အာဆင်နယ် နဲ့ လီဗာပူး ပွဲမှာ ဂါဘရီယဲလ် ကို ဟန်ဒါဆန် ပြောခဲ့တဲ့ စကား ထွက်ပေါ်လာ

ဒီလ အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ လီဗာပူး ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဂါဘရီယဲလ် နဲ့ ဟန်ဒါဆန် တို့ရဲ့ ဖြစ်ရပ်ကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် က စုံစမ်း စစ်ဆေး ခဲ့ပြီး လီဗာပူး ကပ္ပတိန်ကို တစ်စုံတစ်ရာ အရေးယူဖို့ မရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ် ။

အက်ဖ်အေ ဟာ စွပ်စွဲသူ ဂါဘရီယဲလ် နှင့် စွပ်စွဲ ခံရသူ ဟန်ဒါဆန် တို့ အပါအဝင် ဖြစ်ရပ် အနီးအနား က ကစားသမား ခြောက်ဦး ကို စစ်ဆေး မေးမြန်း ခဲ့ပြီးတဲ့ နောက်မှာတော့ ဟန်ဒါဆန် ဟာ စည်းကမ်း ချိုးဖောက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ကြေညာ ခဲ့တာ ဖြစ်ပါတယ် ။

အက်ဖ်အေ ရဲ့ ထုတ်ပြန်ကြေညာချက်မှာ စွပ်စွဲ ခံရသူ ဟန်ဒါဆန် ဟာ စွပ်စွဲသူ ဂါဘရီယဲလ် တိုင်ကြားထားတဲ့ စကားမျိုး ပြောခဲ့ခြင်း မရှိကြောင်း စစ်ဆေးနေမှု တောက်လျှောက် ငြင်းဆို ခဲ့ကြောင်း နဲ့ သက်သေ အဖြစ် အစစ်ဆေးခံခဲ့တဲ့ ကစားသမားတွေကလည်း တစ်စုံတစ်ရာ သဲသဲကွဲကွဲ ကြားမိခြင်း မရှိကြောင်း ထွက်ဆို ခဲ့တယ်လို့ ပါဝင် ပါတယ် ။

ဒါ့အပြင် အက်ဖ်အေ ဟာ ထောင့်ပေါင်းစုံက video footage မျိုးစုံကို ကြည့်ရှုပြီး ကျွမ်းကျင် ပညာရှင်တွေရဲ့ အကူအညီ ကိုလည်း ရယူခဲ့ကြောင်း ဆိုပါတယ် ။ အခု အခါမှာတော့ Daily Mail ရဲ့သတင်းထောက် မာတင် ဆမ်မြုရယ် က ဂါဘရီယဲလ် နဲ့ ဟန်ဒါဆန် တို့ရဲ့ ဖြစ်စဉ် နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု အကြောင်းစုံကို ထုတ်ဖော် ရေးသား လာခဲ့ပါတယ် ။

Daily Mail ရဲ့သတင်းထောက် ရဲ့အဆိုအရ လီဗာပူး အသင်း ကပ္ပတိန် ဟာ ဂါဘရီယဲလ် ကို ‘f***ing idiot’ လို့ ပြောခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမယ့် ဂါဘရီယဲလ် ကတော့ ဟန်ဒါဆန် ဟာ သူ့ကို အဲ့စကားလုံးထက် ပိုမိုဆိုးရွားတဲ့ ပေါ်တူဂီ စကားလုံး နဲ့ ပြောဆို ခဲ့ကြောင်း စွပ်စွဲ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဒါပေမယ့် ဂါဘရီယဲလ် စွပ်စွဲ သလိုမျိုး ဟန်ဒါဆန် ပြောခဲ့တယ်လို့ တခြား ကစားသမားတွေက အတည်ပြု ပေးနိုင်ခြင်း မရှိပါဘူး ။ ထို့အတူ ဂါဘရီယဲလ် ပြောတာ မဟုတ်ကြောင်း မှားယွင်း စွပ်စွဲမှု ဖြစ်ကြောင်းလည်း ဘယ်ကစားသမား ကမှ အတည်ပြု မပေးနိုင်ခဲ့ပါဘူး ။

SM