အဓိက ကစားသမား အချို့ ဒဏ်ရာရနေကြောင်း ဖွင့်ဟလိုက်ပြီး ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဒေးဗစ် မိုယက်စ်

မနက်ဖြန်ည 10:45 မှာတော့ ဒေးဗစ် မိုယက်စ် ဦးဆောင်တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ဒေးဗစ် မိုယက်စ် အတွက်တော့ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရခြင်းပါပဲ ။

လက်ရှိ အချိန်အထိတော့ ဝက်စ်ဟမ်း ယူနိုက်တက် အသင််းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 12 ပွဲ ကစားပြီးချိန် 4 ပွဲ အနိုင် ၊ 2 ပွဲ သရေ ၊ 6 ပွဲ အရှုံး ဆိုတဲ့ ရလဒ် နဲ့ အမှတ်ပေး ဇယား အဆင့် 10 နေရာမှာ ရပ်တည်နေပါတယ် ။ ယူနိုက်တက် ကတော့ 11 ပွဲ ကစားပြီးချိန် 6 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 3 ပွဲ ရှုံးနဲ့ အဆင့် 5 မှာ ရပ်တည်နေခဲ့ပါတယ် ။

အခုတော့ ဒေးဗစ် မိုယက်စ် က အသင်းဟောင်း နဲ့ ရင်ဆိုင််ရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အားထားရတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဂျရော့ဒ် ဘိုဝင် ပါဝင်နိုင်ဖို့ မသေချာကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပြီး ပါကွီတာ ၊ ဒေါ်ဆွန် နဲ့ ကော်နက် တို့လည်း မသေချာကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ဂျရော့ဒ် ဟာ မြက်ခင်းပြင်ပေါ် အနည်းငယ် ပြေးလွှားနိုင်ခဲ့ပါပြီ ။ သူ့ရဲ့ အနေအထားကို စောင့်ကြည့်ကြရတာပေါ့ ။ ပါကွီတာ ကတော့ နောက်တစ်ပါတ် မတိုင်ခင်အထိ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ” လို့ ဒေးဗစ် မိုယက်စ် က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှာတော့ အန်သိုနီ မာရှယ် ပါဝင်နိုင်ဦးမှာ မဟုတ်သေးသလို ရာဖေးလ် ဗာရန်း နဲ့ အေဇဲလ် တွမ်ဇီဘီ တို့လည်း ခရစ္စမတ် မတိုင်မီထိ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခြေရှိမနေကြဘူးလို့ သိနေခဲ့ရပါတယ် ။

ဒါ့အပြင် ဘရန်ဒန် ဝီလီယံ ကလည်း အသင်းနဲ့ မပူးပေါင််းနိုင်သေးပါဘူး ။ ဒါပေမဲ့ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ ပြန်လည် ကြံ့ခိုင်လာခဲ့ပြီ ဖြစ်သလို ဟယ်ရီ မက်ဂွားယား ကလည်း အသင်းအတွက် ပြန်လည် ကစားပေးထားနိုင်ခဲ့တာက ယူနိုက်တက် တို့အတွက် အပေါင်း လက္ခဏာဆောင်ကျဥ်းစေခဲ့ပါတယ် ။

ဒါ့အပြင် အာရွန် ဝမ် ဘစ်ဆာကာ လည်း အသင်းနဲ့ ပြန််လည် လေ့ကျင့်နိုင်ခဲ့ပြီလို့ သိခဲ့ရပါတယ် ။ အခုတော့ 4 ပွဲဆက် အဝေးကွင်း နိုင်ပွဲ မတွေ့ကြုံရချိန် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အသင်းဟောင်းနဲ့ ရင်ဆိုင်ရေး အပေါ် မှတ်ချက်ပေးဖို့ အပြောခံလိုက်ရချိန်မှာတော့….

” အိုးလ် ထရပ်ဖို့ဒ် ဆီကို သွားရောက် ကစားရတယ်ဆိုတာက ဘယ်လို အသင်းမျိုး အတွက် မဆို ခက်ခဲစေမှာ အသေအချာပါပဲ ။ ကျွန်တော်တို့ဟာ မကြာသေးခင်တုန်းက အဆုံးသတ် စွမ်းရည်ပိုင်းမှာ ပိုပြီးတော့ တိုးတက်နိုင်ခဲ့သင့်ပါတယ် ”

” ကျွန်တော့်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ ဟိုအရင်တုန်းက အကြောင်းတွေ ပြောချင််စရာ အများကြီးရှိပါတယ် ။ သူတို့ ကံကောင်းကြပါစေလို့ပဲ ကျွန်တော် ပြောလိုပါတယ် ။ အဲ့ဒီမှာ ရှိနေကြသူတွေ အကြောင်းတော့ မပြောလိုပါဘူး ” လို့ မိုယက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar