ရော်နယ်ဒို အပေါ် ဆိုးရွားလွန်းတဲ့ မှတ်ချက်ပေးခဲ့လိုက်တဲ့ ဂယ်ရီ နဗီးလ် ကို ဆန့်ကျင်လိုက်တဲ့ ဒါးလော့

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ ဖြစ်သူ ဒီယိုဂို ဒါးလော့ တိုက်စစ်မှူး ရော်နယ်ဒို ကွင်းထဲရှိချိန်မှာ သူတို့ဟာ ပိုကောင်းတဲ့ အသင်းအဖြစ် ရှိနေခဲ့ကြတာဖြစ်ကြောင်း ဂယ်ရီ နဗီးလ် ရဲ့ အပြောကို ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဘရန့်ဖို့ဒ် ၊ နယူးကာဆယ် နဲ့ ပွဲစဥ် နှစ်ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ထက် ပေါက်ကွဲအား ပိုကောင်းတဲ့ ရပ်ရှ်ဖို့ ကို နှစ်သက်လို့ပါပဲ ။

တကယ်တော့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန််းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 24 ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင််း အများဆုံး ကစားသမား ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲရစ် တန်ဟတ် က မြန်နှုန်းမြင့် ကစားသမားတွေကို ဦိးစားပေလိုတာကြောင့် ဒီရာသီ ပွဲထွက်ခွင့် နည်းပါးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ရော်နယ်ဒို ရဲ့ အနာဂတ် အသင်းမှာ ဆက်ရှိဖိုမသေချာတော့ဘူးဆိုတဲ့ စကားသံတွေလည်း ဒီကြားထဲ ကျယ်လောင်နေခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူနဲ့ သတင်းထွက်ခဲ့တဲ့ နာပိုလီ အသင်းကလည်း ဆောင်းရာသီိ စျေးကွက်မှာ ကစားသမား ခေါ်ယူမှာ မဟုတ်ကြောင်း ငြင်းခဲ့ပါသေးတယ် ။

 

ဒါ့အပြင် မကြာသေးခင်ကပဲ ယူနိုက်တက် ဂန္တှဝင် ဂယ်ရီ နဗီးလ် က ရော်နယ်ဒို မပါတဲ့အချိန် အသင်းရဲ့ ကစားပုံက ပိုကောင်းနေခဲ့တယ်လို့ မှတ်ချက်ပေးခဲ့သေးသလို ဒါကို သိလို့ အဲရစ် တန်ဟတ် က ပွဲထွက်ခွင့်တွေ မပေးတာ ဖြစ်ကြောင််းလည်း အသင်းဖော်ဟောင်းအတွက် ဆိုးရွားလွန်းတဲ့ မှတ်ချက်ပေးခဲ့ပါသေးတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရော်နယ်ဒို ကို ရွေးချယ်ခဲ့တဲ့ ပွဲစဥ်တွေ ခင်ဗျားတို့ မြင်ခဲ့မှာပါ ။ အသင်းက သူမပါတဲ့အခါ ပိုကောင်းတတ်ပါတယ် ။ ဒါကို အဲရစ် တန်ဟတ်လည်း သိပါတယ် ။ ယူနိုက်တက် ဖက်က အခုချိန် လုပ်နိုင်တဲ့ အကောင်းဆုံး အရာက ရော်နယ်ဒိုနဲ့ တွေ့ပြီး ဆက်ဆံရေး ရပ်စဲလိုက်ဖို့ပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ညာနောက်ခံလူ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့ က တစ်နိုင်ငံတည်းသား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို အပေါ် ဂယ်ရီ နဗီးလ် ရဲ့ ပြောဆိုမှတ်ချက်ပေးမှုကို သဘောမတူပဲ ပေါ်တူဂီသား ကွင်းထဲ ရှိနေချိန်မှာ သူတို့ဟာ ပိုပြီးတောင့်တင်းတဲ့ အသင်း ဖြစ်လေ့ရှိခဲ့ကြောင်း တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။

” ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး private ဖြစ်ခဲ့တာချည်းပဲဆိုတာ ထင်ရှားလှပါတယ် ။ ကျွန်တော်တို့ဟာ ဒီလို အရာတွေကို အဝတ်လဲခန်းထဲမှာပဲ သိမ်းဆည်းထားလိုကြတာပါ ။ အသင်းတစ်သင်း အနေနဲ့ ဖြစ်သင့်တာတွေ ဖြစ်ပျက်ခဲ့ရတာပါ ။ ကျွန်တော်တို့ဟာ ခရစ္စတီယာနို ရှိလို့ ပျော်ရွှင်နေကြပါတယ် ”

” မနေ့က သူဟာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ဒါက လွန်ခဲ့တဲ့ နှစ် 20 လုံး သူလုပ်ပြနေခဲ့တဲ့ အရာတစ်ခုပဲလေ ။ သူဟာ ကွင်းထဲရှိတဲ့ အချိန်တိုင်း ကျွန်တော်တို့ကို ကူညီပေးနိုင်ဖို့ ကြိုးစားခဲ့တာချည်းပါပဲ။ သူရှိရင် ကျွန်တော်တို့ ပိုကောင်းကြပါတယ် ။ သူဒီမှာရှိနေလို့ ကျွန်တော်တို့ ပျော်ရွှင်ရပါတယ် ” လို့ ဒါးလော့ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar