ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

၁~လက္စတာ vs မန္စီးတီး

ပုံစံကောင်းကို ပြန်လည် ရရှိလာခဲ့တဲ့ လက်စတာ အတွက် ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ယုံကြည်မှုကို ပြန်လည် ရှာဖွေနေတဲ့ အချိန်မှာ မန်စီးတီးဟာ ကိုယ်နောက်ဆုံးမှ တွေ့ချင်တဲ့ အသင်း ဖြစ်ပါတယ်။ လက်စတာဟာ ဝုဖ်နဲ့ပွဲစဉ်မှာ ဂိုးပေါက်တည့်မတ်မှု ၄ ကြိမ်မှာ ၄ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မန်စီးတီးပါ။ သူတို့ ဘယ်လို အသင်းလဲ ဆိုတာ အားလုံး သိပြီးသားပါ။ စီးတီးဟာ အင်္ဂါနေ့မှာ ဒေါ့မွန်နဲ့ သရေကျခဲ့ပြီး ဟာလန်းဟာ ကြံ့ခိုင်မှု အခြေအနေကြောင့် အဆိုပါ ပွဲစဉ်မှာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပါတယ်။ သူဟာ ဒီပွဲမတိုင်မီ ကြံ့ခိုင်မှု ပြည့်၀ကာ အသင့် ဖြစ်နေပါလိမ့်မယ်။

ခန့်မှန်းချက် – လက်စတာ ၀-၂ မန်စီးတီး

၂~ဘုန်းမောက် vs တော့တင်ဟမ်
ဘုန်းမောက် အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ၀က်ဟမ်းကို ရှုံးချက်နာခဲ့တယ်လို့ တွေးနေမှာပါ။ ဒါပေမယ့်လည်း ၀က်ဟမ်းနဲ့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူတို့ဟာ အခုချိန်မှာ ၂ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ကြားရက်က ချန်ပီယံလိဂ်ပွဲစဉ်မှာ အဓိပ္ပာယ် မရှိတဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် သရေကျခဲ့ အပြီးမှာ အကောင်းဆုံး ပြန်လည် တုန့်ပြန်သွားချင်နေမှာပါ။ ဟန်းနီးမွန်းကာလက ပြီးသွားပြီ ဖြစ်တာကြောင့် နည်းပြ ဂယ်ရီအိုနေးဟာ အခုချိန်မှာ ခက်ခဲတဲ့ အနေအထားကို ရောက်နေပါတယ်။

ခန့်မှန်းချက် – ဘုန်းမောက် ၁-၂ တော့တင်ဟမ်

၃~ဘရိုက်တန် vs ချဲလ်ဆီး
ဘရိုက်တန်ဟာ ဂိုးရဖို့ ခက်ခဲနေတဲ့ ကာလတွေကို ဖြတ်သန်းနေရပြီး အထူးသဖြင့် အိမ်ကွင်းမှာ ဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာ ချဲလ်ဆီးကို ထွက်ခွာခဲ့ပြီးနောက် ဘရိုက်တန်ဟာ ရမှတ် ၂ မှတ်သာ ရထားခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ပုံစံကောင်းမှာ ရှိနေကာ ကြားရက်တုန်းကလည်း အနိုင်ရရှိခဲ့ပြန်ပါတယ်။ ပေါ်တာဟာ သူတို့ အတွက် တကယ် သင့်တော်တဲ့ နည်းပြလို့ ထင်ပါတယ်။

ခန့်မှန်းချက် – ဘရိုက်တန် ၀-၂ ချဲလ်ဆီး

၄~လီဗာပူး Vs လိဒ်
လိဒ်အတွက် ပြသနာကတော့ သူတို့ဟာ ယှဉ်ပြိုင်မှု ပြင်းထန်ပေမယ့် ပရိယာယ်ကြွယ်၀မှု နည်းပါးတာပါပဲ။ ပက်ထရစ်ဘန်းဖို့ဒ်ဟာ ပွဲတွေ ကစားခြင်းအားဖြင့် Match fitness ပြန်လာရမှာ ဖြစ်ပြီး သူဟာ လိဒ်တို့ ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး အဆုံးသတ်သမားပါ။ လီဗာပူးဟာ ကြားရက်က ချန်ပီယံလိဂ်မှာ အရမ်းကို ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီပွဲမတိုင်မီ ကတော့ သူတို့ဟာ နိမ့်ပါးတဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ လီဗာပူးတို့ ဖောရက်စ်ကို ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည် ရုန်းထွက်နိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – လီဗာပူး ၂-၀ လိဒ်

၅~အာဆင်နယ် vs နော့တင်ဟမ်ဖောရက်စ်
အာတီတာနဲ့ ပက်သက်ပြီး ကျွန်တော် နှစ်သက်တာကတော့ သူဟာ ဆောက်သမ်တန်ကို သရေသာ ကစားနိုင်ခဲ့တဲ့ အပေါ် အတော်လေး စိတ်ပျက်နေခဲ့တာပါပဲ။ အကယ်၍ ကစားသမားတွေ ဘက်ကလည်း ဒီလိုမျိုး ခံစားမိမယ် ဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာပါ။ သူတို့ဟာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ကာ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်မှာပါ။ အမ်းမရိတ်ဟာ ဒီအချိန်မှာ ကောင်းမွန်တဲ့ atmosphere ရှိနေပါတယ်။ ဖောရက်စ် အနေနဲ့ လီဗာပူးနဲ့ ပွဲကလို ရလဒ်မျိုး ထပ်မံ ဖန်တီးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။

ခန့်မှန်းချက် – အာဆင်နယ် ၂-၀ နော့တင်ဟမ်ဖောရက်စ်

၆~ မန်ယူနိုက်တက် vs ၀က်ဟမ်း
နှစ်သင်းစလုံးဟာ ယူရိုပါလိဂ်ပွဲစဉ်ကို ကစားထားခဲ့ရတာကြောင့် အပြောင်းအလဲ တစ်ချို့ လုပ်သွားမှာပါ။ ကျွန်တော် ကတော့ ဒီပွဲမှာ မန်ယူနိုက်တက်တို့ အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။ ၀က်ဟမ်းဟာ အဆင့် ၁၀ နေရာမှာ ရှိနေကာ ရလဒ်ကောင်းတစ်ချို့ ရယူထားခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုလည်း သွင်းဂိုး ရသွားနိုင်ပါတယ်။ ရော်နယ်ဒို အကြောင်း မပြောရတဲ့ နေ့ရက်တွေ မရှိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၁ ၀က်ဟမ်း

အခြားပွဲစဉ်များ
ဘရန့်ဖို့ဒ် ၁-၂ ဝုဖ်
ပဲလေ့စ် ၁-၁ ဆောက်သမ်တန်
နယူးကာဆယ် ၂-၀ အက်စတွန်ဗီလာ
ဖူဟမ် ၁-၁ အဲဗာတန်

SM