ရှရစ်နဲ့ပွဲစဉ်အတွင်း အန်သိုနီရဲ့ မလိုအပ်ဘဲ skill ပြခဲ့မှု အပေါ် အပြင်းအထန် ဝေဖန်လိုက်တဲ့ ရော်ဘီဆားဗေ့ခ်ျ နဲ့ ပေါလ်စခိုးလ်

 

မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ပေါလ်စခိုးလ် နဲ့ ရော်ဘီဆားဗေ့ခ်ျ တို့ဟာ မနေ့ညက အက်ဖ်စီရှရစ်ကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် နိုင်ပွဲအတွင်း အန်သိုနီရဲ့ မလိုအပ်ဘဲ skill ပြခဲ့မှု အပေါ် အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ သရဲနီ တို့ဟာ ဒီပွဲမှာ လိုအပ်တဲ့ အနိုင် ၃ မှတ်ကို ရရှိကာ play-off match ကို ရှောင်ရှားနိုင်မယ့် ထိပ်ဆုံးနေရာ အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး နွေရာသီမှာ ခေါ်ယူခဲ့တဲ့ အန်သိုနီဟာ ရလဒ် ၀-၀ ဖြစ်နေချိန်မှာ အိုင်ယက်မှာ သူပြသလေ့ရှိတဲ့ trademark skill ကို မလိုအပ်ဘဲ ပြသခဲ့ပါတယ်။

အဆိုပါ အချိန်မှာ ယူနိုက်တက်ဟာ ဂိုးရဖို့ လိုအပ်နေချိန် ဖြစ်ပြီး အန်သိုနီဟာ သူ့ရဲ့ trademark spinning တွေကို လုပ်ခဲ့ပြီး အဲဒီနောက် အသင်းဖော်ကို ဘောလုံးပေးရာမှာ များသွားခဲ့ပြီး goal kick ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် အန်သိုနီဟာ ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပြီး BT Sport ရဲ့ အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဆားဗေ့ခ်ျ ကလည်း ဒီလို skill ကို ပြသခဲ့ပြီးနောက် ဘောလုံးကို မှန်အောင် မပေးနိုင်တဲ့ အန်သိုနီရဲ့ ဖြစ်ရပ်ဟာ ရှက်စရာကောင်းတယ်လို့ ဆိုလိုက်ပါတယ်။

ဆားဗေ့ခ်ျက “ကျွန်တော့် အတွက်ကတော့ ဒါဟာ အတော်လေး ရယ်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဒါမျိုးကို လုပ်ပြခဲ့ပြီးနောက် Goal kick ဖြစ်သွားအောင် ဘောလုံးပေးခဲ့လို့ပါ။ တကယ် ရှက်စရာပါပဲ။ သူဟာ ဒါကို ဘယ်သူမှ မရှိတဲ့ အချိန် လုပ်ခဲ့တာပါ။ အဲဒီနောက် ဘောလုံးကို out of play ဖြစ်အောင် ပေးခဲ့ပါတယ်။ အကယ်၍ ကျွန်တော်သာ မန်နေဂျာဆိုရင် ဒါနဲ့ပက်သက်ပြီး ပျော်ရွှင်မိမှာ မဟုတ်ပါဘူး။

ခင်ဗျားတို့ ပရိတ်သတ်တွေရဲ့ အသံကိုလည်း ကြားနေရမှာပါ။ အသင်းဟာ နိုင်ပွဲရဖို့ ကြိုးစားနေကာ ဘောလုံးကို လျှင်မြန်စွာ ပေးပို့နေပါတယ်။ သူ ဒီလို လုပ်နေချိန်မှာ ဘယ်သူမှလည်း သူ့နားမှာ မရှိပါဘူး။ အဲဒီနောက် သူ့ရဲ့ ပေးပို့မှုက goal out ဖြစ်သွားခဲ့ပါတယ်။ ရှက်စရာကြီးပါ။ ရလဒ်က ၀-၀ ဖြစ်နေတာပါ။

အသင်းဟာ ဂိုးရဖို့အတွက် ကြိုးစားနေတာ ဖြစ်ပြီး ဘယ်သူမှ မရှိချိန်မှာ ဒါကို လုပ်ခဲ့တဲ့ အကြောင်းရင်းက ဘာလဲ? ဒီထက်ဆိုးတာက ဘောလုံးကို out of play ဖြစ်အောင် ထပ်လုပ်လိုက်တာပါပဲ။ အကယ်၍ သူ ဒီလို ထပ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော် သူ့ကို လူစားလဲပစ်မှာပါ။” လို့ ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက် ဂန္တ၀င် ပေါလ်စခိုးလ် ကလည်း “သူ ဘာ့ကြောင့် ဒီလို လုပ်တာလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါဟာ မလိုအပ်ဘဲ skill ပြတာပါ။ တန်းဟတ်ရဲ့ တုန့်ပြန်မှုကို ကြည့်လိုက်ပါ။ သူ စိတ်ပျက်နေခဲ့ပါတယ်။ သူ ဘာတွေ စဉ်းစားနေတာလဲ? သူဟာ ပြိုင်ဘက်ကို ဒီ skill ပြပြီး ကျော်ဖြတ်တာလည်း မဟုတ်ပါဘူး။

ဘယ်သူ့ကိုမှ ဖျော်ဖြေနေတာလည်း မဟုတ်ပါဘူး။ ရလဒ်က ၀-၀ ပဲ ရှိနေပါသေးတယ်။ အဲဒီနောက် ဘောလုံး out သွားအောင် သူ ကန်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ကစားဟန်ပါ။ သူ အိုင်ယက်မှာ ဒါမျိုး အကြိမ်များစွာ လုပ်ခဲ့တာကို ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ အဖြစ်အပျက်မျိုးကို လိုအပ်ပါတယ်။”

ဟားဂရေ့စ်ကလည်း “အကယ်၍ သူဒါမျိုး လုပ်မယ်ဆိုရင် final pass က ကောင်းမှ ဖြစ်မှာပါ။ ဒီလိုမျိုး ဘောလုံးပေးလို့တော့ မဖြစ်ပါဘူး။ ဒါပေမယ့် ပွဲက ၀-၀ ဖြစ်နေချိန်မှာ ဒါမျိုး မလုပ်သင့်ပါဘူး။ ၃-၀ ၄-၀ ဖြစ်နေချိန်မှာတောင် ဒါမျိုး လုပ်လို့ မရပါဘူး။ အခြားအသင်းကို လေးစားမှု ရှိရမှာပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကစားသမားတွေဟာ သူတို့ရဲ့ အရည်အသွေးကို ပြချင်ကြပါတယ်။ ဒါပေမယ့် လွဲချော်မှု မဖြစ်ဖို့တော့ လိုအပ်ပါတယ်။ သူ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဘောလုံးကို out သွားအောင် လုပ်လိုက်တာ အကူအညီ မဖြစ်စေပါဘူး။” လို့ ဆိုလိုက်ပါတယ်။

 

ယူနိုက်တက်ဟာ အဆိုပါပွဲကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ဒါလုတ်က အဖွင့်ဂိုး သွင်းယူကာ ဒုတိယပိုင်းမှာ လူစား၀င် ရပ်ဖို့ဒ် နဲ့ ခရစ်စတီယာနိုရော်နယ်ဒို တို့က ဂိုးတွေ ထပ်သွင်းယူကာ ၃-၀ နဲ့ နိုင်ခဲ့ပါတယ်။

SM