ဆာကာ ရဲ့ဒဏ်ရာက ကမ္ဘာ့ဖလား နဲ့ လွဲရလောက်အောင် ပြင်းထန်မှု ရှိသလားဆိုတဲ့ မေးခွန်းကို တုန့်ပြန် ဖြေကြား ခဲ့တဲ့ အာတေတာ

 

အာဆင်နယ် အသင်း နည်းပြ အာတေတာ ကတော့ နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဆာကာ ရဲ့ ဒဏ်ရာ အခြေအနေဟာ လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား နဲ့ လွဲချော် ရလောက်အောင် ပြင်းထန်မှု ရှိမယ်လို့ မထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဆာကာ ဟာ ဖောရက်စ် နဲ့ ပွဲအစ ၅ မိနစ်မှာတင် မာတင်နယ်လီ ရဲ့ သွင်းဂိုးကို ဖန်တီး ပေးခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဲ့ဒီနောက်မှာ ရီနန် လိုဒီ ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဆာကာ ဟာ ဆေးကုသမှု ခံယူ ခဲ့ရပါတယ် ။ ဆေးကုသမှု ခံယူအပြီးမှာ ပွဲဆက် ကစားဖို့ ကြိုးပမ်း ခဲ့ပေမယ့် လုံးဝ ဆက်မကစားနိုင်တော့တာကြောင့် နယ်လ်ဆန် နဲ့ လူစားလဲ လိုက်ရပါတယ် ။

 

အာဆင်နယ် နည်းပြ အာတေတာ ကတော့ ဖောရက်စ် နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဆာကာ ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” ကမ္ဘာ့ဖလား မှာ ပါဝင် ကစားဖို့ မသေချာတဲ့ အနေအထား မဖြစ်ဖို့တော့ မျှော်လင့်ပါတယ် ။ သူ ဆိုးဆိုးရွားရွား အကန် ခံလိုက်ရတာကြောင့် ထော့နဲ့ထော့နဲ့ ဖြစ်သွား ခဲ့ရပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်လည်း အဲ့ဒီထက် ပိုပြီး မသိရသေးပါဘူး ၊ သူ ခြေထောက်ရော ခြေကျင်းဝတ်ရော အကြိမ် အနည်းငယ် ကန်ခံ ခဲ့ရပါတယ် ၊ သူ့ ဒဏ်ရာ မပြင်းထန်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ နယ်လ်ဆန် ကတော့ နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပြီး Man of the Match ခြေစွမ်း ပြခဲ့ပါတယ် ။ နယ်လ်ဆင် ကလည်း ဆာကာ ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” သူ ဒဏ်ရာ ရသွားတာ နိုင်ငံ အသင်းအတွက်ရောအာဆင်နယ် အတွက်ပါ အားလျော့ စရာပါပဲ ။ ကျွန်တော်တို့ သူ့ ရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာ စစ်ဆေးကြည့်ရပါဦးမယ် ၊ သူက တကယ်တော်တဲ့ ကောင်လေးပါ ၊ သူ့လို ကစားသမားမျိုးကို အသင်းမှာ ပိုင်ဆိုင်ခွင့်ရတာ အသင်းအတွက် သိပ်ကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

 

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘူကာရို ဆာကာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အတွက် ၁၂ ပွဲ ကစားထားပြီး သွင်းဂိုး ၄ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ် ထားပါတယ် ။

SM