မန်ချက်စတာ ယူနိုက်တက် အသင်းကို ပိုကောင်းစေခဲ့တဲ့ ကစားသမား တစ်ဦးကို ချီးကျူးလိုက်ကြတဲ့ အီယန် ရိုက် နဲ့ ဟားဂ​ရေ့ဗ်

BBC Sport ရဲ့ သတင်း သုံးသပ်သူ နှစ်ဦး ဖြစ်ကြတဲ့ အီယန် ရိုက် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက်ကတည်းက ပုံစံကောင်း ပြနိုင်ခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ရဲ့ အကျိုး သက်ရောက်မှုကို ထုတ်ဖော် ချီးကျူးခဲ့လိုက်ကြပါတယ် ။

လီဆန်ဒရို မာတီနက်ဇ် ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာခဲ့သူဖြစ်ပြီး အရပ်အမောင်းပုတဲ့ အတွက် ခြေစွမ်းကောင်း ပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။

အဲ့ဒီနောက် သူဟာ ယူနိုက်တက် ခံစစ်ကြောင်းမှာ ဟယ်ရီ မက်ဂွားယား နဲ့ နှစ်ပွဲဆက် တွဲဖက် ကစားခဲ့ရပြီး ခြေစွမ််းကောင်း မပြနိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့ရပါတယ် ။ ဒါပေမဲ့ ရာဖေးလ် ဗာရန်း ဒဏ်ရာပြသနာမှ ပြန်လည် သက်သာလာခဲ့တဲ့နောက် သူတို့ နှစ်ဦး အရမ်းကို အတွဲမိခဲ့ကြပါတယ် ။

အခုတော့ လီဆန်ဒရို မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲစဥ်တိုင်း ပွဲထွက် ကစားခွင့် ရရှိတဲ့ ပရိသတ် အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါပြီ ။ အခုတော့ သူ့ရဲ့ အရပ်အမောင်း အကြောင်း ဝေဖန်သူတွေလည်း မရှိကြတော့ပါဘူး ။

အခုတော့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အီယန်ရိုက် က မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက်မှာ မရှိတဲ့ ခံစစ်ပိုင်း အရည်အသွေးကောင်းတွေ ယူဆောင်လာသူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” သူဟာ ကျွန်တော်တို့ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ မမြင်တာ ကြာပြီ ဖြစ်တဲ့ ခံစစ်ပိုင်း အရည်အသွေးတွေကို ယူဆောင်လာသူပဲ ဖြစ်ပါတယ် ။ သူဟာ နေရာယူ ကစားပုံတင် မဟုတ်ပါဘူး ၊ ဘောလုံး ပေးပို့မှုတွေလည်း တကယ့်ကို ကောင်းမွန်လှပါတယ် ”

” သူဟာ ယူနိုက်တက်တို့ လိုအပ်နေတဲ့ ကစားသမားမျိုးပါပဲ ။ သူနဲ့ ပတ်သက်လို့ ရင်ခုန်စရာတော့ သိပ်မရှိပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ ကစားပုံက တိုက်ရိုက်ဆန်ပြီး ပြင်းထန်လှပါတယ် ။ သူဟာ ယူနိုက်တက် အတွက် တကယ့်ကိုကောင််းမွန်လွန်းတဲ့ ခေါ်ယူမှုပါပဲ ” လို့ အီယန် ရိုက် က ပြောခဲ့ရာမှာ ဟားဂရေ့ဗ် က …

” သူ ဒီလောက်ထိ ​ကောင်းပြနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ကို ထင်မထားခဲ့ပါဘူး ။ သူဟာ အသင်းရဲ့ လိုအပ်ချက်် အများကြီးကို ဖြည့်ဆည်း​ပေးနိုင်ခဲ့တာပါ ။ ဝက်စ်ဟမ်း နဲ့ ပွဲမှာဆိုရင် သူ့ရဲ့ ကစားပုံက ဟယ်ရီ မက်ဂွားယားကို အရမ်းအထောက်အကူပေးနိုင်ခဲ့ပါတယ် ”

” ဒီပွဲမှာ ယူနိုက်တက်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ များစွာ ရှိခဲ့ပါတယ် ။ ခံစစ်ပိုင်းမှာတော့ မာတီနက်ဇ်ဟာ အံ့ဖွယ် ဖြစ်နိုင်ခဲ့ပါတယ် ။ အဲရစ် တန်ဟတ်ဟာ ဒီပွဲအတွက် ကျေနပ်နေမှာ အသေအချာပါပဲ ” လို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar