နာပိုလီကို ဒီရာသီရဲ့ ပထမဦးဆုံးရှုံးပွဲ ကြုံစေခဲ့တဲ့ ပွဲစဉ်မှာ စတီဗင်ဂျာရတ်ရဲ့ record ကို လိုက်မှီိသွားခဲ့တဲ့ မိုဆာလား

မိုဟာမက်ဆာလားဟာ မနေ့ညက လီဗာပူးတို့ အန်ဖီးမှာ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ နာပိုလီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ စတီဗင်ဂျာရတ်ရဲ့ ဥရောပ သွင်းဂိုး စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာ လီဗာပူးတို့ ထောင့်ကန်ဘော ရခဲ့ပြီး ဒါကို ဒါ၀င်နူးနက်က အကောင်းဆုံး တိုက်သွင်းခဲ့ပေမယ့် နာပိုလီ ဂိုးသမား မီရက်က ဂိုးစည်းကနေ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ကာ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆာလားက ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆာလားဟာ ချန်ပီယံလိဂ် ၆၄ ပွဲမှာ ၄၁ ဂိုးမြောက်ဂိုးကို ရယူကာ လီဗာပူး အသင်းခေါင်းဆောင်ဟောင်းရဲ့ ဒီမှတ်တမ်းကို အမှီလိုက်နိုင်ခဲ့တာ ဖြစ်ပြီး ဖြစ်ပြီး အီဂျစ်စတားဟာ ဒီရာသီမှာ ကလပ်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂ ဂိုးကို ရယူပေးခဲ့ပြီး ဖြစ်ပါတယ်။ ဂျာရတ်ရဲ့ ဥရောပ သွင်းဂိုးတွေကတော့ ချန်ပီယံလိဂ် ယူရိုပါလိဂ် နဲ့ UEFA Cup (ခြေစစ်ပွဲ အပါအ၀င်) တို့မှာ ရရှိခဲ့တာ ဖြစ်ပြီး ၁၂၉ ပွဲမှာ ဥရောပ သွင်းဂိုး ၄၁ ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆာလားဟာ အန်ဖီးမှာ ဂျာရတ်ရဲ့ အန်ဖီးမှာ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး (၁၈ ဂိုး) မှတ်တမ်းကိုလည်း အမှီလိုက်နိုင်ခဲ့ကာ ဒါကို ၂၉ ပွဲတည်း ကစားကာ ဒီလို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နာပိုလီနဲ့ပွဲမှာ လီဗာပူး အတွက် အပိတ်ဂိုးကို နူးနက်က ဗန်ဒိုက်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုင်မှုကို နာပိုလီ ဂိုးသမား ပုတ်ထုတ်ခဲ့မှုကနေ တဆင့် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ နာပိုလီကို ၄-၁ နဲ့ ရှုံးကာ တာထွက်ဆိုးခဲ့ပေမယ့် လက်ကျန် ၅ ပွဲစလုံးကို အနိုင်ယူကာ နောက်တဆင့်ကို ယုံကြည်မှု မြင့်မားစွာနဲ့ တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီဟာ ၂-၀ နဲ့ နိ်ုင်ခဲ့မှုဟာ အုပ်စု ပထမ နေရာ အတွက်တော့ မလုံလောက်ခဲ့ပါဘူး။

မိုဆာလားကတော့ နာပိုလီဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တယ်လို့ ယုံကြည်နေပြီး ဒီနိုင်ပွဲဟာ လီဗာပူးကို ယုံကြည်မှု အသစ်တွေ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ အပတ်တွေက ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပြီး နော့တင်ဟမ်ဖောရက်စ်နဲ့ လိဒ် တို့ကို ၂ ပတ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး ဥရောပမှာတော့ ခြေစွမ်းကောင်းနေကာ လက်ကျန်တစ်ပွဲ အလိုကတည်းက နောက်တဆင့်ကို တက်ခဲ့ပြီး ဖြစ်ပါတယ်။

၂၁ ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ နာပိုလီကို အနိုင်ယူခဲ့ပြီးနောက် ဆာလားက “ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို အနိုင်ရခဲ့တာ ကတော့ အကောင်းဆုံး ခံစားချက်ပါပဲ။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားရမှာပါ။ ဒါဟာ ရလဒ်ကောင်း ဖြစ်ကာ လာမည့် ပရီးမီးယားလိဂ် နဲ့ လိဂ်ဖလား ပွဲစဉ်တွေ အတွက် ကျွန်တော်တို့ကို ယုံကြည်မှုတွေ များစွာ ပေးနိုင်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လာမည့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။

SM