စိတ်၀င်စားစရာပွဲကောင်းတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အတွက် ခရစ်ဆန်တန်ရဲ့ ခန့်မှန်းချက်များ

ကြားရက်မှာ ကစားခဲ့တဲ့ ဥရောပပွဲစဉ်တွေ အပြီးမှာတော့ အားလုံး စောင့်မျှော်နေကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ခရစ်ဆက်တန်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် သူ့ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပါတယ်။

၁~လက္စတာ vs မန္စီးတီး
အာလင်းဟာလန်း အနေနဲ့ ဒီပွဲစဉ်ကို ၀င်ကစားဖို့ အတွက် ကြံ့ခိုင်မှု ပြည့်၀ပမလားဆိုတာ ကျွန်တော် မသိပါဘူး။ သူမပါဘူးဆိုရင် မန်စီးတီး အနေနဲ့ ကစားပုံကို အများကြီး ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။ လက်စတာဟာ တစ်ပတ်လုံး နားရက် ရထားရုံသာမကဘဲ ခံစစ်ပိုင်းလည်း အများကြီး ပိုကောင်းလာခဲ့ပါတယ်။ ဒါ့အပြင် မက်ဒီဆင် နဲ့ ဟာဗီဘန်း တို့ကလည်း ပုံစံကောင်း ပြန်ရနေပါတယ်။ ဒီနှစ်သင်းကြား လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကလောက် ကွာဟမှု မရှိတော့လို့ ကျွန်တော် ခံစားမိပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ လက်စတာ အတွက် အရမ်းကို အင်အားကြီးနေဆဲပါပဲ။

ခန့်မှန်းချက် – လက်စတာ ၁-၃ မန်စီးတီး

၂~ဘုန်းမောက် vs တော့တင်ဟမ်
ဒီအချိန်မှာ တော့တင်ဟမ်ကို ဘယ်လို မျှော်လင့်ရမလဲဆိုတာ မသိတာကြောင့် ခန့်မှန်းရ ခက်ခဲတဲ့ပွဲပါပဲ။ ကြားရက်က စပို့တင်းကို သရေကျခဲ့တဲ့ ပွဲမှာလည်း စပါးဟာ ပထမပိုင်း ညံ့ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒီရလဒ်ကြောင့် စပါးဟာ နောက်တဆင့်တက်ဖို့အတွက် မာဆေးနဲ့ပွဲမှာ အနည်းဆုံး သရေတစ်မှတ် လိုအပ်သွားခဲ့ပြီး ကွန်တီ အတွက်လည်း ဖိအားတွေ တိုးလာပါတယ်။ လက်ရှိမှာ စပါးရဲ့ ခြေစွမ်းအပေါ် ကျွန်တော် အားမရပေမယ့်လည်း သူတို့ဟာ ဘရိုက်တန်ကို ဒီလအစမှာ ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပုံစံမျိုး နိုင်သွားမယ်လို့ ထင်မိပါတယ်။

ခန့်မှန်းချက် – ဘုန်းမောက် ၀-၁ တော့တင်ဟမ်

၃~ဘရိုက်တန် vs ချဲလ်ဆီး
ဘရိုက်တန်ကို ကိုင်တာ ငါးပွဲရှိပြီ ဖြစ်ပေမယ့် နည်းပြသစ် ဒီဇာဘီဟာ နိုင်ပွဲတော့ မရသေးပါဘူး။ အခုဆိုရင် ဒီဇာဘီဟာ ဒီကလပ်ကို သူ့ထက်ပိုကောင်းအောင် ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပေါ်တာ ကတော့ ချဲလ်ဆီးကို ကိုင်တွယ်ထားတဲ့ ၉ ပွဲမှာ ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမယ့် ဒီပွဲဟာ ချဲလ်ဆီး အတွက် လွယ်ကူမယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းခဲ့ပါတယ်။ အသင်းတော်တော်များများကို မန်စီးတီးက လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ဘရိုက်တန်ဟာ စီးတီးကို အပြန်အလှန် တုန့်ပြန်နိုင်ခဲ့ပြီး ဒီပွဲမှာလည်း ဒီလိုမျိုး လုပ်နိုင်ပါလိမ့်မယ်။

ခန့်မှန်းချက် – ဘရိုက်တန် ၁-၁ ချဲလ်ဆီး

၄~လီဗာပူး Vs လိဒ်
လိဒ်ရဲ့ ပုံံစံကောင်းပျောက်နေမှုဟာ ဂျယ်စီမက်ခ်ျ တစ်ဦးတည်းအပေါ် မူတည်ခြင်းမရှိပါဘူး။ သူ့အပေါ် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေဟာ အနည်းငယ်ပြင်းထန်တယ်လို့ ထင်ပါတယ်။ သူတို့ အန်ဖီးမှာ ရလဒ်ကောင်းကို လိုအပ်နေပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ခြေစွမ်း အတော် မငြိမ်တဲ့ အသင်းပါ။ စီးတီးနဲ့၀က်ဟမ်း တို့ကို နိုင်ခဲ့ပေမယ့် ဖောရက်စ်ကိုတော့ ရှုံးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့ အိမ်ကွင်း ကစားရမှာ ဖြစ်ပြီး ကြားရက်က အိုင်ယက်နဲ့ပွဲမှာလည်း တကယ်ကောင်းတဲ့ performance ကို ပြသခဲ့ပါတယ်။

လီဗာပူးတို့ ဒီပွဲမှာ သက်တောင့်သက်သာ အနိုင်ယူကာ လနဲ့ချီ ပျောက်ဆုံးနေတဲ့ ထက်မြက်မှုကို ပြန်လည် ရှာတွေ့မယ်လို့ ထင်ပါတယ်။ အကယ်၍ ဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ မက်ခ်ျ အတွက် သတင်းဆိုးပါပဲ။ ဘာလို့လဲဆိုတော့ လိဒ်ရဲ့ ခံစစ် ကစားပုံက လုံး၀ မကောင်းလို့ပါပဲ။

ခန့်မှန်းချက် – လီဗာပူး ၆-၁ လိဒ်

၅~အာဆင်နယ် vs နော့တင်ဟမ်ဖောရက်စ်
ထိပ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းရဲ့ တွေ့ဆုံမှုပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဒီနှစ်သင်းရဲ့ ရလဒ်တွေက ကျွန်တော့်ကို အနည်းငယ် စဉ်းစားသွားစေပါတယ်။ အာဆင်နယ်တို့ အနိုင်ရမယ်လို့ ကျွန်တော် ရွေးချယ်သွားအုံးမှာပါ။ ဂန်းနားတို့ဟာ ဆောက်သမ်တန်နဲ့ ဒုတိယပိုင်းမှာ အနည်းငယ် ပွဲပန်းနေတဲ့ပုံ ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း သူတို့ ကစားခဲ့ရပါတယ်။ ဖောရက်စ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ခံစစ်ကို ပိုမို လုံခြုံအောင် ကစားလာခဲ့ပြီး ၂ ပွဲဆက် clean sheet ရယူခဲ့ပါတယ်။

သူတို့ရဲ့ ခံစစ်ကစားပုံက ငြိမ်လာခဲ့ကာ အာဆင်နယ် အနေနဲ့ ဒါကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို ရှာဖွေနိ်ုင်ဖို့ လိုအပ်ပါတယ်။ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အာဆင်နယ်ဘက်ပဲ ရှိနေရမှာပါ။ ကမ္ဘာ့ဖလား မတိုင်မီ လာမည့် ရက်သတ္တပတ်တွေဟာ အာဆင်နယ်ရဲ့ လူစာရင်း တောင့်တင်းမှု ရှိသလားဆိုတာ စမ်းသပ်ခံရမယ့် အပတ်တွေ ဖြစ်ပါတယ်။

ခန့်မှန်းချက် – အာဆင်နယ် ၂-၀ နော့တင်ဟမ်ဖောရက်စ်

၆~ မန်ယူနိုက်တက် vs ၀က်ဟမ်း
ဗာရန်း ဒဏ်ရာ ရသွားခဲ့တာဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပေမယ့် သူတို့ ဒါကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ၀က်ဟမ်းဟာ မာကျောတဲ့အသင်း ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ဟာ ယူနိုက်တက်ကို ထိန်းချုပ်နိုင်ဖို့တော့ မလွယ်ကူပါဘူး။ ယူနိုက်တက်ဟာ တန်းဟတ်ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့ပေမယ့် ရော်နယ်ဒို ပြသနာကိုတော့ ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။ သူဟာ ကြီးကြယ်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ အသင်းရဲ့ တိုးတက်မှုကို အနှောက်အယှက် ဖြစ်စေပါတယ်။ ဒီပွဲစဉ်မှာလည်း သူပါ၀င်ကစားဖို့ မသေချာပါဘူး။ ဒါပေမယ့် ပုံစံကောင်း ရနေတဲ့ ရပ်ဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်ဟာ နိုင်ပွဲရယူဖို့ လုံလောက်နိုင်ပါတယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၁ ၀က်ဟမ်း

အခြားပွဲစဉ်များ
ဘရန့်ဖို့ဒ် ၂-၁ ဝုဖ်
ပဲလေ့စ် ၂-၁ ဆောက်သမ်တန်
နယူးကာဆယ် ၂-၀ အက်စတွန်ဗီလာ
ဖူဟမ် ၁-၁ အဲဗာတန်

SM