အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ သူတို့ရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့တဲ့ ကစားသမားအမည်ကို ထုတ်ပြောလိုက်တဲ့ လင်ဒီလော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ ဗစ်တာ လင်ဒီလော့ဖ် က လေ့ကျင့်ရေး ကွင်းထဲမှ အသင််းဖော် ကာဆီမီရိုရဲ့ စွမ်းဆောင်ရည် အပေါ် သူတို့တွေ အားလုံး အထင်ကြီးမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ရီးယဲ မက်ဒရစ် အသင်းမှ ကွင်းလယ်လူ ကာဆီမီရို ကို ပေါင် သန်း 60 ၊ လေးနှစ် စာချုပ် နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ််ပါတယ် ။ အဲ့ဒီနောက် ကာဆီမီရို ဟာ ပွဲထွက်ခွင့် ရရှိနိုင်ဖို့ အချိန်ပေးခဲ့ရပါသေးတယ် ။

အခုတော့ သူဟာ ပွဲထွက်ခွင့်ရရှိကတည်းက ပုံစံကောင်းတွေ ဆက်တိုက် ပြသထားနိုင်ခဲ့တဲ့ အတွက် အခုတော့ အသင််းရဲ့ ပွဲထွက် ကစားသမား ဖြစ်လာခဲ့ပါပြီ ။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ချဲလ်ဆီး နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာလည်း အသင်းအတွက် ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ် ။

အခုတော့ သူဟာ ပရိသတ်တွေဆီက သာမက အသင််းဖော်တွေဆီကပါ ချစ်ခင်မှုတွေ ရရှိနေပြီပဲ ဖြစ်ပါတယ် ။ အခုတော့ ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ် မတိုင်မီမှာ ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ် က ကာဆီမီရို ကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” သူဟာ အံ့ဖွယ် ကစားသမား တစ်ဦး ဖြစ်သလို ခမ်းနားတဲ့ လူသား တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ့ဆီမှာ အရည််အသွေးကောင်းတွေ အများကြီး ရှိနေတာ ထင်ရှားလှပါတယ် ။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက် နဲ့ ကစားပုံတွေက တကယ့်ကို ကောင်းမွန်လှပါတယ် ”

” သူဟာ အမြဲတမ်း တိုက်ပွဲဝင်လိုစိတ်နဲ့ ကစားပြီး အသင််းဖော်တွေကို ကူညီပေးလေ့ ရှိတတ်ခဲ့ပါတယ် ။ ဒါက အရမ််းကို အရေးကြီးတယ်လို့ ထင်မိပါတယ် ။ သူဟာ ဒီကို စရောက်ကတည်းက အလုပ်တွေ အချိန်တိုင်း ကြိုးစားနေခဲ့တာပါ ”

” သူဟာ ဘောလုံးတွေ လုယူနိုင်သလို ၊ ဘောလုံးကိုင်ပြီးလည်း ကစားနိုင်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေလည်း ကောင်းလှပါတယ် ။ ကျွန်တော်တို့ အတွက်တော့ ခံစစ် အရှေ့မှာ သူ့ကို ပိုင်ဆိုင်ထားရတာ တကယ့်ကို ကောင်းမွန်လှပါတယ် ။ သူက တကယ့်ကို ဥာဏ်ကောင််းတဲ့ ကစားသမားပါပဲ ”

” သူဟာ ပွဲစဥ်ကို ဘယ်လို ဖတ်ရှုရမလဲဆိုတာ ကောင်းကောင််းသိသူ တစ်ဦးပါ ။ သူဟာ ပွဲစဥ်တိုင်းကို အနိုင်ရချင်တဲ့ ကစားသမားမျိုးပါပဲ ။ ဒါ့အပြင် လေ့ကျင့်ရေးကွင််းထဲမှာလည်း အမှန်အကန် တိုက်ပွဲဝင်နေတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သူဟာ အမြဲတမ်း 100 % အပြည့် ပေးဆပ် ကစားနေသူ တစ်ဦးပါ ”

” အခုတော့ လေ့ကျင့်ရေးကွင်းထဲမှာ စံနှုန်း တစ်ခု ရှိနေပါပြီ ။ ကာဆီမီရို ကတော့ ရှေ့ဆက်ကောင်းလိုတဲ့ ကစား သမားတစ်ဦးပါ ။ သူဟာ လေ့ကျင့်ရေးကွင်းမှာရော gym ခန်းမှာပါ အလုပ်ကြိုးစားပါတယ် ။ သူဟာ လူငယ်လေးတွေ အတွက်တော့ စံပြ ကစားသမား တစ်ဦးပါပဲ ” လို့ လင်ဒီလော့ဖ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar