ပြန်ပါလာတဲ့ သရဲနီ ၊ နိုင်ငံပြောင်းမယ့် နယ်သာလန်သား ၊ ကမ္ဘာ့ဖလားနဲ့ လွဲတဲ့ပေါ့ဘာ ၊ ယူနိုက်တက် ရဲ့ ပစ်မှတ်သစ်တို့နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ဟာ မနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ အသင်းနဲ့ ပြန်လည် ပါဝင် လာခဲ့တယ်လို့ သတင်း ထွက်ပေါ်လာပါတယ် ။ ဒါပေမယ့် ကြာသပတေးမှာ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်ကိုတော့ ပါဝင်ဦးမှာ မဟုတ်ပါဘူး ။

ဒါ့အပြင် ယူနိုက်တက် ဟာ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ရဲ့ စာချုပ်မှာ ပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုးခွင့်ကို ၂၀၂၃ မတိုင်ခင် ( ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်ခင် ) အသက်သွင်းဖို့ စိတ်ကူး ထားတယ်လို့လည်း သိရပါတယ် ။

ရက်ဖိုဒ့် ဟာ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ် နေပြီး လာမယ့် ဇန်နဝါရီမှာ ဥရောပ ထိပ်သီး ကလပ်တွေနဲ့ ဆွေးနွေးဖွယ် ရှိတယ်လို့ သတင်း ထွက်နေသူ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ ကမ္ဘာ့ဖလား ကျင်းပနေတဲ့ ကာလ အတွင်း ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ် နေပါတယ် ။ လက်ရှိ မှာတော့ စပိန် ကလပ် ကာဒိဇ် နဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ခြေစမ်းဖို့ သဘောတူထားပြီး လက်ရွေးစင် အသင်းမှာ အရွေး မခံရတဲ့ ကစားသမားတွေ ပါဝင် လာကြမှာ ဖြစ်ပါတယ် ။

အက်စတွန် ဗီလာ မှာ ကစားသွားခဲ့တဲ့ တောင်ပံ ကစားသမား အန်ဝါ အယ်လ် ဂါဇီ ဟာ နယ်သာလန် ကစားသမား အဖြစ် ကနေ မော်ရိုကို ကစားသမား အဖြစ် ပြောင်းလဲ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အတည်ပြု ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အယ်လ်ဂါဇီ ဟာ နယ်သာလန် အသင်းအတွက် ၂ ကြိမ်သာ ကစားဖူးသေးပြီး နောက်ဆုံး ကစားထားချိန်ဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဇန်နဝါရီမှာ နော်ဝှစ်ချ် အသင်းရဲ့ ညာနောက်ခံလူ မက်စ် အာရွန် ကို ခေါ်ယူဖို့ စဉ်းစား နေပြီး အာရွန် ဝမ် ဘစ်ဆာကာ ကို ရောင်းထုတ်ဖို့လည်း စိတ်ကူး နေတယ်လို့ သိရပါတယ် ။

ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ဂယ်ရီ နဗီးလ် ဟာ သူ နဲ့ ယူနိုက်တက် ကစားသမားဟောင်းတွေ ပူးတွဲ တည်ထောင် ထားတဲ့ ဆဲလ်ဖိုဒ့် စီးတီး အသင်းရဲ့ CEO ရာထူး ကနေ နှုတ်ထွက် ခဲ့တယ်လို့ သိရရပါတယ် ။ နဗီးလ် ဟာ အဆိုပါ ရာထူး ကို နစ်ကီဘတ် ( ယူနိုက်တက် အသင်းဖော်ဟောင်း ) ထံ လွှဲအပ် ခဲ့တယ်လို့လည်း သိရပါတယ် ။

နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အင်္ဂလန် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ ရဲ့ အခြေအနေ ကို အစောပိုင်း စစ်ဆေးမှုတွေမှာ အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ် ခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

အင်တာမီလန် ကို ပြန်ရောက် နေပြီး ဒဏ်ရာ နဲ့ လုံးပန်း နေရတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီရို လူကာကူ ဟာ ကမ္ဘာ့ဖလား နဲ့ ၃ ပတ်သာ လိုတော့ချိန်မှာ နောက်ထပ် ဒဏ်ရာ ထပ်မံ ရရှိ သွားခဲ့ပြန်တယ်လို့ သိရပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာ ဟာ လည်း ဒဏ်ရာ ပြန်ရခဲ့ပြီး ၃ ပတ်လောက် နားရတော့မှာ ဖြစ်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင် နိုင်တော့မှာ မဟုတ်ဘူးလို့ ကစားသမားရဲ့ အေးဂျင့် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် အသင်းကတော့ နည်းပြကြီး စတီဖာနို ပီယိုလီ ကို ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရှိရပါတယ် ။

အက်စတွန် ဗီလာ နည်းပြသစ် ဖြစ်လာတဲ့ အူနိုင်း အမ်မရီ ဟာ အသင်းဟောင်း ဗီလာရီးရဲ ရဲ့ ၂၁ နှစ် အရွယ် တောင်ပံ ကစားသမားလေး နီကိုလပ်စ် ဂျက်ဆင် ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ယူကရိန်း ဘောလုံးအဖွဲ့ချုပ် ဟာ သူတို့ နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှ ကို လက်နက် ထောက်ပံ့မှု ပြုလုပ် ပေးနေတဲ့ အီရန် နိုင်ငံ ကို ဒဏ်ခတ်တဲ့ အနေနဲ့ အီရန် လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထုတ်ပယ် ပေးဖို့ ဖီဖာ ထံ တောင်းဆို ခဲ့တယ်လို့လည်း သိရှိရ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ရဲ့ တနင်္လာနေ့ ည ပွဲစဉ်မှာတော့ ရိုးမား ဟာ ဗီရိုနာ အသင်းကို အဝေးကွင်းမှာ ၃-၁ ရလဒ် နဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာအထိ တက်လှမ်း လာနိုင်ခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR