အရပ်အမောင်းကလွဲရင် မာတီနက်ဇ်မှာ နောက်ထပ် အားနည်းချက်တစ်ခု ရှိနေသေးကြောင်း ပြောလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ဂန္တဝင်် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါလ် စခိုးလ် က နွေတုန်းက အသင်းဆီ ရောက်လာခဲ့ပြီး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ချီးကျူးသွားခဲ့လိုက်ပါတယ် ။

လီဆန်ဒရို မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့နောက် အရပ်ပုနေခဲ့တဲ့အတွက်် ဝေဖန်မှုတွေ ၊ မေးခွန်းထုတ်မှုတွေ ခံခဲ့ရပါသေးတယ် ။ အဲ့တာကို သူ့ဖက်က ခြေစွမ်းကောင်းပြသရင်း အကောင််းဆုံး ပြန်လည် တုန့်ပြသွားနိုင်ခဲ့ပါတယ် ။

အခုတော့ ရှရိဖ် အသင်းနဲ့ ကစားခဲ့ရတဲ့ ယူရို ပါလိဂ် ပွဲစဥ်မှာ သူဟာ ယူနိုက်တက် ကစားသမား ဘဝရဲ့ 15 ကြိမ်မြောက် ပွဲစဥ်ကို ကစားပေးခွင့် ရရှိခဲ့ပါတယ် ။ ဒီပွဲမှာလည််း သူဟာ ပုံစံကောင်း ပြသသွားနိုင်ခဲ့ပေမဲ့ အနားယူဖို့ လိုအပ်နေတာကြောင့် ဒုတိယပိုင်း လူစားလဲခံခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ပုံစံကောင်းတွေ ပြသနိုင်မှုနဲ့အတူ ပရိသတ် အချစ်တော် ဖြစ်လာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ် ဆီမှာ အားနည်းချက်တစ်ခု ရှိသေးကြောင်း ၊ အဲ့တာက သူဟာ 1 Vs 1 ကစားတာ မကောင်းကြောင်း ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က ပြောခဲ့လိုက်ပါတယ် ။

” အမြင်တွေ ပြောင်းလဲသွားပြီလို့ ထင်မိပါတယ် ။ သူက ရန်လိုမှုအပြည့်နဲ့ ကစားတတ်သူ တစ်ဦးပါ ။ သူဟာ သူ့ရဲ့ အသင်း ဘောလုံး ပိုင်ဆိုင်မှု အများကြီး ရရှိတဲ့ အချိန်မှာ တိုက်စစ်ပိုင်း တက်ရောက် ကစားတတ်သူ တစ်ဦးလည်း ဖြစ်တယ်ဆိုတာကို အေဂျက်ဇ် မှာ မြင်ခဲ့ပြီးပါပြီ ”

” ဒါပေမဲ့ 1 vs 1 ယှဥ် ကစားတဲ့ အခါမှာတော့ သူဟာ အကောင််းဆုံး ခံစစ်မှူးတစ်ဦး မဖြစ်နိုင်သေးဘူးလို့ ထင်မိပါတယ် ။ သူ့ ဘေးနားမှာ ရာဖေးလ် ဗာရန်း ရှိနေတာက သူ့ကို အသင်းမှာ ပိုပြီး အထိုင်ကျစေခဲ့တာလို့ ကျွန်တော် ထင််မိပါတယ် ”

” သူဟာ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး စာမျက်နှာမှာ ကစားပုံတွေ ကောင်းမွန်ခဲ့တယ်လို့ ထင်မိပါတယ် ။ ပြီးတော့ ပရိသတ်တွေလည်း သူ့အပေါ် နွေးထွေးကြတယ်လို့ ခံစားမိပါတယ် ” လို့ ပေါလ် စခိုးလ် က ထုတ်ပြောသွားခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ ယူနိုက်တက် ခံစစ်မှူး ရာဖေးလ် ဗာရန်း ဟာ ဒဏ်ရာ ရရှိနေခဲ့ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ ပါဝင် ကစားနိုင်ခြေ နည်းပါးနေခဲ့ပါတယ် ။ ဒါ့ကြောင့် ရှရိဖ် နဲ့ ပွဲစဥ်မှာ မာတီနက်ဇ် ဟာ လင်ဒီလော့ဖ် နဲ့ တွဲဖက် ကစားခဲ့ရတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar