မန်ချက်စတာ ယူနိုက်တက် အသင်းကို ပိုကောင်းစေခဲ့တဲ့ ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ပေါလ် စခိုးလ်

 

ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်ဆီကို ရီးယဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ကာဆီမီရို ရောက်လာခဲ့တဲ့နောက် သူ့ရဲ့ အသင်းဟောင်းဟာ တစ်စထက်တစ်စ တိုးတက်လာခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ကွင်းလယ်ခံစစ်ကစားသမားကောင်း တစ်ဦးကို ပြီးခဲ့တဲ့ နှစ်တွေကတည်းက လိုချင်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းကတော့ ရီးယဲ မက်ဒရစ် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ကာဆီမီရို ကို ပေါင် 60 သန်း နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

ကာဆီမီရိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို စတင် ရောက်ရှိခဲ့စဥ်တုန်းက မက် တော်မီနေး ခြေစွမ်းပြနေခဲ့တာကြောင့် နေရာမရခဲ့ပဲ လူစားဝင် ကစားခွင့်သာ ရရှိိခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ ပွဲထွက်ခွင့် ရံဖန်ရံခါ ရရှိလာခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်တွေမှာတော့ သူဟာ ခြေစွမ်းကောင်းပြနိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး နဲ့ ပွဲစဥ်မှာ တော်မီနေး ကြောင့် ဂိုးပေးခဲ့ရပြီး သူ့ကြောင့် နောက်ဆုံး မိနစ်မှာ ခြေပဂိုး ရရှိခဲ့တဲ့နောက်မှာတော့ ပရိသတ်တွေဟာ ကာဆီမီရို မှ ကာဆီမီရို ဖြစ်သွားခဲ့ကြပါတယ်

အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က အသင််း အတွက် 7 ပွဲဆက် ပါဝင် ကစားခဲ့ပြီး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ကွင်းလယ်လူရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူးရင်း အသင်းကို ပိုကောင်းစေနိုင်သူလို့ ခေါင်းစဥ်တပ်ခဲ့လိုက်ပါတယ် ။

“အချက်အလက်တွေက စကားပြောတယ်ဆိုတာကို ခင််ဗျားတို့ မြင်တွေ့ကြမှာပါ ။ သူ အသင်းဆီ ယူဆောင်လာခဲ့တဲ့ အရည်အသွေးတွေကိုလည်း ခင်ဗျားတို့ မြင်တွေ့ကြမှာပါ ။ ခင်ဗျား ရီးယဲ မက်ဒရစ် အသင်းကို ကြည့်ရှုတိုင်း လူကာ မိုဒရစ် နဲ့ တိုနီ ခရူးစ် တို့ကို မြင်ယောင်နေမှာပါ ”

” ခင်ဗျားတို့ဟာ သူ့တို့ရဲ့ စွမ်းဆောင်ရည်ကိုပဲ အကဲခတ်ဖြစ်ကြမှာပါ ။ ဒီလိုအနေအထားမှာ ကာဆီမီရို ရဲ့ အရည််အသွေးတွေဟာ လျစ်လျူရှုခံခဲ့ရတာချည်းပါပဲ ။ အခုချိန််မှာတော့ ကျွန်တော်တို့ဟာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို မျက်ဝါးထင်ထင် အကဲခတ် လေ့လာခွင့် ရရှိနေကြပါပြီ ”

” သူ ဘောလုံးကိုင် ကစားတာ ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး ။ ဒါပေမဲ့ သူ ကောင်းပြနိုင်ခဲ့ပါတယ် ။ ဒီနေ့မှာတော့ သူဟာ အဲရစ်ဆင် နဲ့လည်း ​ကောင်း​ကောင်း ချိတ်ဆက်ကစားပြနိုင်ခဲ့ပါတယ် ။ ပြီးတော့ သူ့လိုပဲ တိုက်စစ် လမ်းကြောင်းတွေ ပုံဖော်နိုင်ခဲ့ပါတယ် ”

” သူဂိုးတွေအများကြီး သွင်းယူပေးနိုင်မလားတော့ ကျွန်တော််လည်း သေချာပေါက် မပြောနိုင်ပါဘူး ။ သူ အသင်းကို ရောက်လာခဲ့တာ အဲ့တာတွေ လုပ်ဖို့ မဟုတ်ဘူးလေ ။ သေချာတာက ရာသီအစက ကျွန်တော်တို့ မြင်ခဲ့တဲ့ အသင််းထက် အခုအသင်းက ပိုကောင်းလာပြီဆိုတာ ထင်ရှားလှပါတယ် ” လို့ ပေါလ် စခိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar