ပွဲကစားချိန်မိနစ်တွေ နည်းပါးနေခဲ့တဲ့ ကစားသမား နှစ်ဦးအတွက် သတင်းကောင်းပေးလိုက်တဲ့ အဲရစ် တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟတ် က တောင့်တင်းတဲ့ ကစားသမား စာရင်းကို တစ်ခုကို ပိုင်ဆိုင်ထားရခြင်းက အသင်းအတွက် တကယ့်ကို ကောင််းမွန်လှကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက ယူရို ပါလိဂ် ပြိုင်ပွဲမှာ ရှရိဖ် အသင်းကို ရင်ဆိုင်ခဲ့ရပြီး 3 ဂိုးပြတ် အနိုင် ရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွားယား နဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် တို့ ပါဝင် ကစားပေးနိုင်ခဲ့ကြပါတယ် ။

သူတို့ဟာ ဒဏ်ရာ ပြသနာမှ ပြန်လည် သက်သာကောင်းမွန််လာခဲ့ကြတာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားဝင် ကစားပေးနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီမတိုင်ခင်တော့ မက်ဂွားယားဟာ ရှရိဖ် နဲ့ ပထမ အကျော့မှာ ကစားပေးခဲ့တာ ဖြစ်ပြီး ဗန်ဒီ ဘိခ် က လီဗာပူး နဲ့ ပွဲမှာ နောက်ဆုံးအကြိမ် ပါဝင် ကစားပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က သူတို့ နှစ်ဦး အသင်းတွက် ပြန်လည် ပါဝင် ကစားပေးနိုင်တဲ့ အကြောင်း အမေးခံလိုက််ရတဲ့ အခါမှာတော့ တောင့်တင်းတဲ့ ကစားသမား စာရင််း ပိုင်ဆိုင်ထားတာ တကယ့်ကို ကောင်းမွန်ကြောင်း အသင််းအတွက် အသင့်ရှိနေဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ်၊ အသင်းအတွက် ကစားပေးနိုင်စွမ်းရှိတဲ့ ကစားသမား အများကြီး ရှိနေတာ ကောင်းမွန်လှပါတယ် ။ ကျွန်တော်တို့ ရွေးချယ်မှုတွေ လုပ်နိုင်တယ်လေ ။ ကျွန််တော်တို့ဖက်က သူတို့ အားလုံးကို လိုအပ်ပါတယ် ။ ဒါပေမဲဲ့ ဒဏ်ရာ ပြသနာတွေကို ရှောင်လွှဲလို့ မရနိုင်ဘူးလေ ”

” သူတို့ ဒဏ်ရာ ရသွားရင်လည်း အတတ်နိုင်ဆုံး အမြန် ပြန်ကောင်းဖို့ အရေးကြီးပါတယ် ။ အခု သူတို့ပြန်လာနိုင်ခဲ့ပါပြီ ။ သူတို့ အသင်းအတွက် အသင့်ရှိနေတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ကို တကယ်ပဲ လိုအပ်ကြတယ်လေ ”

” ကျွန်တော်တို့ အသင်းမှာ အားလပ်ရက်ကြီး မလာခင် ပွဲစဥ် 5 ပွဲကို ကာဗာ လုပ်နိုင်တဲ့ ကစားသမား စာရင်းကြီး ရှိနေဖို့ လိုအပ်လှပါတယ် ။ အဲ့ဒီပွဲစဥ်တွေက ခက်ခဲနေမှာပါပဲ ။ ဒါ့ကြောင့် နေရာတိုင်းမှာ တောင့်တင်းတဲ့ ကစား သမား စာရင်း ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ် ”

” ကျွန်တော်တို့ အသင်းအဖွဲ့ တစ်ခုအဖြစ် လုပ်ဆောင်ရမယ့် အလုပ်တွေ ရှိနေသေးတယ်လေ ။ အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းက ကဏ္ဍ တစ်ခုစီမှာ ပါဝင်ကစားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ သူတို့ အနေနဲ့ အသင်းအတွက် အသင့်ရှိနေဖို့ ၊ တိုက်ပွဲဝင်ပေးဖို့ လိုအပ်ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar