ်ရာ ရှိနေတာကြောင့် ဒီည ကစားမယ့် ချန်ပီယံလိဂ် ပွဲမှာ အက်ဒွာ မန်ဒီ ကို ဂိုးသမား နေရာ ထည့်သွင်း ကစားရမယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး တောင်ပံ ကစားသမား ဆွန်ဟောင်မင် ဟာ မနေ့ညက မာဆေး နဲ့ ချန်ပီယံလိဂ် ပွဲကစားနေစဉ် အတွင်းမှာ ဦးခေါင်းကို ထိခိုက်မိပြီး လူစားလဲခဲ့ရ ပါတယ် ။ ဘယ်လို အခြေအနေ ရှိသလဲဆိုတာ ကိုတော့ အတိအကျ မသိရသေးပါဘူး ။

ပရီးမီးယားလိဂ် ကလပ်တွေ ဟာ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် က တောင်းဆိုထားမှု ( ကမ္ဘာ့ဖလား နဲ့ တပတ် အလို ကစားမယ့် ပွဲတွေမှာ အာဂျင်လက်ရွေးစင်တွေ ထည့်မသုံးဖို့ ) ကို လက်မခံ ခဲ့ကြဘူးလို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဘိုင်ယန် မြုးနစ် ရဲ့ ပြင်သစ် နောက်ခံလူ ဘင်ဂျမင် ပါဗက် ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုးမား နဲ့ ယူဗင်တပ် တို့ကတော့ ဘာစီလိုနာ ရဲ့ နယ်သာလန် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ သိရှိရ ပါတယ် ။

ဒီရာသီမှာ ဘရိုက်တန် နဲ့ ခြေစွမ်းပြ နေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ လီယန်ဒရို ထရိုဆတ် ကိုလည်း အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ နယူးကာဆယ် အသင်းတွေက စောင့်ကြည့် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ကမ္ဘာ့ဖလား အတွက် ကနဦး ၅၅ ယောက်စာရင်း ကို ထုတ်ပြန် ခဲ့ပြီး ပရိသတ်တွေ ကတော့ ဒန်နီ ဝဲဘတ် ပါဝင်လာမှု အပေါ် အံ့အားသင့်ကာ ဝေဖန် ပြောဆို ခဲ့ကြတယ်လို့ သိရပါတယ် ။

ဝဲဘတ် ဟာ ပဲလေ့စ် အသင်းဖော် အေးဇေး ၊ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် တို့နဲ့ အတူ ဆောက်ဂိတ် ရဲ့ ကနဦးလူစာရင်းမှာ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ အပြီးသတ် ၂၆ ယောက် စာရင်းကိုတော့ နောက်တပတ် ထဲမှာ ထုတ်ပြန်သွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR