” ဘယ်လို ဖြစ်သွားမှန်းကို မသိပါဘူးဗျာ ” ယူနိုက်တက်နဲ့ ရှုံးပွဲအပေါ် ငြီးတွားလိုက်တဲ့ ဝက်စ်ဟမ်း စတား ဘိုဝင်

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းကတော့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ကာ အမှတ် ဗလာ နဲ့ အိမ်ပြန်သွားခဲ့ရပါတယ် ။

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာ ဧည့်သည် အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်် ခြိမ်းခြောက်မှုတွေ များစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ သွင်းဂိုးကတော့ ပွဲချိန် 38 မိနစ်မှာ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ခေါင်းတိုက်မှုမှ ရရှိခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းက ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပြီး တကယ့်ကို ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာ က အမှားအယွင်းမရှိ ကာကွယ်ပြသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ခံစစ်မှူးတွေ ကစားပုံ ကောင်းမွန်ခဲ့ကြသလို ဒီယိုဂို ဒါးလော့ ကလည်း အမြင့်ဘောတွေကို ဦးဆောင် ရှင်းထုတ်နိုင်ခဲ့တဲ့ အတွက် အဆိုပါ ပွဲစဥ်ဟာ 1 – 0 ဆိုတဲ့ ရလဒ်နဲ့ပဲ ပြီးဆုံး သွားခဲ့ရပြီး ဝက်စ်ဟမ်း တို့ အမှတ််ဗလာ နဲ့ အိမ်ပြန်ခဲ့ရပါတယ် ။

 

အခုတော့ ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဂျရော့ဒ် ဘိုဝင် က ဘယ်လို ဖြစ်ပြီး သူတို့တွေဟာ အဝေးကွင်းကနေ လက်ဗလာနဲ့ ပြန်ခဲ့ရတာလဲဆိုတာ နားမလည်နိုင် ဖြစ်ခဲ့ရကြောင်း ၊ သူတို့ရဲ့ ကစားပုံ ကောင်းမွန်ခဲ့ကြောင်း ငြီးတွားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ပွဲစဥ်ထဲကနေပြီး ဘယ်လိုလုပ်ပြီး လက်ဗလာနဲ့ ထွက်လာခဲ့ရသလဲဆိုတာ နားမလည်နိုင်တော့ပါဘူး ။ ဒီပွဲစဥ်ရဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင််ရည်က ထူးထူးကဲကဲ ကောင်းမွန်နေခဲ့တယ်လေ ။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံက လျော့တိလျော့ရဲ ဖြစ်ခဲ့ရပါတယ် ”

” ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားချင်တဲ့ level တစ်ခုမှာ ကစားပြနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ အခွင့်အရေး အများကြီး ရရှိခဲ့ကြပေမဲ့ ဂိုးသမား က အံ့ဖွယ် ကာကွယ်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ ကန်ချက်ကိုတောင် ဟန့်တားပြနိုင်ခဲ့တယ်လေ ”

” တခါတ​လေကျတော့ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုး ဖြစ်မလာနိုင်ပါဘူး ။ ပြီးတော့ ခြားနားချက် သေးသေးလေးတွေက ပွဲအဖြေကို ပြောင်းလဲပေးနိုင်တယ်လေ ။ ကျွန်တော်တို့ တက်နိုင်သမျှ အားလုံးလုပ်ခဲ့ပေမဲ့ ဂိုးမရနိုင်ခဲ့တဲ့ အတွက် ခံစားခဲ့ကြရပါတယ် ”

” ဒီပွဲစဥ်ကနေ ကျွန်တော်တို့ တစ်ခုခု ရရှိနိုင်ခဲ့သင့်တယ်ဆိုတာကို အားလုံးသဘောတူကြမှာပါ ။ ဒီပွဲကနေ ကျွန််တော်တို့ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေချည်း ယူဆောင်လိုပါတယ် ။ ကျွန်တော်တို့ ခက်ခဲတဲ့ ပွဲစဥ်တစ်ပွဲ ကစားခဲ့ရပါတယ် ”

” ဒါပေမဲ့ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ကြပါတယ် ။ အရင်ပွဲတွေတုန်းကလည်း ကျွန်တော်တို့ဟာ ပွဲစဥ်ကို ထိန်းချုပ်နိုင်ခဲ့ကြသလို မန်ချက်စတာ ယူနိုက်တက် အသင််းနဲ့ ဒုတိယပိုင်းမှာလည်း ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြန်ပါတယ် ” လို့ ဘိုဝင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar