ပြိုင်ပွဲစုံ 8 ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ခဲ့ရတဲ့ ယူနိုက်တက် 1 – 0 ဝက်စ်ဟမ်း ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ကစားနိုင်ခဲ့ကြသလဲ…..

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင််းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ကစားခဲ့ရပြီး တိုက်စစ် ကစား သမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါဟာ ရပ်ရှ်ဖို့ အတွက် ယူနိုက်တက် ကစားသမား ဘဝ 100 ပြည့်မြောက်တဲ့ သွင််းဂိုး ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ တိုက်စစ်မှာ ရပ်ရှ်ဖို့ ၊ ရော်နယ်ဒို ၊ အီလန်ဂါ တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ကွင်းလယ်မှာတော့ ဘရူနို ၊ အဲရစ်ဆင် နဲ့ ကာဆီမီရို တို့ကို ထည့်သွင်းပြီး ခံစစ်ပိုင်းမှာ ဒါးလော့ ၊ ရှော ၊ မက်ဂွားယား ၊ မာတီနက်ဇ် နဲ့ ဒီဂီယာ တို့ကို ထည့်သွင်းခဲ့ပါတယ် ။

ဒီပွဲမှာလည်း ယူနိုက်တက်တို့ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီိးနဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ အများကြီး လုပ်ဆောင််နိုင်ခဲ့ကြပြန်ပါတယ် ။ ဒါပေမဲ့ ဂိုးကတော့ တစ်ဂိုးပဲ ရရှိခဲ့ပါတယ် ။ ဒါ့အပြင် ခံစစ် ကစားသမားတွေ ပုံစံကောင်း ပြသမှု ၊ ဒီဂီယာ ရဲ့ လက်စွမ်းပြမှုကြောင့် 3 မှတ်တန် နိုင်ပွဲကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ယူနိုက်တက်တို့ 8 ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း ရယူနိုင်ခဲ့ကြတဲ့ အဆိိုပါ ပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီဂီယာ (8)

ပထမပိုင်း အလုပ်မရှုပ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဂိုး ဖြစ်သွားနိုင်တဲ့ အံ့ဖွယ် ဂိုးပေါက် ကာကွယ်မှုတွေကို လုပ်ပြသွားနိုင်ခဲ့ပါတယ် ။

ဒါးလော့ (8)

အီလန်ဂါ ၊ မက်ဂွားယား တို့နဲ့ တွဲဖက် ကစားရတဲ့ ပွဲစဥ်မှာ တိုက်စစ်ရော ၊ ခံစစ်ပါ ဖြည့်စွက် ကစားပေးနိုင်ခဲ့တဲ့ အပြင် ဂိုးအရှေ့မှာ ဘောလုံး ရှင်းထုတ်မှုတွေလည်း လုပ်ပြသွားနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (6)

ပထမပိုင်းမှာ လှုပ်ရှားမှုတွေ နှေးကွေးနေခဲ့သလို ပေးပို့မှုတွေလည်း စိုးထိတ်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာတော့ ကောင်းမွန်တဲ့ ရှင်းထုတ်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ် ။

မာတီနက်ဇ် (7)

စကာမက္ကာ ကို ထိန်းချုပ်ဖို့ အခက်တွေ့ခဲ့တာက လွဲရင် ပွဲကောင်း တစ်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ပြီး တည်ငြိမ်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပြန်ပါတယ် ။

လုခ်ရှော (7)

တိုက်စစ်ကို ပုံမှန် တက်ရောက်ကစားပေးခဲ့ပြီး ဖြတ်တင််ဘောတွေလည်း ကောင်းမွန်ခဲ့ပါတယ် ။ ဒါပေမဲ့ ခံစစ်ပိုင်း ကစားပုံကတော့ စိတ်ချဖွယ် မဖြစ်ခဲ့ရပါဘူး ။

 

ကာဆီမီရို (6)

ယူနိုက်တက်အတွက် 8 ပွဲဆက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ အရင်ပွဲတွေကတော့ လွှမ်းမိုးမှု မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ အနားယူဖို့ လူစားလဲခံခဲ့သင့်ပါတယ် ။

အဲရစ်ဆင် (8)

ပွဲချိန်တစ်လျှောက် မနားတမ်း ကြိုးစား ကစားပေးခဲ့ပြီး ရပ်ရှ်ဖို့ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ပေးပို့မှုတွေ ကောင်းမွန်ခဲ့ပါတယ် ။

အီလန်ဂါ (4)

ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိတာကို အကောင်းဆုံးဖြစ်အောင် အသုံးမချနိုင်ခဲ့ပါဘူး ။ စွမ်းဆောင်ရည် ညံ့လွန်းခဲ့ပါတယ် ။

ဘရူနို (5)

ရပ်ရှ်ဖို့ ဂိုးသွင်းနိုင်ဖို့ အဲရစ်ဆင် ဆီကို ဘောလုံး ပေးပို့နိုင်ခဲ့ပါတယ် ။ အဲ့တာက လွဲရင် တစ်ကြိမ် ဂိုးပေါက် ကန်ပြီး တစ်ကြိမ်သာ အခွင့်အရေး ဖန်တီးနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (7)

ပထမဆုံး ခေါင်းတိုက်ချက်က ဂိုးသမား တည့်တည့် ဖြစ်သွားခဲ့ပေမဲ့ နောက်တစ်ကြိမ်မှာတော့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။ ကြိုးကြိုးစားစား ကစားပေးခဲ့ပါတယ် ။

ရော်နယ်ဒို (6)

ပထမပိုင်းအတွင်း အသင်းနဲ့ ချိတ်ဆက် ကစားနိုင်ဖို့ အတော််လေး ကြိုးစားခဲ့ပြီး ကွင်းလယ်အထိ ဘောလုံး ဆင်းယူခဲ့ပါတယ်။ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပြန်ပါဘူး ။

လူစားဝင် ကစားသမားများ…

တော်မီနေး (6)
ဖရက်ဒ် (6)

#Sports_Myanmar