နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုနာတေး ရမ်ဆေးနဲ့ မာတစ်တို့ ၀င်ရောက်ကစားနိုင်ခြေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနက်ဖြန် နာပိုလီနဲ့ ကစားရမယ့် လီဗာပူးရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အေဗရာဟီမာကိုနာတေး နဲ့ ကယ်ဗင်ရမ်ဆေး တို့ available ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ကိုနာတေးဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပြီးနောက် လီဗာပူးရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ အရန်လူစာရင်းမှာ ပါ၀င်လာခဲ့ပြီး အသင်းအတွက် ပြန်လည် ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နွေရာသီက အသင်းကို ဒဏ်ရာ နဲ့ ရောက်ရှိလာခဲ့တဲ့ ရမ်ဆေး ကလည်း အန်ဖီးမှာ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်ကို ၀င်ကစားနိုင်ခြေ ရှိနေပြီး ဒါဟာ စကော့တလန် လူငယ် လက်ရွေးစင် အတွက် debut ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း နောက်ခံလူ မာတစ် အတွက် ဒီပွဲစဉ်ဟာ တအား စောနေသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

ကလော့က “အီဘူ (ကိုနာတေး) နဲ့ ပက်သက်ပြီး ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် သူ ၀င်ကစားသွားဖို့ အတွက် အခွင့်အရေးကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကယ်ဗင် (ရမ်ဆေး) ကိုလည်း ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ သူ့ရဲ့ ပထမဦးဆုံး စီနီယာ ပွဲဦးထွက် အတွက် ကစားသမား တော်တော်များများကို အပြောင်းအလဲ ပြုလုပ်ပြီး သူ့ကို အသုံးပြုတာဟာ အဓိပ္ပာယ်တော့ မရှိပါဘူး။ လူစား၀င် ကစားသမား အနေနဲ့တော့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ ပွဲထွက် လူစာရင်းနဲ့ ပက်သက်ပြီး ဒီထက် information ပေးစရာ မရှိတော့ပါဘူး။ လိဒ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ပြီးတာ တစ်ရက်နဲ့ နေ့တစ်၀က်ပဲ ရှိနေသေးတာကြောင့် ဒီလိုပဲ ဖြစ်တက်ပါတယ်။ ဒါ့ကြောင့် ကစားသမားတွေရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အနည်းငယ် စောင့်ကြည့်သွားဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်သူ အသင့် ဖြစ်နေသလဲဆိုတာ သိရတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အနေနဲ့ ကောင်လေးတွေ လာမည့်ပွဲမှာ ကောင်းကောင်း တိုက်ပွဲ၀င် ကစားအောင် လုပ်ပေးသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

မာတစ် အနေနဲ့ နာပိုလီနဲ့ ပွဲစဉ်မှာ အသင့် ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းကို ကလော့က “No” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး လီဗာပူး နည်းပြက “ပြီးခဲ့တဲ့ ရှုံးပွဲကို အမြန်ဆုံး ပြန်လည် တုန့်ပြန်နိုင်မယ့် အခွင့်အရေး ရတာက အမြဲတမ်း ကောင်းပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ မနက်ဖြန် ဘယ်သူတွေကို line-up လုပ်နိုင်မလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေက ဒီလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့အပတ်က အိုင်ယက်ကို အနိုင်ရခဲ့ပြီးနောက် နောက်တဆင့်ကို တက်သွားခဲ့ပါတယ်။ ဒါဟာ အတော်လေး ကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လိဒ်ကို အတော်လေး ပြင်းထန်စွာ အားထုတ်ကစားခဲ့ရပြီးနောက် ရှုံးနိမ့်ခဲ့ပါတယ်။ အခုဆိုရင် လာမည့် ပွဲစဉ်မှာ ဘယ်သူကစားနိုင်မလဲ ဆိုတာ ကြည့်သွားရပါမယ်။

မနေ့က recover လုပ်ခဲ့ပါတယ်။ ထိခိုက်မှု အသေးစားလေးတွေတော့ ရှိထားပါတယ်။ ပြင်းထန်မှုတော့ မရှိပါဘူး။ အီတလီလိဂ်ကို ခင်ဗျားတို့ follow လုပ်မယ်ဆိုရင် နာပိုလီဟာ တကယ့် ပုံစံကောင်းမှာ ရှိနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် သူတို့ဟာ ဒီအချိန်မှာ ဥရောပရဲ့ ပုံစံအကောင်းဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ တုန့်ပြန်မှုကို ပြသချင်ပါတယ်။ ဘယ်သူတွေနဲ့ ဒီလို လုပ်နိုင်မလဲဆိုတာ တစ်ချက် ကြည့်ဖို့တော့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM