နောက်တဆင့်တက်တဲ့ ယူနိုက်တက် ၊ မစိုးရိမ်ရတဲ့ ဂန်းနား ၊ ကံထပ်ကောင်းပြန်တဲ့ လီဗာပူး ၊ ကိုယ့်ဇနီး ကိုပြန် အလုပ်ဖြုတ်တဲ့ ဘောလုံးသမားတို့နဲ့ . . . နံနက်ခင်းအားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ နောက်တဆင့် တက်တဲ့ အသင်းတွေ ထပ်မံ ပေါ်ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းမှာ ရှရစ် အသင်းကို ၃-၀ နဲ့ အနိုင် ကစားပြီး ရှုံးထွက် အဆင့် အတွက် လုံလောက် သွားခဲ့ ပါတယ် ။ ဒါပေမယ့် အုပ်စု ပထမ နေရာ ရဖို့ ဆိုရင်တော့ နောက်ဆုံးပွဲမှာ ဆိုဆီဒက် ကို အဝေးကွင်းမှာ အနိုင် ကစားဖို့ လိုအပ် နေဦးမှာပါ ။

ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ဒါးလော့ ၊ ရိုနယ်ဒို နဲ့ ရက်ဖိုဒ့် တို့က သွင်းယူပေးခဲ့ ကြပါတယ် ။

နောက်တဆင့် တက်ထားပြီး ဖြစ်တဲ့ အာဆင်နယ် ကတော့ နယ်သာလန် မြေပေါ်မှာ PSV ကို ၂-၀ နဲ့ အရေးနိမ့် သွားခဲ့ ပါတယ် ။ ဒါကြောင့် အုပ်စု နောက်ဆုံးပွဲမှာ သူတို့ ဇူးရစ် ကို အနိုင် ယူဖို့ ( အဆင့် ၁ နေရာမြဲဖို့ အတွက် ) လိုအပ် လာခဲ့ပါပြီ ။

အခြားအုပ်စုတွေ မှာတော့ ဖီနာဘာချီ နဲ့ ရင်းနစ် ၊ ရီးရဲဘက်တစ် ၊ ယူနီယံ စိန့်ဂီလွိုက်စ် ၊ ဖရိုင်းဘတ် ၊ ဖီရန်ဗားရိုစ့် အသင်းတွေဟာ ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်ခဲ့ကြပြီ ဖြစ်ပါတယ် ။

ဒေါ့မွန် မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင် ကစားပြီး ပုံစံကောင်းတွေ ပြသ နေတဲ့ ဂျုဒ် ဘယ်လင်ဂမ် ကို ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကလည်း ရီးရဲမက်ဒရစ် ၊ လီဗာပူး တို့နဲ့ အပြိုင် ကမ်းလှမ်း သွားဖို့ စိတ်ကူးနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

တူရကီ ကလပ် ဂါလာတာစာရေး မှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မော်ရို အီကာဒီ ဟာ ဇနီး ( ဟောင်း ) ဖြစ်သူ ဝမ်ဒါ နာရာ ကို သူ့ရဲ့ အေးဂျင့် အဖြစ် ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရ ပါတယ် ။

ဝမ်ဒါ ဟာ အီကာဒီ ရဲ့ ကိစ္စ အ၀၀ ကို ကြိုးကိုင်ချယ်လှယ် နေသူ ဖြစ်ပြီး တူရကီ ကလပ်ဆီ ပြောင်းရွှေ့မှုမှာ သူမ ကို အကျိုးဆောင်ခ ပေါင် ၈ သိန်း ၇ သောင်း ပေးချေရမယ်လို့ အီကာဒီ ကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ လက စပြီး လမ်းခွဲ ထားကြတယ်လို့ သိရှိရ ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ နဲ့ PSG တိုက်စစ်မှူး နေမာ တို့ဟာ အသစ် ထွက်ရှိမယ့် Call of Duty : Modern Warfare 2 ဂိမ်းမှာ ပါဝင် ကြော်ငြာခဲ့ကြတယ်လို့ သိရပါတယ် ။

 

အာဆင်နယ် ကစားသမား ဂါဘီရီရယ် ကို အသားအရောင် ခွဲခြားပြောဆိုခဲ့တယ်လို့ ထင်ကြေးပေးခံရတဲ့ လီဗာပူး ကွင်းလယ်လူ ဟန်ဒါဆင် ကို FA က စွဲချက်တင်ဖို့ အစီအစဉ် မရှိဘူးလို့ ထုတ်ပြန်အသိပေးပြီး နောက်တရက် အကြာမှာတော့ လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ ကို ပွဲမပယ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ကို ထပ်မံ ထုတ်ပြန်သွားခဲ့ ပါတယ် ။

ကလော့ ဟာ မန်စီးတီး နဲ့ ပွဲမှာ ဒိုင်လူကြီး ကို ပြင်းထန်စွာ စောဒက တက်မှုကြောင့် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပေမယ့် အဆိုပါ ပြစ်ဒဏ်အတွက် ဒဏ်ငွေ ( ပေါင် ၃ သောင်း ) သာ ပေးဆောင်ရမှာ ဖြစ်ပြီး ပွဲပယ် အပြစ်ဒဏ် မကျခံရဘူးလို့ သိရပါတယ် ။

လေဗာကူဆင် ကို ကိုင်တွယ် နေတဲ့ ရီးရဲ နဲ့ စပိန် ကွင်းလယ်လူဟောင်း ဇာဗီ အလွန်ဆို က လာလီဂါ ကလပ် တသင်းသာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ နောက်တဆင့် တက်နိုင်မှုဟာ လိဂ် အတွက် လုံး၀ မကောင်းတဲ့ ကိစ္စ ဖြစ်ပြီး တခုခု မှားယွင်း နေပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကြယ်ပွင့်လေး အန်ဆု ဖာတီ ရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ မန်ဒက်စ် ကတော့ လူငယ်လေးရဲ့ ကစားချိန်တွေ ပိုမို တိုးတက်လာမှု မရှိဘူး ဆိုပါက ဘာစီလိုနာ ဟာ သူတို့ရဲ့ အဖိုးတန် ကြယ်ပွင့်လေးကို ဆုံးရှုံးရ နိုင်တယ်လို့ သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီအကုန်မှာ စာချုပ်ပြည့်မယ့် ဂိုးသမားကြီး ဒါးဗစ် ဒဟဲယား ကို စာချုပ် သက်တမ်း ထပ်တိုးဖြစ်ပါက လက်ရှိ ပေးချေ နေတဲ့ တပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ကို လျော့ယူဖို့ ညှိနှိုင်း သွားမယ်လို့ သိရပါတယ် ။

စိတ်မနှံ့သူ တယောက်ရဲ့ ရန်ပြုမှုကြောင့် ဓါးထိုး ခံခဲ့ရတဲ့ အာဆင်နယ် ကစားသမား ပါဘလို မာရီ ရဲ့ အခြေအနေ ဟာ အသက် အန္တရာယ် စိုးရိမ်ရမှု မရှိပါဘူးလို့ မွန်ဇာ အသင်း အကြီးအကဲက ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စီးရီးအေ တန်းတက် မွန်ဇာ မှာ အငှားထွက် ကစားနေတဲ့ မာရီ အပါအဝင် လူ ၆ ဦးဟာ လူတယောက်ရဲ့ ဓါးဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၄ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR