ဝက်စ်ဟမ်းကို နိုင်ခဲ့တဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမား သုံးဦးကို အမွှမ်းတင် ချီးကျူးလိုက်တဲ့ အန်တိုနီယို

 

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ​နေ့တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ််နဲ့ အဝေးကွင်း ရှုံးပွဲ ကြုံတွေ့သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး 38 မိနစ်မှာ သွင်းယူခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ပွဲစဥ်ကို ဦးဆောင် သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းက ပိုကောင််းတဲ့ အသင်း ဖြစ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက််မှုတွေကို လုပ်ပြသွားနိုင်ခဲ့ပေမဲ့ ယူနိုက်တက် ခံစစ်် နဲ့ ဒီဂီယာ တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။

ဒါ့ကြောင့် ဒီပွဲဟာ 1 – 0 ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရတာ ဖြစ်ပြီး ဝက်စ်ဟမ်း တို့ဟာ အမှတ်ဗလာ နဲ့ အိမ်ပြန်ခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ််မှူး အန်တိုနီ ဟာ ပွဲချိန် 57 မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ် ။

အခုတော့ ဝက်စ်ဟမ်း တိုက်စစ်မှူးက ဒီပွဲမှာ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ၊ နောက်ခံလူ ဟယ်ရီ မက်ဂွားယား နဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ တို့ကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

” ဒီပွဲစ၍်ကနေ ကျွန်တော်တို့ တစ်စုံတစ်ခု ရရှိနိုင်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ ။ ကျွန်တော်တို့ဟာ အခွင့်အရေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒေးဗစ် ဒီဂီယာ ဟာ on fire ဖြစ်နေခဲ့တယ်လေ ”

” ပြီးတော့ ဟယ်ရီ မက်ဂွားယား ကလည်း အမြဲတမ်းလို အသင့်ရှိနေခဲ့ပါတယ် ။ သူဟာ ရာဖေးလ် ဗာရန်း ဒဏ်ရာရသွားလို့ ပွဲထွက် ကစားခွင့် ရရှိခဲ့တာပါ ။ ဒါပေမဲ့ တနဂ်နွေနေ့မှာ သူ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ် ”

” ဇူးမားရဲ့ အလုံးကို ဒီဂီယာ ပုတ်ထုတ် ကာကွယ်လိုက်ချိန်မှာ ကျွန်တော်ဟာ အောင်ပွဲခံလုနီးပါးတောင် ဖြစ်ခဲ့ရပါတယ် ။ သူ အဲ့လိုလုပ်ပြနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူးလေ ။ သူဟာ တကယ့်ကို on fire ဖြစ်နေခဲ့တာပါ ”

” ဒီပွဲအတွက် ဒီဂီယာကို တကယ်ပဲ ချီးကျူးမိပါတယ် ။ သူဟာ ကြောင်တစ်ကောင်လို လွတ်လပ်ပေါ့ပါးနေခဲ့တာပါ ။ ရပ်ရှ်ဖို့ ဟာ အရည်အသွေးကောင်း ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပြီး သူ ဘယ်လောက် ကောင်းသလဲဆိုတာကို ခင်ဗျားတို့လည်း သိကြမှာပါ ”

” ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတော့ သူဟာ အကောင်းဆုံး ပုံစံ မပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ အရည်အသွေးကို ခင််ဗျားတို့ မြင်ခဲ့ကြမှာပါ ။ သူ့ကို ကမ္ဘာ့ ဖလား ပြိုင်ံပွဲဆီ မခေါ်သွားလို့ မရနိုင်ပါဘူး ။ ကျွန်တော်သာဆို သူ့ကို ဘယ်တောင်ပံ အဖြစ် ခေါ်သွားမှာပါ ”

” သူအဲ့လိုကစားရင် အခွင့်အရေးဖန်တီးနိုင်ပြီး ဘောလုံးကို အထဲချိုးဝင် ဂိုးသွင်းယူပေးနိုင်ပါတယ် ။ သူအဲ့တာကို အကောင်းဆုံး လုပ်ပြနိုင်ရင် အရန်လူမဟုတ်ဘူး၊ ပွဲထွက်ခွင့်တောင် ရရှိနိုင်ပါတယ် ” လို့ အန်တိုနီယိုက အမွှမ်းတင် လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar