ဒီနှစ်ရဲ့ အဓိက ကစားသမားနဲ့ ယခင်နှစ်တွေက ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမား အမည်တွေကို ထုတ်ပြောလိုက်တဲ့ ဟားဂရေ့ဗ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ပြီးခဲ့တဲ့ နွေတုန်းက အသင်းဆီ ရောက်လာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဝါရင့် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ တို့ကို ချီးမွမ်း သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ဗဟို ခံစစ် နေရာကို အင်အား ဖြည့်တင်းဖို့ အတွက် အေဂျက်ဇ် အသင်းမှ နည်းပြ အဲရစ် တန်ဟတ် ရဲ့ တပည့်ဟောင်း ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

လီဆန်ဒရို မာတီနက်ဇ် ဆိုတာ အရပ်အမောင်း 5 ပေ 9 လက်မသာရှိတဲ့ ဗဟို ခံစစ်မှူး ဖြစ်တာကြောင့် ကာယပိုင်း အသားပေး ကစားရသလို အရပ်အမောင်းကောင်းတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေကြား ရုန်းကန်ရလိမ့်မယ်လို့ ကနဦးတုန်းက ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ မာတီနက်ဇ် ဟာ အသင်းဖော် ခံစစ်မှူး ရာဖေးလ် ဗာရန်း နဲ့ တွဲဖက် ကစားရင်း ယူနိုက်တက်် ခံစစ်ကို သိသိသာသာ ပိုကောင်းစေနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပွဲစဥ်တွေမှာ တွန်းတွန်းတိုက်တိုက်ကစားတာ၊ ပေးပို့မှုတွေ ကောင်းတာလည်း ချီးကျူးစရာ ဖြစ်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်အတွက် ပုံမှန် လက်စွမ််းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရဖူးတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ကလည်း ဒီရာသီ ခံစစ်မှူးကောင်းတွေကြောင့် ဂိုးပေါက်အရှေ့ ယုံကြည်မှု အားကောင်းခဲ့သလို လက်စွမ််းကောင်းတွေလည်း ပြသသွားနိုင်ခဲ့ပါတယ် ။

အခုတော့ အိုဝင် ဟားဂရေ့ဗ် က အဲရစ် တန်ဟတ် ဟာ အသင်းဆီ အနိုင်ယူလိုစိတ်တွေ ယူဆောင်လာခဲ့တာ ဖြစ််ကြောင်း ၊ မာတီနက်ဇ် ဟာ ဒီရာသီ အဓိက ကစားသမား ဖြစ်နေကြောင်း ၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကောင်းဆုံးက ဒီဂီယာ ဖြစ်ကြောင်း ချီးမွမ်းခဲ့လိုက်ပါတယ် ။

” အဲရစ် တန်ဟတ် ဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မမြင်တွေ့ခဲ့ရဖူးတဲ့ အနိုင်ယူလိုစိတ်တွေ ယူဆောင်လာခဲ့ပါတယ် ။ သူတို့က ဒီရာသီ ကောင်းမွန်တဲ့ ပုံစံတွေ ပိုင်ဆိုင်ထားကြပါတယ် ။ ခံစစ်ပိုင်းအရဆို သူတို့ အတော်လေး တိုးတက်လာခဲ့ကြပါတယ် ”

” ဒီအတွက် သူတို့တွေ ပျော်ရွှင်ကြည်နူးနေကြမှာပါ ။ ဒီရာသီမှာတော့ ယူနိုက်တက် ခံစစ်အတွက် လီဆန်ဒရို မာတီနက်ဇ် က အဓိက ကစားသမား ဖြစ်နေခဲ့ပါတယ် ” လို့ ဟားဂရေ့ဗ် က ထုတ်ပြောခဲ့လိုက်ပြီး လက်စွမ်းကောင်း ပြသနေခဲ့တဲ့ ဒီဂီယာကို ဆက်လက် ချီးကျူးခဲ့လိုက် ပါတယ် ။

” ဒီဂီယာ ဘာတွေ လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ ။ သူဟာ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ ကြီိးမားတဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ပါတယ် ။ သူဟာ အဲ့ဒီ နေရာမှာ အတော်ဆုံးပဲလေ ။ လွန်ခဲ့တဲ့ နှစ်တွေအတွင််းမှာ သူက ဆက်တိုက်ဆိုသလို အသင်းရဲ့အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့တယ်လေ ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar