စပါးနဲ့ပွဲတုန်းက အဖြစ်အပျက်အတွက် ဝေဖန်မှုတွေခံနေခဲ့ရတဲ့ ရော်နယ်ဒိုဖက်မှ ကာကွယ်လိုက်တဲ့ လီဗာပူးဂန္တဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဥ်တုန်းက ပွဲပြီးခါနီးမှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေအောက် ကျရောက်ခဲ့ပါသေးတယ် ။

အဲ့ဒီနောက်မှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်် က သူ့ကို တစ်ဦးထဲ လေ့ကျင့်စေခဲ့ပြီး ချဲလ်ဆီး အသင််းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာလည်း ပေါ်တူဂီသားကို ပွဲထွက် ကစားသမား စာရင်းထဲရော ၊ အရန်လူ စာရင်းထဲပါ မထည့်သွင်းခဲ့ပြန်ပါဘူး ။

အဲ့ဒီနောက် ရှရိဖ် နဲ့ ကစားရတဲ့ ပွဲစဥ်မှာ သူဟာ ပွဲထွက် ကစားသမား စာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပြီး ပွဲချိန်ပြည့် ကစားခွင့်နဲ့ အတူ တစ်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ်် ။ ဒါပေမဲ့ သူနဲ့ ပတ်သက်လို့ ဝေဖန်သံတွေဟာ ထွက်ပေါ်နေဆဲပဲ ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ ကစားသမားဖက်က အကာအကွယ်ပေးသူတွေ ရှိနေခဲ့ကြသလို အပြစ်တင်သူတွေလည်း ရှိခဲ့ကြပါတယ် ။ အခုတော့ လီဗာပူး ဂန္တဝင် ရော်ဘီ ဖောင်လာက ပေါ်တူဂီသားဖက်မှ ကာကွယ် စကား ဆိုခဲ့လိုက်ပြီး သူကိုယ််တိုင်လည်း ဒီလို ကြုံခဲ့ဖူးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် ကိုယ်တိုင်ကလည်း ဒီလို အဖြစ်အပျက်မျိုး ကြုံခဲ့ဖူးပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော် အကောင်းဆုံး တိုက်စစ်မှူးလို့ လက်ခံထားခဲ့တာလေ ။ ဒါပေမဲ့ အကြောင််း အမျိုးမျိုးကြောင့် နည်းပြ ဖြစ်သူဟာ ခင်ဗျား မပါတဲ့ အသင်းကို ရွေးချယ်သွားခဲ့ပါတယ် ”

” ကစားသမား တစ်ဦးအတွက်တော့ ဦးစားပေး ပွဲထွက် ကစားခွင့် မရရှိတာက တကယ့်ကို ခံစားရခက်ပါတယ် ။ ဒါဆို ခင်ဗျား ဘာလုပ်မလဲ ? ခင်ဗျား အနေနဲ့ လေ့ကျင့်ရေးကွင်းထဲ သွားရောက်ပြီး လုပ်နိုင်တာ အကုန်လုပ်ရင်း စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ ကြိုးစားရမှာပါပဲ ”

” ဒါပေမဲ့ အဲ့လောက်နဲ့ မပြီးသေးပါဘူး ။ မန်နေဂျာတိုင်းမှာ သူတို့ ကစားစေချင်တဲ့ ကစားသမားအချို့ ရှိတတ်ကြတယ်လေ ။ ကျွန်တော်တို့ အနေနဲ့ အဲ့တာကို လက်သင့်ခံဖို့ ခက်ခဲလှပါတယ် ။ အဲ့တာကြောင့် ကျွန်တော် လီဗာပူးက ထွက်ပြီး လိဒ်စ် ကို ပြောခဲ့ရတာပါ ”

” ကျွန်တော် ဘောလုံး ကစားဖို့ လိုအပ်ခဲ့ပါတယ် ။ ကျွန်တော့် စိတ်ထဲမှာ အသင်းမှာ မရှိစေချင်လို့ ကစားခွင့်ကန့်သတ်လိုက်တာလို့တောင် ခံစားခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အခြားကိုသွားပြီး ဆက်လက်တောက််ပဖို့ လိုအပ်ခဲ့ပါတယ် ”

” ရော်နယ်ဒို နဲ့ ပတ်သက်လို့ မေးခွန်းတွေ အမျိုးမျိုး ရှိခဲ့ပါတယ် ။ ဒါပေမဲ့ အခုအချိန်မှာ သူဟာ ကမ္ဘာ ပေါ်က ဘယ််လို အသင်းမျိုးဆီမဆို သွားပြီး ကစားပေးနိုင်သေးတယ််လို့ ကျွန်တော် ခံစားနေရပါတယ် ။ ဒါပေမဲ့ သူက ကျွန််တော်တို့ သိထားတဲ့ ကစားသမားမျိုး မဟုတ်တော့ဘူးဆိုတာလည်း သတိရဖို့ လိုအပ်ပါတယ် ”

” ဒါပေမဲ့ သူဟာ အတိုင်းအတာ တစ်ခုအထိတော့ ဘောလုံံး ကစားနိုင်စွမ်း ရှိနေသေးဆဲပါ ။ သူ့ကိုယ်သူ ဘယ်လို စောင့်ရှောက် ထိန်းသိမ်းနေသလဲဆိုတာကို ကြည့်လိုက်ရုံနဲ့ သူ ဘယ်လောက်ထိ ဘောလုံး ကစားချင်သလဲဆိုတာ သိနိုင်ပါတယ် ” လို့ ဖောင်လာက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar